တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Sunday, November 7, 2010

ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ပြီးနိုင်ငံအနှံ.ကြိုတင်မဲကောက်ခံနေသည့်ကြံ့ဖွတ်ပါတီ

တိုင်းရင်းသားအသံ
သတ်မှတ်ချက်များနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံ မှုများ မြန်မာပြည်အနှံ့ ဖြစ်ပေါ်နေ၊ ကြိုတင်ဆန္ဒမဲ ပေးရာတွင် သတ် မှတ်ထားသော နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း၊ စနစ်မကျ ခြင်းတို့ ဖြစ်ပေါ်ပါက ပယ်မဲဖြစ်နိုင်

သတ်မှတ်ချက်များနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံမှုများ မြန်မာပြည်အနှံ့ ဖြစ်ပေါ်နေကြောင်း ဒေသသတင်းများအရ သိရသည်။

ရွေးကောက်ပွဲဥပဒေများအရ နိုဝင်ဘာလ(၇)ရက်နေ့တွင် လာရောက်မဲပေးနိုင်ခြင်းမရှိသူများအား ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသော်လည်း အဆိုပါကြိုတင်ဆန္ဒမဲပေးခွင့်အား အသုံးချပြီး အတင်းအကြပ်ဆန္ဒမဲကောက်ခံမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

''ကြိုတင်မဲ အရေအတွက်က ထက်ဝက်လောက်ဖြစ်နေတော့ လွိုင်ကော်၊ ဒီမော်ဆိုတို့မှာ မနိုင်လောက်ဘူး။ ဖယ်ခုံ ဘက်ကိုပဲ မျော်မှန်းရတော့မှာပေါ့။ ထက်ဝက်လောက်က ကြိုတင်မဲတွေဖြစ်နေတော့ ဒါနဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပါတယ်။ ရွာတွေမှာဆို ထက်ဝက်ကျော်နေတယ်။ ငွေကုန် လူပန်းဖြစ်ရတာပေါ့။ ဒေသခံလူမျိုးတွေက ကျွန်တော်တို့ကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကြိုတင်မဲကြောင့် မြို့ပေါ်မှာအနိုင်ရဖို့ မလွယ်ဘူး။ ဖယ်ခုံနဲ့နယ်ဘက်တွေ ကိုပဲ မျော်မှန်းနေရတယ်ပေါ့''ဟု ကယန်းအမျိုးသားပါတီဒုဥက္ကဋ္ဌဦး ပေါလူချန်းက နိုဝင်ဘာလ(၆) ရက် နေ့တွင်လွိုင်ကော်မြို့၌ ပြောကြားခဲ့ သည်။

''အခုတောင်ဥက္ကလာပမြို့ နယ်မှာ ကြိုတင်မဲကောက်တာ နှစ် ရက်အတွင်းမှာ ၁၅ ရာခိုင်နှုန်း ကျော်သွားပြီ။ ဒါကြောင့် သက် ဆိုင်ရာ ကော်မရှင်ကို ဒီကိစ္စနဲ့ပတ် သက်လို့ပြောကြားဖို့ ဆောင်ရွက် နေပါတယ်''ဟု တောင်ဥက္ကလာပ မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က ပြောကြားခဲ့သည်။

