တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"
Showing posts with label Letter ပေစာ. Show all posts
Showing posts with label Letter ပေစာ. Show all posts

Monday, October 17, 2011

မင်းကိုနိုင်မွေးနေ.ပွဲအတွက်ဆုတောင်းခြင်း

တိုင်းရင်းသားအသံ
မိမိဘဝ၊မိမိအသက်ထက်တိုင်းပြည်အရေးကိုတန်းဘိုးထားသည့်မျိုးဆက်သစ်ခေါင်းဆောင်မင်းကိုနိုင်၏၄၉နှစ်မြောက်ကိုမွေးနေ.ပွဲအတွက်ဂုဏ်ပြုပါသည်၊ထောင်ထဲမှအမြန်ဆုံးလွတ်မြောက်လာစေပြီးတိုင်းပြည်အရေးအတွက်ပြန်လည်သယ်ဆောင်ခွင့်ရရှိပါစေလို.မွေးနေ.အခါသမယအတွက်တိုင်းရင်းသားအသံမှဆုမွန်းကောင်းတောင်းလိုက်ပါသည်။

Saturday, December 18, 2010

မန်းရောဘတ် ဘဇန်မှဆရာတီးမသေသို.

တိုင်းရင်းသားအသံ
မန်းရောဘတ် ဘဇန်မှဆရာတီးမသေသို.


ဆရာ…
စာရေးလိုက်ပါတယ်။ ရေးဘို့ လိုအပ်လာပြီဖြစ်လို့ပါ၊ မြန်မာနဲ့ ကရင် သတင်းမီဒီယာ (Website နဲ့ Blog) တွေကနေ နိုဝင်ဘာလ (၃၀) ရက်နေ့က ဆရာနဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆) ယောက်ကို လူမဆန်စွာ ရက် ရက်စက်စက် ဒါးနဲ့ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ဓါတ်ပုံတွေ ဘတ်ရှုတွေ့မြင် လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်ရသလို ဒေါသလည်းထွက်ရပါတယ်။ ကျနော့ သွေးသားထဲက တူသားတွေ လူမဆန်စွာအသတ်ခံလိုက်ရတယ်လို့ ခံစားရပါတယ်၊ ကျနော့လိုပဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာခံ စားရသလို လူစိတ်ရှိတဲ့ လူပီသတဲ့ ဗမာညီကိုမောင်နှမများနဲ့ လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ်လို့ ယူဆပါတယ်။

ကျနော့အတွေးအခေါ်ထဲမှာ (ဗမာ့တပ်မတော် စစ်စည်းကမ်းဥပဒေထဲမှာ စစ်သုံ့ပန်းတွေ ကို ဘယ်လိုပြုမူဆက်ဆံရမယ်၊ စစ်နဲ့မသက်ဆိုင်တဲ့မှီခိုသူ အမျိုးသမီး၊ ခလေး၊ သက်ကြီး ရွယ်အို) တွေကို ဘယ်လိုဆက်ဆံပြုမူရမယ်ဆိုတာ မပါလို့၊ မသိလို့၊ စစ်တက္ကသိုလ်တွေ မှာ မသင်ရလို့ ဒီလို လူမဆန်တဲ့ လူသတ်မှုမျိုးကိုကျူးလွန်လိုက်တာလား လို့ တွေးခေါ် မိတယ်။

ခုဖြစ်စဉ်က စစ်မြေပြင်မှာ ဖမ်းမိတာ မဟုတ်ဘူး။ စစ်သုံ့ပန်းတွေမဟုတ်ဘူး၊ နအဖ နဲ့ ငြိမ်းချမ်းရေးယူထားတဲ့၊ အပစ်အခတ်ရပ်ထားတဲ့၊ အေးအေးဆေးဆေးနေတဲ့ တပ်ကိုတ မင်သက်သက် လာရောက်အနိုင်ကျင့်၊ ဗိုလ်ကျစော်ကား ဖမ်းဆီးပြီး ဒါးနဲ့ထိုး၊ မီးရှို့အစ ဖျောက်လိုက်တဲ့ လူသတ်မှုသက်သက်ဖြစ်တယ် လူမဆန်တဲ့၊ တပ်မတော်မပီသတဲ့ ဓါးပြ လုပ်ရပ်ဖြစ်တယ်။ ဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုးကို တစိုက်မှတ်မှတ်လုပ်လာတဲ့ ရန်သူရဲ့ လူတန်းစား လက္ခဏာကိုသိထားသင့်တယ်။

ဒီရန်သူဟာ...

