တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, April 17, 2009

ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင် ဆွန်ထိလင်းမ်ထောင်ကုန်အပစ်ခံရခြင်းနှင့်နောက်ကွယ်







တိုင်းရင်းသားအသံ
ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင် ဆွန်ထိလင်းမ်ထောင်ကုန်အပစ်ခံရခြင်းနှင့်နောက်ကွယ်

ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင်ဆွန်ထိလင်းမ်ထောင်ကုန်သည်သောကြာနေ.မနက်ပိုင်းအချိန် ၅ နာရီ ၁၄ မိနစ်လောက်တွင် Asia Satellite TV ရုံမှာ GOOD MORNING THAILAND အစီစဉ်သွားရောက်ကျင်းပရန် Samsen Road လမ်းအရောက်မှာ အမည်မသိလက်နက်ကိုင်အုပ်စုတစ်စုက သေနတ်ကြီးငယ် မျိုးစုံဖြင့် ပစ်ခတ်ခဲ့ပါသည်၊ အသုံးပြုတဲ့လက်နက်မျိုးဟာ AK-47, HK-33 ရိုင်ဖယ်၊ M-16 ရိုင်ဖယ်၊နှင့် M-79 အမြောက်များ ပါဝင်သည် ဟု ပစ်ခတ်တဲ့နေရာကိုသွားရောက်စစ်ဆေးပြီး ထိုင်းရဲတွေကထုတ်ပြောပါသည်၊

ကျဉ်ဆံများ အလုံးတစ်ရာထက်မနည်းပစ်ခတ်ခဲ့ပြီးအမြောက်တစ်လုံးဖြင့်ထပ်ပစ်ခဲ့သည်ဟုပြောပါသည်၊ ဆွန်ထိက နဖူးညာဘက်မှာ ဒဏ်ရာအပြင်းအထန်ရရှိပြီးကားဒရိုက်ဗာက ရင်ဘတ်ညာဘက်နှင့်အစောင့်တစ်ယောက်ကလက်မောင်မှာဒဏ်ရာရရှိသွားပါသည်၊လွှတ်ပစ်တဲ့အမြော
က်တစ်လုံးကမပေါက်ကွဲသဖြင့်ကံကောင်းသွားပါသည်၊အကယ်၍လွှတ်ပစ်တဲ့အမြောက်တစ်လုံးပေါက်ကွဲပါကကားရောလူပါ မီးလောင်ကျွမ်းနိုင်သည်၊အမြောက်ကလိုင်ကားတစ်စီးအပေါ်မှာသွားကျပါသည်၊

ဒဏ်ရာရရှိသူသုံးယောက်ကို ဝချိရာဆေးရုံးသို.လျင်မြန်စွာပို.နိုင်ခဲ့သည်၊အခုလောလောဆယ်၊ အသက်အန္တရာယ်မှလွတ် မြောက်သွားပြီဟု ခွဲစိတ်ဆရာဝန်ကပြောပါသည်၊ ခွဲစိတ်ပြီးနောက်မကြာခင်မှာပင် ဆွန်ထိကိုအမည်မဖေါ်ပြတဲ့ဆေးရုံတစ်ရုံမှာ ပြောင်းရွှေ.သွားရောက်အနာယူခိုင်းသည်၊

လုပ်ကြံတဲ့လက်နက်သမားများသည်ရွှေရောင်မှုန်မှုန်ကားတစ်စီးနဲ.စီးလာပြီးလူသုံးယောက်ထက်မနည်းပါဝင်သည် ဟုလုံခြုံ ရေးကင်မရာမှမှတ်တမ်းဓါတ်ပုံကိုကြည့်ပြီး ခန်.မှန်ကြပါသည်၊ သက်သေအထောက်အထားများစုဆောင်ရန်အတွက်လမ်းဘေ လမ်းကြား၊လမ်းထောင့်တွေမှာတပ်ဆင်ထားတဲ့လုံခြုံရေးကင်မရာကိုစစ်ဆေးသည့်အခါ ပစ်ခတ်ဖြစ်ပွားတဲ့နေရာမှာတပ်ဆင်ထားသောလုံခြုံရေးကင်မရာ (၅)လုံးလောက်ကိုပစ်ခတ်မှုမဖြစ်ပွားခင်ကြာသပသေနေ.ညနေခင်းကတည်ကအလုပ်မလုပ်ကြောင်းသိရှိရပါသည်၊အကယ်၍ အလုပ်လုပ်သော်၊ မှန်ပြောင်းတည့်တည့်တပ်ထားတာမဟုတ်ပြန်သဖြင့်သက်သေအထောက်အထားများရရှိရန်မလွယ်ကူလှ ပေ ဟု စုဆောင်းရေးအဖွဲ.ကပြောပါသည်၊ထို.သို.အခြေအနေများကိုခြုံပြီးသုံးသပ်သော်၊ လက်နက်သမားများသည် လက်မြော က်သော၊ကျွမ်းကျင်စွာလေ့ကျင့်ထားသော ရဲသို.မဟုတ်စစ်သားဟောင်းများဖြစ်နိုင်သည် ဟုသုံးသပ်ပါသည်၊ထို.အပြင်၊လုပ်ကြံမှု၏နောက်ကွယ်မှာ အရောင်ရှိသောအင်းအားစု၊ယူနိဖောင်ဝတ်ထားသူများ(သို.)အဆင့်မြင့်ပုဂ္ဂိလ်များပါဝင်ပတ်သက်နေသည်ဟု ပြောပါသည်၊