''ကျွန်တော်က နိုဝင်ဘာလ ၅ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာရှိတဲ့ မြို့ပေါ်ရပ်ကွက် အချို့တွေနဲ့ မရမ်းကျေးရွာနဲ့ ဆိပ်ကြီးကျေးရွာကို သွားရောက်လေ့လာခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ အခြေအနေတွေနဲ့ ကျေးရွာရပ်ကွက် ရွာသူရွာသားတွေက ဘယ်သူတွေကို မဲထည့်မလဲဆိုတာရယ် ကြိုတင်မဲကိစ္စတွေကို သွားရောက်လေ့လာခဲ့တာပါ။ လေ့လာချက်အရ ဒေသခံတွေအများစုက စာမတတ်ကြဘူး။ နိုင်ငံရေးလေ့လာမှု လုံးဝမရှိကြဘူး။ မဲဆွယ်အား ကောင်းတဲ့ ပါတီတွေအားလုံးနီးပါးက ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွေပဲ ဖြစ်တယ်လို့သိရှိရတယ်။ အဲဒီပါတီက လူကြီးတစ်ယောက်ဟာဆိုရင် သူမဲအနိုင်ရရှိရေးအတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာ မဲနှိုက်တဲ့စနစ်နဲ့ လုံးချင်းအိမ်ပုံစံတွေကို ဆောက်ပေးနေတာတွေ့ရတယ်။ အိမ်အများစုဆိုရင် ပြီးစီးနေပြီး အခြေချနေထိုင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် တချို့လူကြီးတွေကလည်း ကိုယ့်ပါတီအနိုင်ရရှိရေးအတွက် ရွာသူရွာသားတွေရဲ့ လိုအပ်ချက်တွေကို အခွင့်ကောင်းယူပြီး ဖြည့်ဆည်းပေးပြီးတော့ မဲဆွယ်နေတာတွေ့ရတယ်။ ဒီလိုငွေအင်အား၊ လူအင်အားတွေနဲ့ မဲဆွယ်တဲ့အပြင် အခြားပြိုင်ဘက် ပါတီတွေကို ပုတ်ခတ်ပြီးပြောဆို မဲဆွယ်တဲ့အတွက် အခြားပါတီတွေက တိုင်ကြားနေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် မဲဆွယ်တဲ့အခါမှာ အဓိကအားဖြင့် ရွာသူရွာသားအားလုံးနီးပါးက အခုလာမယ့် ရွေးကောက်ပွဲနေ့မှာ ဘယ်သူတွေက ဘယ်ပါတီကလဲဆိုတာ ဘယ်သူကဘာလဲဆိုတာကို မသိကြဘူး။ သိဖို့လည်း မလေ့လာကြဘူး။ အဓိကအားဖြင့် သူတို့တွေအကုန် လုံးနီးပါးက တစ်နေ့တာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူတွေဖြစ်နေတာကို တွေ့ရှိရတယ်။ ဒီလိုနေရာတွေမှာ ငွေအင်အား၊လူအင်အားတွေနဲ့ မဲဆွယ်စည်းရုံးနိုင်တဲ့ပါတီတွေကတော့ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီတစ်ခုတည်းပဲလို့ လေ့ လာတွေ့ရှိရပါတယ်''ဟုအဆိုပါဒေသ သို့သွားရောက်သတင်းရယူခဲ့သော Eleven Media Group ၏သတင်းထောက် ကိုဝင်းမြင့်ကျော်ကပြောပါသည်။

ကျိုင်းတုံမြို့နယ်တွင် မဲရုံပေါင်း ၄၀ ၀န်းကျင်ရှိပြီး တစ်မြို့နယ်လုံးရှိ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ တစ်သိန်းသုံးသောင်းဝန်းကျင်ရှိသည့်အနက် ၃.၅ ရာခိုင်နှုန်းဝန်းကျင်မှာ ကြိုတင်မဲပေးသူများဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကြိုတင်မဲကောက်ခံမှုမှာ ၁၀ ရာခိုင်နှုန်းထက် မပိုကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အချို့၏ ကောက်ခံမှုပုံစံမကျသောကြောင့် မြို့နယ်ကော်မရှင် ထံသို့ တိုင်ကြားမှုအချို့ရှိကြောင်း သိရှိရသည်။