(၁) မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။

(၂) ဖက်ဆစ်တွေဖြစ်တယ်။

(၃) နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊

(၁) နအဖ ဟာ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်

နအဖတွေဦးဆောင်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ဟာ ဗမာ (၉၉) ရာခိုင်နှုံးနဲ့ ဖွဲ့စည်း ထားတဲ့ စစ်အုပ်စုဖြစ်တယ်။ ကျန်တဲ့လူမျိုးတွေကို လူတွေလို့သဘောမထားတဲ့၊ သူတို့ သာလျှင် ကြီးမြတ်တယ်။ အုပ်ချုပ်သူတွေဖြစ်တယ်။ မင်းမျိုးတွေဖြစ်တယ်၊ ကျန်လူမျိုး တွေဟာ ကျွန်မျိုး၊ အရိုင်းအစိုင်းတွေလို့ သဘောထားတယ်။

ငါတို့သာလျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေ၊ နိုင်ငံတော်ရဲ့ လေထု၊ ရေပြင်နဲ့ ကုန်းပိုင်း

ကို ငါတို့ပိုင်တယ်။ ငါတို့မှာ ခေတ်မှီလက်နက်တွေတပ်ဆင်ထားတဲ့ တပ်မတော်ကြီး ရှိ တယ်။ ငါတို့ဟာ စတုတ္တဗမာနိုင်ငံတော်ကို တည်ထောင်နေတဲ့သန်းရွှေ မင်းဆက် ဖြစ် တယ်လို့ ခံယူနေသူ။ ဘ၀င်မြင့် စိတ်ကြီးဝင်နေသူ ဖြစ်တယ်။

ဒါကြောင့် ဒီအုပ်စုဟာလက်နက်အားကိုးတဲ့၊ တဗိုလ်တမင်း၊ ငါ့မင်းငါ့ချင်း စစ်အာဏာရှင် မဟာဗမာဖက်ဆစ်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊ ဒီအုပ်စုကို အမိမြေက အပြတ်ဖယ် ရှားဖြစ်ရမဲ့၊ နောက်ဆုံးစစ်ခုံရုံးတင်ပြီး ကြိုးပေးသတ်ပစ်ရမဲ့ အုပ်စုဖြစ်တယ်၊ ဒီလိုအုပ်စု ကိုမှ (ရွှေသမင်) ထင်ပြီး ကိုးကွယ်မိတော့ အပစ်မဲ့ ရဲဘော် ၆ ယောက် လူစိတ်ကင်းမဲ့စွာ အချောင် အသတ်ခံလိုက်ရတာဟာ ဆရာတို့မှာ လုံးဝ တာဝန်ရှိတယ်။

ဒီလုပ်ရပ်ဟာ နအဖ နဲ့ဆရာတို့ ငြိမ်းချမ်းရေးရယူမိခဲ့တဲ့ ငြိမ်းချမ်း ဆုလာဒ်နဲ့ နအဖက ပေးတဲ့ ကောင်းကြီးမင်္ဂလာ တပါးပေါ့ ဒါဟာ ပဋ္ဌမအဆင့်ပဲရှိသေးတယ်။ နောင်ဆက် တိုက်လာမဲ့ နအဖရဲ့ငြိမ်းချမ်းရေးဆုလာဒ် တသီကြီးရှိပါသေးတယ်။ ကျနော်တို့စောင့် ကြည့်နေပါတယ်။

(၂) နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်

နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်ဆိုတာ မတရားစွပ်စွဲတာမဟုတ်ဘူး၊ နှစ်ပေါင်း (၆၀) ကျော်ပြည်တွင်းစစ်က သက်သေပြနေပါတယ်၊ ကရင်ပြည်ထဲ ကျူးကျော်ဝင်ရောက်လာ ပြီးဆိုရင် ဖက်ဆစ်ဂျပန်တွေထက်ဆိုးတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်တယ်၊ ရွာတွေ မီးရှို့တယ်၊ ရွာပေါင်း (၅) ထောင်ကျော်မီးရှို့ခံလိုက်ရပြီးဖြစ်တယ်။ ကရင့်သမီးပျိုးတွေ ကို မုဒိန်း ကျင့်တယ်။ အများစုအုပ်စုလိုက် မုဒိန်းကျင့်ပြီးသတ်ပစ်တယ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့တယ်၊ လမ်းမှာတွေ့တဲ့ဘယ်သူ့ကိုမဆို ပစ်သတ်တယ်။ လူတွေ ကိုပေါ်တာဆွဲတယ်၊ မနိုင်ဝန်တွေထမ်းခိုင်တယ်၊ ကရင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွားအိမ်မွေးတိရိစ္ဆာန်တွေကို ခိုးဝက်စားသောက်ကြတယ်။ လူထုတောင် ယာ၊ ဥယာဉ်၊ ခြံတွေကိုဖျက်ဆီးတယ်၊ မိုက်ကြေးခွဲ ဓါးပြတိုက်တယ်။

