KIO နှစ် ၅၀ပြည့်အခမ်းအနား လိုင်ဇာဌာနချုပ်တွင် ကျင်းပ
Monday, 25 October 2010 21:34 KNG
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ် (၅၀)ပြည့် ရွှေရတု အခမ်းအနားကို ၎င်းထိန်းချုပ်နယ်မြေ လိုင်ဇာ မနောဝင်း၌ အောက်တိုဘာ ၂၅ရက်နေ့၊ ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
KIO ဥက္ကဌ ဇောင်းခရား ၏ ညွန်ကြားချက် အထူးမိန့်ခွန်းကို ပြန်လည် ဖတ်ကြားပြီး KIO စတင်တည်ထောင်ခဲ့သည့် ရက်ထူးရက်မြတ် အထိမ်းအမှတ်ကျင်းပကာ နောင်ဆက်ပြီး လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများအား ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်သူ တစ်ဦးမှ ပြောသည်။

ပထမဆုံး KIO/KIA ခေါင်းဆောင် GOC ဇော်ဆိုင်း
ယင်းအစည်းအဝေးတွင် အရပ်ဖက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကဘာ ဒွဲပီဆာ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး နော်ဘူ တို့တက်ရောက်ပြီး ဒေသခံ ၈၀၀ ခန့်တက်ရောက်ခဲ့သည်။
“KIO ဟာ နိုင်ငံရေး ပါတီတစ်ခုဖြစ်တယ် ဒီနေ့က KIO စတင်တည်ထောင်တဲ့နေတစ်ခုဖြစ်ပါတယ်။ KIO ဘယ်လို စတင်ဖွဲ့စည်းခဲ့သည့်အကြောင်းနှင့် KIO လျှောက်လမ်းခဲ့သည့် လမ်းစဉ်များကို ပြောတာဖြစ်တယ်။” ဟု KIO အရာရှိ တစ်ဦးပြောသည်။
KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် ကချင်ပညာတတ် လူငယ်များက ထူထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုလို အစည်းအဝေးအား KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မြို့နယ်၊ ကျေးရွာအလိုက် နှစ်စဉ်ကျင်းပ လျက်ရှိသည်။
No comments:
Post a Comment