''လပွတ္တာမြို့နယ်အတွင်းက သပြုကုန်းကျေးရွာမှာဆိုရင် မဲပေးနိုင်တဲ့သူအရေအတွက်က ၅၀၀၀ ကျော်လောက် ရှိပါတယ်။ ကြိုတင် ဆန္ဒမဲလက်မှတ်ထုတ်ယူတာ ၁၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ လက်မှတ် ၄၅၀ ထုတ်တာ ၂၀၀ နဲ့ ၃၀၀ အကြားမှာပဲ မဲပေးကြပါတယ်။ ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်ပြီး မြို့နယ်ကော်မရှင်ကလည်း နည်းဥပဒေအတိုင်းပဲ ကောက်ခံကြဖို့ ညွှန်ကြားထားပါတယ်။ ဥပဒေပြင်ပကနေ ကောက်ခံခဲ့မယ်ဆိုရင်ကောက်ခံ သူရဲ့တာဝန်ပဲဖြစ်မယ်လို့ သတိပေး ထားတယ်လို့သိရပါတယ်''ဟု လပွတ္တာမြို့နယ်အတွင်း ရောက်ရှိနေသော သတင်းထောက်တစ်ဦးက နိုဝင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းရှိ သပြုကုန်းကျေးရွာအုပ်စု၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးသူ အများစုမှာ ၄င်းတို့ မဲပေးရမည့် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သေချာစွာသိရှိကြခြင်း မရှိကြောင်း သိရသည်။

''ဒီမှာ ရွေးကောက်ပွဲကော်မ ရှင်က အရင်ကတည်းက ကြိုတင် မဲနဲ့ ပတ်သက်လို့ သိပ်ပြီး တင်း ကျပ်မထားဘူး။ ဒါကြောင့် စိတ် ပူမိတယ်။ နောက်ပြီး ကိုယ်စား လှယ်လွှတ်ပြီး သွားကြည့်ခိုင်းတဲ့ အခါမှာ ကြိုတင်ဆန္ဒမဲ လက်မှတ် စာအိတ်တွေကို ချိတ်နဲ့ မပိတ် တာတွေ့ရတယ်။ ဒါကြောင့် စိုး ရိမ်မိတယ်။ ဒီကြားထဲမှာ အဖြေ က ပြောင်းသွားနိုင်တာကိုး''ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီမှ ကျိုင်းတုံမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝင်းက ပြောကြားခဲ့သည်။

''မိသားစုတစ်စုမှာ ငါး ယောက်ရှိရင် နှစ်ယောက်သုံး ယောက်က ကြိုတင်မဲပေးရမယ်ဆို ပြီး ခြိမ်းခြောက်မှုတွေရှိပါတယ်။ နောက်ပြီးကြိုတင်မဲနဲ့ပတ်သက်လို့ ကျေးရွာ ရပ်ကွက်ကော်မရှင်တွေ မှာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးတွေ ကဖိအားပေးမှုတွေရှိတယ်'' ဟုအမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ မြစ်ကြီးနားမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမာခါးက နိုဝင်ဘာလ၆ရက်နေ့ တွင် မြစ်ကြီးနားမြို့တွင် ပြော ကြားခဲ့သည်။

''မက္ကာသွားမယ့်သူတွေကို လည်း ကြိုတင်မဲထည့်ပေးပြီးမှ သွားခွင့်ပြုပါတယ်။ အဲဒီလိုကြို တင်မဲထည့်တဲ့နေရာမှာလည်း ပြည်ခိုင်ဖြိုးကိုထည့်ခိုင်းပါတယ်'' ဟု မြစ်ကြီးနားမြို့မှ အစ္စလာမ် ဘာသာဝင်တစ်ဦးကပြောကြားခဲ့ သည်။