ဒါတွေဟာ ဖက်ဆစ်တွေရဲ့ လုပ်နည်းကိုင်နည်းတွေဖြစ်တယ်။

ဖက်ဆစ်ဂျပန်တွေဆီက စစ်ပညာအပြည့်အ၀ သင်ကြားခဲ့တာဖြစ်တယ်။ ဒါကြောင့် နအဖ တွေကို ဖက်ဆစ်တွေလို့ သတ်မှတ်ရတာဖြစ်တယ်။ ဒီ နအဖဖက်ဆစ်တွေဟာ ပြည်သူလူထုအတွက် ကောင်းတာဘာတခုလုပ်ခဲ့လို့လဲ .. ဆရာ၊ ဒါတွေကို ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေသိကြပါတယ်။ သိရက်နဲ့ ဘာကြောင့် ဒီလိုစစ် အုပ်စုဖက်ဆစ်တွေနဲ့ နားလည်မှုယူကြရတာလဲဗျာ…

ဆရာတို့ ခုထိ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော်လှန်တဲ့ သစ္စာတရား ၄ ပါး သို့မ ဟုတ် မူ ၄ ချက်ကို ဆက်လက်ကိုင်စွဲထားတုန်းပဲလား၊

ဒီဖက်ဆစ်တွေဆီက ကျနော်တို့လိုလားတဲ့ ကရင်ပြည်တောင်းလို့ရမယ်လို့ ဆရာတို့ထင် ထားသလား၊ လုံးဝ မရနိုင်ဘူးဆရာ။ ကရင်ပြည်မပြောနဲ့ (တခရိုင်)။ တမြို့နယ်တောင်အုပ်ချုပ်ခွင့်မရနိုင်ဘူး၊ ထိုကော့ကိုး လို နေရာကွက်ကွက်ကလေးမှာ နေခွင့်ပေးမယ်၊ မသေရုံတမယ် ကားပါမစ် လေးချပေးမယ်၊ နောက်ဆုံး ဖက်ဆစ်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာတို့အဖွဲ့ကို လက်နက်ဖြုတ်ဘို့ နယ်ခြားစောင့်တပ် ခေါင်းစဉ် အောက်မှာ လက်နက်တွေ သိမ်းယူလိုက်မှာဖြစ်တယ်၊ မယုံမရှိနဲ့ဆရာ။ ကြာကြာမစောင့် ရပါဘူး။ လပိုင်းလောက်စောင့်ကြည့်ပါ။

ဖက်ဆစ်တွေနဲ့ ဆရာတို့ရေရှည်ပေါင်းလို့ မရနိုင်ဘူးဆရာ၊ သူတို့ခိုင်းတဲ့ နယ်ခြားစောင့် တပ် မလုပ်ဘူးဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ၊ လက်နက်ချမလား၊ အညံ့ခံမလား၊ နအဖ ဆက်ဆစ်တွေကို ဦီးညွတ်အလေးပြုမလား။ တပ်မင်းဗိုလ်မှူးချုပ် လင်းထင် လို အသတ်ခံမလား၊ (KRC) (Karen Revolutionary Council) က ဖါးတီ မူးဆိုးကော် ကစာ စောဟန်တာသာမွှေးလို ပညာရေးအထူးအရာရှိအဆင့်နဲ့ပဲ ဘ၀နိဂုံးချုပ်ခဲ့ရတာ ဆရာမှတ်မိပါလိမ့်မယ်ထင်ပါတယ်၊ သူ မဆုံးမီ ကျနော့် အဖေကို အမှာစကားပါးခဲ့သေး တယ်၊ မန်းဘဇန်ကိုပြောလိုက်ပါတဲ့ ကျနော်မှားသွားပြီးတဲ့၊ ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေ ခုလက်ရှိ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီ ကို ပြော လိုက်ပါ၊ ကျနော်တို့မှာသွားပြီးလို့ ပြောလာမဲ့စကားကို ကျနော်မကြားချင်ဘူးဆရာ ကျနော် အကြားချင်ဆုံးစကားကတော့ အတွင်းစည်းရောက်နေတဲ့ ငါတို့ တပ်တွေက နအဖ ဖက်ဆစ်တွေရဲ့ စခန်းကြီးတခုကိုသိမ်းလိုက်ပြီး ဆိုတဲ့ (Message) ပဲ ဆရာ၊ ဆရာတို့ ရွေးစရာလမ်းကတော့ ဒေါ်စု ဖေဖေ မိန့်ကြားခဲ့သလို လွတ်လပ်ရေးကို တောင်း လို့ ရရင်ရ မရရင်ချ ဆိုတဲ့ စကားကို လက်တွေ့ အကောင်အထည်ဖေါ်ပါ ဆရာ၊ ဒီ နအဖ ဖက်ဆစ်တွေ ကျနော်တို့လိုချင်တဲ့ ကရင်ပြည် ဘယ်တော့မှ မပေးဘူး။ ဒီကောင်တွေက ရင်ပြည်ပေးလာမယ်လို့ ဘယ်တော့မှစိတ်ကူးမယဉ်နဲ့ ဆိုတာ လက်နက်အဖြုပ်မခံရခင် သတိပေးလိုက်တာပါ၊

