တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, November 23, 2011

ကချင်ဒုက္ခသည်များကိုချင်းလူမျိုးများနှင့်မွန်လူငယ်များကူညီမယ်၊သွေးသားချင်းမို.စာနာစိတ်ရှိစမြဲ

တိုင်းရင်းသားအသံ
ကချင်ဒုက္ခသည်များကိုချင်းလူမျိုးများနှင့်မွန်လူငယ်များကူညီမယ်၊သွေးသားချင်းမို.စာနာစိတ်ရှိစမြဲ၊

နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကြောင့် လက်ရှိမြန်မာအစိုးရသစ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် ကချင် စစ်ပြေးဒုက္ခသည် (၃) သောင်းခန့်အတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများက ကောက်ခံသော အလှုငွေ ကျပ်သိန်း ၅၀၀ ခန့် ရှိဖွယ်ရှိသည်ဟု ခန့် မှန်းကြသည်။

နော်ဝေနိုင်ငံရောက် ချင်းများက ကောက်ခံသည့် ငွေများကို ရန်ကုန်တွင်နေထိုင်ကြသော ချင်းခရစ်ယာန်လူ ကြီးများဖြစ်ကြသည့် Rev. Thawng Kam နှင့် Mrs. Dar Nawn Tial က Kachin Baptist Convention (KBC) ထံ ကျပ်ငွေ ၁၁၉၅၆၅၀၀ ကိုလွှဲအပ်ခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့ တွင် Laiforum မှတဆင့် Mr. Van Lian Thang ရေးသားသည့် စာတွင်ဖေါ်ပြထားသည်။

ထို့ အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော ချင်းခရစ်ယာန်အသင်းများက ကောက်ခံ သော အလှုငွေ ကျပ်ငွေ ၅၂၂၀၀၀၊ ဒိန်းမတ်နိုင်ငံရှိ ချင်းများက ၅၅ သိန်းခန့် ၊ ချင်းပြည်နယ်မှ အကြီး ဆုံး ခရစ်ယာန်အသင်းဖြစ်သည့် Zomi Baptist Convention, Chin Association for Christian Communication, Hakha မြို့ ဟောင်း ခရစ်ယာန်အသင်းနှင့် သြစတေးလျားရောက် ချင်းများက ကျပ်ငွေ ၇၄၁၄၀၀၀ တို့ ကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးထံမှ တဆင့် ပေးလှုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက် ပြီး မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ် ရှိ Lairam Immanuel Local Church (LIKBK) သင်းထောက်တဦးက ” ကျတော်တို့က နိုင်ငံရေးတို့ဘာတို့ မဆိုလိုဘူး၊ လူမှုဒုက္ခရောက်နေသူတွေ အခက်အခဲကို ထောက်ထားပြီး ကူညီတာပါ˝ ဟု ပြောသည်။

သြစတေးလျားနိုင်ငံရောက် ချင်းခရစ်ယာန်အသင်း ၁၂ ခုမှမှ သြစတေးလျား ဒေါ်လာ ၁၆၅၀၇ (ကျပ်ငွေ ၁၂၅၄၅၃၂၀) ကို သြစတေးလျားရှိ Kachin Assocaition of Australia (KAA) ထံသို့  ပေးလှုကြပြီး KAA မှကချင်ပြည်နယ် သက်ဆိုင်ရာ တာဝန်ရှိသူများသို့  လွှဲပေးဖွယ်ရှိကြောင်း ဆက်လက်ဖေါ်ပြထားသည်။

အထက်တွင်ဖေါ်ပြထားသည့် ငွေပမာဏသည် ကျပ်ငွေ ၃၇၀ သိန်းခန့် ရှိပြီး အမေရိကန်၊ ကနေဒါ၊ ဆွီဒင်၊ Czech Republic, New Zealand, Malaysia နိုင်ငံရှိ ချင်းများ၏ အလှုငွေကို အသိအကျ မသိ ရသေးသော်လည်း စုစုပေါင်း ကျပ်ငွေ- ၅၀၀ သိန်းခန့်  ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။

ပြည်တွင်းပြည်ပ ရှိချင်းလူမျိုးများသည် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့  တိုက်ပွဲ ကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကြသော ကချင်လူမျိုးများအတွက် အလှုငွေကို လွန်ခဲ့သည့် ၂ လ ခန့် က စတင်ကောက်ခံခြင်းဖြစ်သည်။
http://jinghpawkasa.blogspot.com/