အဆိုပါသတင်းများနှင့် ပတ်သက်ပြီး သတင်းစာဆရာကြီး လူထုစိန်ဝင်းက ''ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး တော်တော်လေးကို ဥပဒေလက်လွတ်လုပ်နေတာတွေ ဆရာအနေနဲ့ ကြားနေရတယ်။ တစ်ချို့ဆိုရင် တော်တော်ကိုခိုင်ခိုင်မာမာကို ကြားရတာ တွေရှိတယ်။ ဒါမျိုးတွေမှာ မီဒီယာတွေရဲ့ တာဝန်ကသက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်သိအောင် သက်သေအထောက်အထား အခိုင်အမာနဲ့ တင်ပြပေးရမယ့် တာဝန်ရှိတယ်။ ဒါဟာ ဘယ်သူဘယ်ဝါကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒလည်း မဟုတ်ဘူး။ ဘယ်သူဘယ်ဝါအပေါ်မှာ အကြည်အညိုပျက်ပါစေ ဆိုတဲ့သဘောလည်း မရှိဘူး။ မဖြစ်သင့်မဖြစ် ထိုက်တာတွေ၊ မလုပ်သင့်မလုပ်ထိုက်တာတွေ အောက်ခြေအနှံ့အပြားမှာ ဖြစ်နေကြတယ်။ ဒီလိုဖြစ်နေကြတဲ့ အကြောင်းအရင်း တွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ သိအောင်ပြောမယ့်၊ ဆိုမယ့်၊ တင်ပြမယ့်သူ တစ်ဦးတစ်ယောက်မှ မရှိတဲ့အတွက် ဖြစ်တယ်။ ဒါကြောင့်မို့ ဒီတာဝန်တွေကို မီဒီယာတွေက ယူရမယ်။ ဒါကို တိုင်းပြည်က တာဝန်ရှိသူတွေ သိအောင် အတိအကျ အခိုင်အမာဖော်ထုတ်ရေးသားမှ မီဒီယာရဲ့ တာဝန်ကျေလိမ့်မယ်လို့ ဆရာ့အနေနဲ့ ထင်မြင်ယူဆပါတယ်။ ရွေးကောက်ပွဲဥပဒေမှာ ဆိုထားတာက မလွဲမရှောင်သာလို့ ခရီးသွားရမယ့်သူတွေ၊ တာဝန်ကျနေတဲ့ဝန်ထမ်းတွေ၊ ကျန်း မာရေးအခြေအနေအရ မသွားနိုင် မလာနိုင်တဲ့သူတွေမှအပ အခြားသူတွေကို ကြိုတင်မဲ မကောက်ခံဘူးလို့ ဆိုထားတယ်။ မလွဲမရှောင်သာလို့ ခရီးသွားရမယ့်သူတွေ၊ တာဝန်ကျနေတဲ့ ၀န်ထမ်းတွေ၊ ကျန်းမာရေးအခြေအနေအရ မသွားနိုင်မလာနိုင်တဲ့ သူတွေဟာ သက်ဆိုင်ရာမဲပေးခွင့်ရှိသူရဲ့ (၁၀)ရာခိုင်နှုန်းတောင် မရှိနိုင်ပါဘူး။ အလွန်ဆုံး (၂)ရာခိုင်နှုန်း (၃)ရာခိုင်နှုန်းလောက်ပဲရှိတယ်။ (၁၀) ရာခိုင်နှုန်းဆိုတာတောင်မှ သဘာဝမကျတဲ့ ဖော်ပြမှုလို့ဆရာ့ အနေနဲ့ယူဆတယ်။ဒီလိုသဘာဝမကျတဲ့ဟာတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က စိစစ်သင့်တယ်။ စစ်ဆေးတွေရှိရင် ဒါတွေကိုအရေးယူသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