(၃) နအဖတွေဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်တွေ ဖြစ်တယ်

နအဖတွေကို နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်ရတာက နိုင်ငံတော်အာ ဏာကို သေနတ်တွေရယူထားပြီး နိုင်ငံတော်ရဲ့ သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ် ပြီး စစ်အုပ်စုရဲ့ မျိုးနွယ်စုတွေအတွက်လုပ်ကိုင်နေလို့ သတ်မှတ်ရတာဖြစ်တယ်။

နိုင်ငံတော်မှာ ဒီမိုကရေစီမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တန်းတူမှုမရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး၊ လူမျိုးတွေရဲ့ ရပိုင်ခွင့်မရှိသလို ပြည်သူတွေရဲ့ ရပိုင်ခွင့် အားလုံးဆုံးရှုံးနေပြီး ဖြစ် တယ်။ အထက်ပါအချက် ၃ ချက်နဲ့ အနည်းဆုံးပြည့် နေလို့ နအဖ ကို မဟာဗမာ လူမျိုး ကြီးဝါဒီ၊ ဖက်ဆစ်စစ်အာဏာရှင် နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်လိုက် တာဖြစ်တယ်။

ဆရာ…
နောက်ဆုံး ပြောလိုတာက ကျဆုံးသွားတဲ့ ရဲဘော် ၆ ယောက်အတွက် ကျနော်တို့ ၀မ်းနည်း ယူကြုံးမရ ဖြစ်ရပါတယ်၊ သေနတ်ကိုင်ထားတာ ကရင်ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ယုံမကဘူး၊ တိုင်းပြည်တ၀ှန်းလုံးရှိ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အသက် အိုး အိမ်စည်းစိမ်ကိုကာကွယ်ဘို့ပါ တာဝန်ရှိတယ်။ တပြည်လုံးကို မကာကွယ်သေးမီ မိမိတို့ အဖွဲ့၏ အသက်လုံခြုံမှုကို အရင်ဆုံးလုပ်ဆောင်ပါ၊ ရှိပီးသား လက်နက်တွေကို ကျစ်ကျစ် ဆုတ်ထားပါ၊ ကရင်အချင်းချင်းသွေးမြေကျ မဖြစ်အောင် စောင့်ထိမ်းပါ၊ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကိုမြေ၀ယ်မကျ စွဲကိုင်ပါလို့မှာကြားရင်း နိဂုံးချုပ်ခွင့်ပြုပါ။

မန်းရောဘတ် ဘဇန်
ဒီဇင်ဘာလ (၁၅) ရက်-၂၀၁၀၊
http://thawthikho.blogspot.com/2010/12/blog-post_5270.html သောသီးခိုးဘလော့မှာသွားဖတ်ပြီး
ကိုမိုးသီးဇွန်ဘလော့မှရယူဖော်ပြသည်၊

Tuesday, October 19, 2010

We Needs Guns, Mr. Obama

တိုင်းရင်းသားအသံ
We Need Guns, Mr. Obama

by Ethnic Voice

Mr. President, Ethnic nationalities' Voice is writing to you in demands of guns and other useful weapons in order to protect our people, to defend the invasion of Burmese regime in our territory and to restore the democratic system in Burma.

We have been fighting the Burmese regime for genuine federal union, democracy and self determination rights within the boundaries of law and outlaw for nearly six decades since 1947 along with the British granted independence to Burma. The successive Burman government denied the basic rights of ethnic nationalities and the whole citizen of Burma. For our struggling of the above-mentioned rights, we used to be labeled and accused as the separatist from the union, high treason, insurgency, assassin of Burman leaders and many other crimes and felonies without good reason by the propaganda media of Burman government officials and other independent Burmese media inside Burma and abroad.During our struggle, we lost many of lives of our comrades and innocent people while the world leaders just watched and ignored our sufferings. This is unfair and no justice at all for human beings.

Mr. President, there is tensions between ethnic armed forces and Burman troops in everywhere and tends to clash each other now. This is not caused by the ethnic armed forces. It is caused by the long term plans of Burman government. It is called "Ethnic cleansing policy". We could not able to avoid this clash since it is started by the Burman government policy. What we can do is to defend and fight back for our people.

Mr. President, we have seen that you adopted and stayed on the policy of US Talk to Burma and sent Mr. Kurt Cambell to Burma after you took the office of the United States President. We understand that you tried to engage or approach the Burma regime for change by peaceful way which similar to ASEAN leaders have adopted for decades. Now you know it did not work at all, and completely failed because of the wicked and dishonest nature of Burman leaders.