ကချင်စစ်ပြေး ဒုက္ခသည်များကို မွန်လူငယ် အဖွဲ့မှကူညီ


ကချင်စစ်ပြေး ဒုက္ခသည်များကို အကူအညီပေးသွားရန် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော မွန်လူငယ် ဖောင်းဒေးရှင်း MYF (Mon Youth foundation) ၏ online အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ပါသည်။ အကူအညီများမှာ ကချင်ဒုက္ခ သည်များ၏ လိုအပ်ချက်အပေါ် မူတည်ပြီး ကူညီသွားမည်ဟု ဖေါင်ဒေးရှင်းအဖွဲ့ဝင် မွန်လူငယ် တစ်ဦးက ယမာန်နေ့က ပြောကြားခဲ့ပါသည်။

“ကျမတို့ကတော့ ကချင်အဖွဲ့နဲ့ ဆက်သွယ် နေပါတယ်၊ သူတို့ရဲ့ အကြောင်းပြန်ချက်ကို စောင့်နေ ပါတယ်။ သူတို့တတွေ ဘာလို နေလဲပေါ့။ ဥပမာဆိုရင် ဒီအချိန်ဟာ အေးလာ နေပြီလေ၊ အနွေးထည်လိုလား စသဖြင့် ပေါ့နော်။ အဲဒါကို ကူညီဖို့ပါ။ တကယ်တော့ ကချင်လူထုတွေ ခံစားနေရတဲ့ ပြည်တွင်းစစ်ရဲ့ ဒဏ်ကို ကျမတို့လည်း ခံစား ခဲ့ရဘူးတော့ သိတယ်လေ ဘယ်လောက် ခက်ခဲတယ်တာ ဒါကြောင့် ၀ိုင်းပြီး အကူအညီ ပေးဖို့ ဖြစ်ပါတယ်”ဟု ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်သူ မိအိုင်စွန်းက ပြောကြား သွားပါသည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် အပစ်အခတ် ရပ်စဲထားရာမှ အစိုးရက ပြန်လည် တိုက်ခိုက် လာသည့်အတွက် ၂၀၁၁ ခုနှစ် ဇွန်လမှစပြီး နှစ်ဖက်အကြား ပြင်းထန်စွာ တိုက်ပွဲ ဖြစ်လာခဲ့ပါသည်။ ထိုကြောင့် ကချင်ဒေသခံများ သောင်းနှင့်ချီ သောကချင်အရပ်သား ဒုက္ခသည်များ တရုတ်နိုင်ငံ နယ်စပ်နှင့် လိုင်ဇာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ ဋ္ဌာနချုပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်ပါသည်။

ဤဒုက္ခသည် များအတွက် အကူအညီမပေးရန်၊ အစိုးရမှ ပြည်တွင်း NGO အဖွဲ့များကို တားမြစ် ပိတ်ပင်ခဲ့ပါသည်။ ဤသို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတွင် မလေးရှားနိုင်ငံရောက် ကချင်လူမှု အဖွဲ့အစည်း များက ဒုက္ခသည် ရံပုံငွေတရပ် ကောက်ခံကာ အကူအညီ ပေးခဲ့သော်လည်း အကူအညီမှာ လိုအပ်နေဆဲ ဖြစ်ပါသည်။ အလားတူ ကချင် ဒုက္ခများနည်းတူ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသော မွန်ဒုက္ခသည် များကိုလည်း အကူအညီ ပေးသွားမည်ဟု ဆိုပါသည်။

မွန်လူငယ်အဖွဲ့သည် ၂၀၁၀ ဧပြီလ (၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သော မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့၏ စစ်ရေးအခြေအနေ တင်းမာမှု၌ ထိုင်းမြန်မာ နယ်စပ်သို့ မွန်ဒုက္ခသည် (၆၀၀) ကျော် ထွက်ပြေးခဲ့သည့် အချိန်တွင် လိုအပ်နေသည့် အိမ်သုံးပစ္စည်းများ၊ စားစရာများ၊ ကလေးများအတွက် ကျောင်းနေစရိတ်၊ ကျောင်းဝတ်စုံနှင့် အသုံးဆောင် ပစ္စည်းများ အကူအညီပေးခဲ့ပါသည်။ MYF (Mon Youth Foundation) မွန်လူငယ်ဖေါင်းဒေးရှင်း အဖွဲ့သည် နိုင်ငံတကာရောက် မွန်လူငယ်များဖြင့် ၂၀၀၈ ခုနှစ်တွင် စုဖွဲ့ထားသော အဖွဲ့အစည်းဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/823-2011-11-23-05-00-48.html

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.