''ကျွန်တော်တို့ Eleven Media Group က သတင်းထောက် ၄၀ နီးပါးလောက် နယ်မြို့တွေကို ရောက်နေပါ ပြီ။ အခုလောလောဆယ်မှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး သူတို့သိရသလောက်တွေကို သတင်းပြန်ပို့နေပါတယ်။ ဒီနေရာမှာ တစ်နေရာနဲ့ တစ်နေရာမတူ တာတွေအများကြီး တွေ့နေရပါတယ်။ တကယ်တော့ ကြိုတင်မဲဆိုတာ နာမကျန်းဖြစ်နေတဲ့သူတွေ၊ ခရီးသွားမယ့်သူတွေစတဲ့ သတ်မှတ်ဥပဒေပါ အတိုင်းပဲ ကောက်ခံရမှာဖြစ်သလို ကြိုတင်မဲဟာ သက်ဆိုင်ရာမဲရုံအလိုက်၊ ဒါမှမဟုတ်ရင် မဲဆန္ဒနယ်အလိုက်ဆိုရင် ၁၀ ရာခိုင်နှုန်းထက်ကျော် နေမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါတွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်က လိုအပ်သလို စီစစ်ပြီးပယ်ဖျက်တာ၊ အရေးယူတာတွေ လုပ်သင့်ပါတယ်။ ဒေသအချို့မှတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ဥပဒေပါအတိုင်းပဲလုပ်ဖို့ ညွှန်ကြားတာတွေ ကြားနေရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လည်း ကြိုတင်မဲနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း အတိအကျလုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါတွေကို ကြိုဆိုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကြိုတင်မဲနဲ့ ပတ်သက်ရင် အောက်ခြေအချို့နေရာတွေမှာ တစ်ကျောင်း၊ တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို လုပ်နေတာတွေလို့ ထင်ပါတယ်။ တချို့နေ ရာတွေမှာ Voter Education အား နည်းမှုအပေါ် အခွင့်ကောင်းယူ လုပ်ဆောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာအစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထင်ပါတယ်။ ဒေသအချို့က မသမာတဲ့ ကိုယ်စားလှယ်လောင်း အချို့က မိမိတို့အနိုင်ရရေးတစ်ခုအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာက တာဝန်ရှိသူတွေကို ရင်းနှီးမှုနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာလို့  ထင်ပါတယ်။ ဒါတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှန်မမှန် စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူလိမ့်မယ်လို့ ထင်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် အားလုံးပူးပေါင်းဆောင်ရွက်မှဖြစ်မှာပါ။ မီဒီယာတွေမှာလည်း တာဝန်ရှိပါတယ်။ နိုင်ငံတကာက မီဒီယာတွေ လာရောက်နိုင်ခြင်းမရှိတဲ့အတွက် ပြည်တွင်းမီဒီယာတွေ တာဝန်ပိုရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း တစ်ချို့သတင်းအချက်အလက်တွေကို အထောက်အထားအပြည့်အစုံနဲ့ စုဆောင်းမှတ်တမ်းတင်ထားမှာပါ။ ဒီနေ့(၆-၁၁-၂၀၁၀)အထိတော့ ဒေသအသီးသီးက ကြိုတင်မဲနဲ့ ပတ်သက်တာတွေကို စောင့်ကြည့်နေပါ တယ်'' ဟု Weekly Eleven News Journal မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောပါသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် သတ်မှတ်ထားသော နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း၊ စနစ်မကျခြင်းတို့ဖြစ်ပေါ်ပါက ပယ်မဲဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

''ကော်မရှင်က အတည်ပြုထားတဲ့ အမှတ်အသားမပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ကော်မရှင်အဖွဲ့ခွဲရဲ့တံဆိပ်မပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ တာဝန်ခံထုတ်ပေးသူရဲ့ လက်မှတ်မပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထက် ပိုပြီးဆန္ဒပြုထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုထားခြင်းမရှိတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုထားတာက မသေချာမထင်ရှားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်မျိုး ပြီးတော့ ကြိုတင်ဆန္ဒမဲလက်မှတ်အတုလို့ ကော်မရှင် ဒါမှမဟုတ် ကော် မရှင်အဖွဲ့ခွဲနဲ့ မဲရုံးမှူးက ဆုံးဖြတ်တဲ့ ကြိုတင်ဆန္ဒမဲလက်မှတ် ဆန္ဒမဲပေးသူကို သိရှိနိုင်ဖို့ အမှတ်အသားပြုထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ဆုတ်ဖြဲထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ် အဲဒီလိုကြိုတင်ဆန္ဒမဲလက်မှတ်တွေဟာ ပယ်မဲတွေပါပဲ။ ဒါ့အပြင် ကြိုတင်ဆန္ဒမဲကို မသာမာတဲ့နည်း တစ်ခုခုနဲ့ပြုလုပ်ထားတာ ထင်ရှားရင်လည်း ပယ်မဲဖြစ်နိုင်တာပါပဲ။ ဒါကြောင့် ကြိုတင်ဆန္ဒမဲပေးမယ့် သူတွေက မိမိတို့ပေးမယ့် ကြိုတင်ဆန္ဒမဲတွေကို ပယ်မဲမဖြစ်ဖို့ သတိပြုသင့်တယ်''ဟု ကြိုတင်ဆန္ဒမဲနှင့်ပတ် သက်၍ အထက်တန်းရှေ့နေတစ်ဦးက ရှင်းပြခဲ့သည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.