Mr. President, we have learned that the United States have been supporting billion of dollars to unarmed democratic opposition groups in order strengthen the power of civil society, knowledge and education of Burmese people. The program only produced limited fruits to the people of Burma because of less action than words by so-called democratic opposition groups. Now, give us a chance

Mr. President, you must chose the right group who has real intention to change Burma.If there is no real intention to change, there will be no change you can see. We, ethnic nationalities armed forces have the real intention to change Burma and topple the dictatorship if we have enough support from you. As you may know, the unfair and undemocratic election will be held in November 7 this year. We clearly declared that we will not join the election. At the same time, we also declared that we will not transform our armed force to become the Border Guard Force proposed by the Burmese regime because we have not been fighting for becoming the Border Guard Force. Since we refused all the arrogant proposals of the Burmese regime, we were treated as unlawful groups even though we signed the cease fire agreement with the Burmese regime for over 15 years.

Mr. President, China has been trading arms, weapons and other military equipment with the Burmese regime so many year. At the same time, North Korea has also been helping the Burmese regime to build nuclear reactor and produce atomic bombs. We believe you already have enough information. China is doing arm embargo with the Burmese regime illegally and protect the Burmese regime legally. Why there is no other veto power countries at United Nations Security Council argue those points while China tried to protect Burmese regime? We are doing nothing terrorist act, but we are labeled as terrorists while the Burmese regime are doing the state terrorist act, but they are not labeled as terrorist. We want to urge you to consider these points and argue China at the Assembly.

Mr. President, Burma will not change if we don't change it by crook or by hook. We are confident that Burma will change withing couple years if the United States stay behind us firmly and strongly. Since China can support arms embargo to Burmese regime, why not United States support us?. Therefore, the conflict must end based on how it starts. That's why we need guns, Mr. Obama.

Thank you, Mr. President.

Tuesday, October 12, 2010

Response Letter to the Irrawaddy News from Coalition of Burma Ethnics, Malaysia.

တိုင်းရင်းသားအသံ

Response Letter to the Irrawaddy News from Coalition of Burma Ethnics, Malaysia.

The Irrawaddy website accused of many Malaysia based- Burma ethnic refugees' organizations as corrupted deals between ethnic refugees and UNHCR officials in dealing with Refugees registration and Resettlement to third country. The Irrawaddy also reported that the UNHCR officials discriminate against other ethnicities by quoting Yan Naing Tun, the editor of Thuriya, a bi-monthly journal based in Kuala Lumpur said. Ethnic Nationalities Voice is investigating the news to learn what is the real problem behind the news.

To read the full news in Irrawaddy website, please visit this link. http://www.irrawaddy.org/article.php?art_id=19615.

In response to the above -mentioned accusation story, the Coalition of Burma Ethnics, Malaysia issued an open letter to the Irrawaddy News as following official translation from Burma to English;

Open letter to the Irrawaddy from the Coalition of Burma Ethnics Malaysia


Over the past ten years, community-based organizations representing different ethnic nationalities from Burma have formed to organize, assist, and protect their respective communities. In recognition that community-based operations in Malaysia would benefit from increased cooperation, the Coalition of Burma Ethnics Malaysia (COBEM) was formed in 2007 to respond to the needs of the ethnic refugee and migrant community from Burma living in Malaysia.

COBEM now represents the Chin, Kachin, Arakan, Shan, Karen, Mon and Karenni ethnic communities. Membership of this coalition includes the following community-based organizations: Chin Refugee Committee (CRC), Alliance for Chin Refugees (ACR), Kachin Refugee Committee (KRC), Malaysia Karen Organization (MKO), Organization of Karenni Development (OKD), Mon Refugee Organization (MRO), Shan Refugee Organization (SRO) and Arakan Refugee Relief Committee (ARRC).

As COBEM, we are writing to express our serious concerns over the factual inaccuracies and unfounded accusations in the article, “UNHCR Affiliates Accused of Refugee Corruption”, published by the Irrawaddy on 2 October.

Firstly, COBEM organizations are not ‘brokers’ as described in the Irrawaddy article. We are independent community-based organizations working for the benefit of our respective communities. Unfortunately the context in Malaysia is very challenging, as arrest, prolonged detention in appalling conditions, caning, and exploitation are a daily reality for our communities.

Secondly, UNHCR has not delegated “the authority for issuing resettlement registration documents to Burmese groups based in Malaysia.” Such groups have no control over the resettlement process from Malaysia. In fact, resettlement to third countries from Malaysia is by no means guaranteed for people from Burma.

Thirdly, community-based organizations like the COBEM groups collect biographical data about newly-arrived members from their communities in Burma living all over Malaysia. This information is then passed to the UNHCR, and added to UNHCR waiting lists for their registration and refugee status determination process, which assesses each individual’s claim for refugee status.