လုပ်ကြံပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းကာကွယ်ရေးဦးစီချုပ်အနုဖောင်ဖောစီဒါ အားသတင်းထောက်များမေးမြန်တဲ့အခါ လုပ်ကြံသတ်ဖြတ်မှုဟာအချိန်မရွေးဖြစ်ပွားနိုင်သည် ဟုပြောသွားသဖြင့် အဝါရောင်အုပ်စုသို.မဟုတ်ဆွန်ထိကိုထောက်ခံတဲ့ အင်းအားစုများကမကျေမနပ်ဖြစ်နေသည်၊ထို.အပြင်၊ ဘန်ကောက်မြို.ပေါ်မှာအရေးပေါ်အခြေနေကြေညာထားတဲ့အချိန်၊ထိုင်း စစ်သားများ ပေ ၅၀၀ အကြားထပ်ဆင့်ထပ်ထင့်လုံခြုံရေးချထားတဲ့အချိန်၊လုံခြုံရေးကင်မရာများစနစ်တကျတပ်ထားတဲ့အချိန်၊ပစ်ခတ်နေရာမှာ စစ်သားအခြေစိုက်ရုံများ၊ နှင့်ထိုင်းရဲများ၏ရုံများနှင့် နီးကပ်နေသဖြင့် ဒီလိုဖြစ်ပွားတာဟာ အံ့သြစရာကောင်းသည် ဟု ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင်များကသတင်းစာရှင်းလင်းပွဲမှာပြောသွားပါသည်၊လုပ်ကြံတဲ့လူမိုက်များဖမ်း ဆီးနိုင်ရေးအတွက် ၎င်းတို.ခေါင်းဆောင်များက ထိုင်းဝန်ကြီးချုပ် အဘိဆစ်အားတောင်းဆိုထားပါသည်၊ပီအေဒီထောက်ခံအားပေးသူများက ၎င်းတို.ခေါင်းဆောင်များ၏ကြေညာချက်ကိုစောင့် နေပြီး လိုအပ်သလိုရှုပ်ရှားနိုင်ရန်အတွက်စိတ်အားထက်သန်းစွာအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ပါသည်

လက်ရှိထိုင်းနိုင်ငံရေးရှုပ်ထွေးပွေလီနေတဲ့အချိန်မှာဒီလိုလုပ်ကြံအကြမ်းဖက်မှုဖြစ်ပွားတာဟာထိုင်းနိုင်ငံသားများလုံခြုံရေးအ တွက်မသေချာမရေရာတဲ့အမြင့်ဆုံးအဆင့်သို.ရောက်ရှိနေပြီဟုသုံးသပ်ကြပါသည်၊အနီရောင်အုပ်စုများသည်မကြာခင်က အာဆီယံအစည်းအဝေးပျက်စီးသွားအောင်လှုပ်ရှားနိုင်ခဲ့သည်၊ ဝန်ကြီးချုပ်အဘိဆစ်ကားကိုတိုက်ခိုက်ခဲ့သည်၊ ထိုင်းဘုရင်၏ အတိုင်ပင်ခံအမတ် ပရင်တင်ဆုစူလာနွန်အားလုပ်ကြံရန်ကြိုးစားသူများကိုဖမ်းဆီးခံခဲ့ရသည်၊အဝါရောင်အုပ်စုများ ဆန္ဒပြတဲ့အချိန်မှာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့တဲ့လုပ်ရပ်များကို အခုအချိန်အထိတရားခံရှာမတွေ.ပေ၊ ထိုင်းရဲများက အမှုရှေ.တိုးစုံစမ်းရန်မလုပ်ဆောင်နိုင်ချေ၊ထို.ကြောင့်၊ ထိုင်းဝန်ကြီးချူပ်ဟောင်းတပ်ဆင်ကိုထောက်ခံတဲ့အနီရောင်အုပ်စုများ သည်ဆန္ဒပြလှုပ်ရှားမှုအရေးနိမ်.သွားပြီနောက်၊ ၎င်းးတို.၏ခေါင်းဆောင်များအဖမ်းခံရပြီးနောက် ဒီလိုမြေအောက်လုပ်ကြံသတ်ဖြတ်မှုစတင်ဖြစ်ပွားလာသည် ဟုဝေဖန်စိတ်ဖြားသုံးသပ်သူများကပြောဆိုနေကြပါသည်၊

ထို.ကြောင့်၊ထိုင်းနိုင်ငံ၏နိုင်ငံရေးအခြေအနေသည် မကြေညာသောပြည်တွင်းစစ်ဖြစ်ပွားနေပြီဟု ပြောလို.ရသည်၊အနီရောင်အုပ်စု၏ခေါင်းဆောင်များကို ဥပဒေပုဒ်မတွေနှင့်ဖမ်းဆီးပြီးတရားစီရင်ချက်ချနေတဲ့ချိန်မှာ အဝါရောင်ခေါင်းဆောင်များကိုဥပဒေဘောင်အပြင်ဘက်ကနေလုပ်ကြံနေတဲ့အချိန်ဖြစ်ပါသည်၊ပြည်သူလူထုများကဆင်းရဲမှု ဒဏ်များ၊ကြောက်ရွံ.မှုဒဏ်များနှင့် စီးပွားရေးမတည်မငြိမ်မှုဒဏ်များနှင့်ရင်ဆိုင်နေကြရပါသည်။

မင်းကာန်စီသုံးသပ်သည်၊



No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.