တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Monday, November 29, 2010

သျှမ်းပြည်တလွှား နအဖစစ်အရာရှိကြီးများ စစ်ရဟတ်ယဉ်ဖြင့်လှည့်ပတ်

တိုင်းရင်းသားအသံ

သျှမ်းပြည်တလွှား နအဖစစ်အရာရှိကြီးများ စစ်ရဟတ်ယဉ်ဖြင့်လှည့်ပတ်

Print
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော ဝ နှင့် မိုင်းလားနယ်အနီးတ၀ိုက် နအဖအရာရှိကြီးများ စစ်ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပြီး ဒေသတွင်း စကခ၊ ဒကစ နှင့် ဗျူဟာမှူးများနှင့်လိုက်လံခေါ်တွေ့ကြောင်း စုံစမ်းသိရှိ ရပါသည်။

“ကြည်းရေလေညှိုနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌါန အမှတ် ၂ စစ်ဆင် ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဆွေတို့အတူ လိုက်ပါလာကြတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါသည်။

ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်အဖွဲ့  ၂၄ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းအနောက်တောင်ဘက်ရှိ မိုင်းလိုက် ကျေးရွာအုပ်စု၊ ၂၅ ရက် ကျိုင်းတုံ-မော်ဖှ-တန့်ယန်း၊ ၂၆ ရက် သိန္နီ-ကွန်လုံသို့ သွားရောက်လှည်ပတ်ခဲ့ပြီး လားရှိုးသို့ ရောက်ရှိလာခဲ့သည်ဟု သိရှိရသည်။

“၂၆ ရက်မှာဘဲ လောက်ကိုင် ဒကစမှူး၊ သိန္နီ စကခ ၁၆ မှူးနဲ့ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်စောတို့ကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ အကြောင်းရင်းမသိရပေမဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ထင်တယ်”
ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်နှင့် တွေ့ဆုံသည့် သတင်းထွက်ပေါ်ချိန် ယခုကဲ့သို့ နအဖတပ် တပ်မှူး ကြီးများ လှည့်ပတ်နေကြခြင်းမှာ အပစ်ရပ်များအပေါ် မည်ကဲ့သို့ ဆက်လက်ကိုင်တွယ်ရမည်ကို ဗိုလ်ခင်ညွှန့်ထံမှရ သောအကြံဥာဏ်နှင့် ဆက်စပ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ထင်မြင်ချက်ပေးသည်။

“တန့်ယန်းရောက်တုန်း ဗျူဟာမှူး၊ တပ်ရင်းမှူးတွေ ၁၀ ယောက်လောက်နဲ့ အစည်းအဝေးလုပ်တယ်။ ကွန်လံ-လောင်ကိုင်း ဖက်သွားတုန်းက ၀ တပ်ဖွဲ့အခြေအနေကို မေးမြန်းခဲ့တယ်ထင်တယ်။ ဝ တပ်ဖွဲ့ကိုဘဲ နောက်ထပ်ခေါ်တွေ့ဖို့ရှိမယ်လို့ကြား တယ်” ဟု တန့်ယန်းဒေသခံတစ်ဦးက ပြောပါသည်။

“နအဖက အပစ်ရပ်တွေအပေါ် နံပါတ် ၁ က အနုနည်းနဲ့စည်းရုံးဆွဲဆောင်မယ်။ ၂-လူထုအတွင်း အပစ်ရပ်အမာခံ တွေကို ရှင်းလင်းသိမ်းသွင်းမယ်။ သျှမ်းတပ်နဲ့ဆက်စပ်နှီးနွယ်သူတွေကို ခြိမ်းခြောက်နှိပ်ကွပ်တာမျိုးတို့လုပ်မယ်။ ၃ အပစ်ရပ်အပေါ် အနိုင်ပိုင်းလွယ်မဲ့နည်း အပိုင်စား၊ အမှည့်ချွေတဲ့နည်းတွေနဲ့ အပစ်ရပ်တပ်ဖွဲ့တပ်သားတွေ အငိုက်မိတုံး လက်မလွတ်တမ်း လျှပ်တပြက်ဝင်ပစ်မယ်။ ၄-နယ်မြေကျွမ်းကျင်ရေး၊ စိမ့်ဝင်စည်းရုံးရေး၊ အမာခံမွေးထုတ်ရေးတွေ လုပ်ထားပြီး စစ်ဆင်ရေး ကြီးဆင်နွဲဖို့ ပြင်ဆင်ထားမယ်။ ဒီနည်း ၄ နည်းကိုကျင့်သုံးနေတာ” ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ အရာရှိတစ်ဦးက ပြောပါသည်။

တဖက်၌လည်း နိုဝင်ဘာ ၂၇ ရက် လားရှိုးမှ စားနပ်ရိက္ခာနှင့်ခဲယမ်းမီကျောက်များတင် ၆ ဘီးစစ်ကားအစီး ၅၀ ကျော် လားရှိုး-ကွန်လုံဖက် တက်သွားကြောင်း သိရှိရပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.