Each COBEM organization has a different system for collecting membership fees from their community members. These nominal fees are used to provide a range of services to the ethnic communities. Registered members are issued with a community card. In the event of arrest, members can call on their community organizations to assist with negotiating their release wherever possible. With the registration fees, COBEM organizations also provide a range of services to their communities, such as interpreters and assistance with medical fees in the event of hospitalization; support with finding employment; and education programs for children.

While a UNHCR card offers some protection for registered refugees, unfortunately it doesn’t prevent arrest or detention. COBEM organizations compile lists of community and UNHCR-card holders held in detention camps, and send these to UNHCR. UNHCR works to secure their release from detention facilities.

Refugee life in Malaysia is stressful and frustrating, as there can be a long wait for registration and refugee status determination by UNHCR, and not everyone’s claim is accepted by the agency. As the first point of contact for those who wish to claim refugee status, community-based organizations often bear the brunt of this frustration. The unfounded accusations and inaccuracies contained in the Irrawaddy article undermine the important work that community-based organizations do to assist their community members.

The Irrawaddy has a strong reputation as an accurate, unbiased, independent news agency to protect. We therefore remind the Irrawaddy editorial team to carefully check the facts before publishing articles on the refugee situation in Malaysia. We also kindly request the Irrawaddy to print this letter in response to the article, in the interests of balanced reporting.

Kennedy Lalram Lian
Coordinator

Coalition of Burma Ethnics, Malaysia (COBEM)

Kuala Lumpur


မလေးရှားရောက်မြန်မာတိုင်းရင်းသားများအဖွဲ.အစည်းမှဧရာဝတီသတင်းဌါနသို.ပေးပို.လိုက်သော အိပ်ဖွင်.ပေးစာ


လွန်ခဲ.သောဆယ်နှစ်တာကာလတွင် လူ.ဘောင်အဖွဲ.အစည်းများကို အခြေခံပြီး လူမျိးနွယ်စုများအလိုက် မိမိတို.၏လူမျိုးနွယ်စုများကို စုစည်းရန်၊ ကူညီရန်နှင်. ကာကွယ်စောင်.ရှောက်ရန် တည်ထောင်ခဲ.ကြပါသည်။ ထိုအဖွဲ.အစည်းများတို.၏ အကျိုးအလှို.ငှါ ၂၀၀၇ ခုနှစ်တွင် မလေးရှားရှိ ဒုက္ခသည်များ၏ လိုအပ်ချက်အလျောက် မလေးရှား ရောက်မြန်မာတိုင်းရင်းသားများ အဖွဲ.အစည်း COBEM စတင်တည်ထောင်ခဲ.ပါသည်။ COBEM အဖွဲ.အစည်းသည် ယခုအခါတွင် ကချင်၊ ကယား၊ ကရင် ၊ ချင်း၊ မွန်၊ ရခိုင်နှင်. ရှမ်းအဖွဲ.အစည်းများဖြင်. ဖွဲ.စည်းထားပါသည်။

Kachin Refugee Community (KRC), Organization of Karenni Development (OKD), Malaysia Karen Organization (MKO), Chin Refugee Committee (CRC), Alliance of Chin Refugees (ACR), Mon Refugee Organization (MRO), Arakan Refugee Relief Committee (ARRC) နှင်. Shan Refugee Organization (SRO) ဖြင်.ဖွဲ.စည်းထားပါသည်။

COBEM အဖွဲ.အစည်းသည် အောက်တိုဘာလ ၂ ရက်နေ.တွင် ထုတ်ပြန်ခဲ.သော ဧရာဝတီသတင်း ဌါန၏ UNHCR အနေဖြင်. ဒုက္ခသည်များကြား အကတိလိုက်စားမှုကိစ္စများကို စုံစမ်းလျက်ရ ကြောင်း ထုတ်ပြန် ချက် အပေါ်တွင် မဟုတ်မမှန်ပဲရေးသားဖေါ်ပြခြင်းအတွက် အထူးပင် ကန်.ကွက် ကြောင်း ထပ်မံပြီး ထုတ် ဖေါ်ပြလိုပါသည်။

ပထမဦးစွာ COBEM အဖွဲ.အစည်းသည် ဧရာဝတီသတင်းဌါထုတ်ပြန်သကဲသို. ကြားပွဲစား အသင်းအဖွဲ.မျိုးမဟုတ်ပါ။ ကျွှနှ်ုပ်တို.အဖွဲ.အ စည်းအသီးသီး၏ အကျိုးအလှို.ငှါ လှုပ်ရှားသော သီးခြားလွတ်လပ် သော အဖွဲ.အစည်းဖြစ်ပါသည်။ သို.သော်လည်း မလေးရှားနိုင်ငံတွင် တွေ.ကြုံရင် ဆိုင်နေရသော အဖမ်းအဆီး ကိစ္စ၊ အချိန်ကာလတာကြည်စွာ ဖမ်းဆီးချုပ်နှောင်ထားမှု၊ ကြိမ်ဒဏ်ပေးခံရခြင်း နှင်. ခေါင်းပုံဖြတ်ခံရခြင်းကိစ္စ များကို နေ.စဉ်နှင်.အမျှ ရင်ဆိုင်တွေ.ကြုံနေရပါသည်။

ဒုတိယအနေဖြင်. UNHCR သည် မလေးရှားရှိ ဒုက္ခသည်အဖွဲ.အစည်းများအပေါ်တွင် တရားဝင် အခြေချနေထိုင်ခွင်. အထောက်အထားများကို ထုတ်ပေးခြင်းမရှိပါ။ ထို.ကြောင်. အဖွဲ.အစည်းများအနေဖြင်. မလေးရှားနိုင်ငံရှိ ဒုက္ခသည်များ၏ အခြေချနေထိုင်ခြင်း အပေါ်မည်သို.မျှ ပြုလုပ်ပေးပိုင်ခွင်.မရှိပါ။ အကယ်စင် စစ် မြန်မာပြည်သူများအတွက် မလေးရှားနိုင်ငံမှ တတိယနိုင်ငံသို.ပြောင်းရွှေ. အခြေချနေထိုင် ခွင်.အပေါ် လုံးဝအာမခံပေး၍မရပါ။

တတိယအနေဖြင်. လူမျိုးနွယ်စုအလိုက်အဖွဲ.အစည်းများဖြစ်သော COBEM သည် မိမိအဖွဲ.အစည်း အသီးသီးသို. အသစ်ထပ်မံ ရောက်ရှိလာကြသော အဖွဲ.၀င်သစ်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းပေးရပါ သည်။ ထိုမှတဆင်. UNHCR ရုံးသို. အချက်အလက်များနှင်.တကွ တင်ပြပြီး တစ်ဦးချင်းအလိုက် ဒုက္ခသည် အဖြစ်လျှောက်ထားမှုအပေါ် စဉ်းစားဆုံး ဖြတ်ပေးနိုင်ရန် လူတွေ.စစ်ဆေးမေးမြန်းခြင်းစာရင်းတွင် စာရင်း ထည်.ထားရပါသည်။

COBEM အဖွဲ.အစည်းသည် အဖွဲ.အစည်းအလိုက် အသင်းဝင်ကြေးအဖြစ် ကောက်ခံခြင်း မတူညီကြပါ။ အခြေခံအားဖြင်. ထိုသို.ကောက်ခံခြင်းသည် သက်ဆိုင်ရာ အဖွဲ.အစည်း၏ ၀န်ဆောင်မှုလုပ်ငန်းအတွက် ကောက်ခံခြင်းသာဖြစ်သည်။ အသင်းဝင်အဖြစ် လျှောက်ထား သူသည် အသင်းဝင်ကဒ်ပြား ထုတ်ပေးပါသည်။ အကယ်၍ အာဏာပိုင်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရပါက သက်ဆိုင်ရာအဖွဲ.အစည်းအား အကြောင်းကြား ပြီး လွတ်မြောက်လာစေရန်အတွက် အာဏာပိုင်များနှင်. ညှိနိုင်းဆွေးနွေးခြင်းကို ပြုလုပ်ပေးရပါသည်။ ထိုအသင်းဝင်ကြေးအဖြစ် ကောက်ခံရရှိသောငွေအားဖြင်. အဖွဲ.အစည်းသည် အသင်းဝင်များ၏အကျိုးအလှို.ငှါ စကားပြန်များနှင်. အခြားဝန်ဆောင်မှုများဖြစ်သော ဆေးရုံဆေး ခန်း၌ ပို.ဆောင်ခြင်း၊ အလုပ်အကိုင် လိုအပ်နေ သူများအတွက် အလုပ်အကိုင်ရှာဖွေပေးခြင်း၊ ကလေးသူငယ်များ အတွက် ပညာရေးဆိုင်ရာ ကိစ္စများတို.၌ အသုံးပြုပါသည်။ အကယ်၍ UNHCR ကဒ်ပြားရရှိထား သောသူအနေဖြင်. လှုံခြုံရေးအရ အနည်းငယ်မျှ စိတ်ချမှုရသော်လည်း အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုကား မရပ်တန်.နိုင်ပါ။ COBEM အဖွဲ.အစည်းသည် UNHCR ကဒ်ပြားကိုင် ဆောင်များ အကယ်၍ ဖမ်းဆီးထိန်းသိမ်းခံရပါက အမည်စာရင်းများကို UNHCR ရုံးသို. တင်ပြကာ UNHCR အနေဖြင်. ထိုဖမ်းဆီးထိန်းသိမ်းခံရသူများလွတ်မြောက်လာ စေရန်အတွက် ထပ်မံလုပ်ဆောင်ပေးပါသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ်လျှောက်ထားသူတိုင်းအား UNHCR သည် ဒုက္ခသည်အဖြစ် အသိမှတ်မပြုခြင်း၊ မှတ်ပုံတင်ခြင်းနှင်. ဒုက္ခသည်အဖြစ် စဉ်းစားဆုံးဖြတ်ပေးမှု စသည်တို.တွင် အချိန်ကာလကြာရှည်စွာ စောင်.ဆိုင်းရခြင်း ပြုရသောကြောင်. မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ဒုက္ခသည်ဘ၀သည် အလွန်ပင် စိတ်ညစ်စရာ ကောင်းသည်.အပြင် စိတ်ပျက်မှုပေါင်းစုံနှင်.လည်း ရင်ဆိုင်တွေ.ကြုံနေရပါသည်။ ဒုက္ခသည်အဖြစ်လျှောက်ထားသူများအား ဆက်သွယ်၍ ၀န်ဆောင်ပေးမှု ကိစ္စတွင် အဖွဲ. အစည်းအသီးသီး၏ မဖြစ်မနေများစွာ ရင်ဆိုင်ရသော စိတ်ပျက်မှုကိစ္စပင်ဖြစ်ပါသည်။ ဧရာဝတီ သတင်းငှါနတွင် ထုတ်ပြန်ချက်တွင် အဖွဲ.အစည်းများနှင်.ပတ်သက်၍ အသင်းဝင်များအား ၀န်ဆောင်မှု ပေးရာတွင် တိကျမှန်ကန်မှုမရှိ၊ မဟုတ်မမှန်ဘဲ စွပ်စွဲပြီး ရေးသား ထားကြောင်းသိရပါသည်။

ဧရာဝတီသတင်းငှါနသည် တိကျမှန်ကန်မှု၊ ဘက်မလိုက်ဘဲ၊ သီးခြားလွတ်လပ်သော သတင်းငှါနဖြစ် ကြောင်း သိရှိပါသည်။ ထို.ကြေင်. ဧရာဝတီ သတင်းငှါန အယ်ဒီတာအဖွဲ.အား မလေးရှားဒုက္ခသည် များအကြောင်းကို မထုတ်ပြန်ပြီ သေချာစွာ စစ်ဆေးသင်.ပါသည်။ ဧရာဝတီသတင်း ငှါနအနေဖြင်. ဤစာအား ထပ်မံပြီး ထိုသတင်းဆောင်းပါးအား ထောက်ပြသောစာအဖြစ် အသုံးပြုသင်.ပါသည်။

ကနေဒီလာရ်မ်းလျန်း

အမှုဆောင်

Coalition of Burma Ethnics, Malaysia (COBEM)

Kuala Lumpur


Sunday, October 25, 2009

သို့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB

တိုင်းရင်းသားအသံ

သို့

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB


အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသောအဖွဲ့ကဲ့သို့ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)သည်လည်း ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပါသည်။ ယင်းအဖွဲ့ဝင်များကို MP ကွန်ကရက်မှ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စာလှယ်များ ဖြစ်ကြသည်။

ပြည်သူ့ကိုယ်စားလှယ်များဆိုရာမှာ ၁၉၉၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမဲဆန္ဒနယ်မြေမှ ပြည်သူ လူထုတို့က ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ယင်းကိုယ်စားလှယ်များ အနက်တချို့သော ပြည်သူ့ကိုယ်စားလှယ်များတို့က စစ်အစိုးရအန္တရာယ်များကိုရှောင်တိမ်းရင်း ထိုင်းမြန်မာနယ် စပ်တွင် ရောက်ရှိကြပြီး စစ်အစိုးရကိုဖြုတ်ချ၍ လွတ်လပ်ပြီး တရားမျှတသော လူ့အခွင့်အရေးရှိသော ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ကြမည်ဟု ဆိုကြပါသည်။

ပြည်သူ့ကိုယ်စားလှယ်များတို့သည် နယ်စပ်သို့ ရောက်ရှိလာသည်မှာတဦးနှင့်တဦး အချိန်အခါ အခြေ အနေချင်း မတူသော်လည်း စစ်အစိုးရကိုတိုက်ပွဲဝင်ရန် အားလုံးဆန္ဒတူညီမှုရှိကြသည်။ မိသားစုတို့၏ စားဝတ်နေ ရေး ပညာရေးအတွက် ထိုင်းမြန်မာနယ်စပ်မှ အကြာကြီးမနေနိုင်ပဲ ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ သွားရောက်ရသကဲ့ သို့ စစ်အစိုးရနှင့် တိုက်ပွဲဝင်ရန် ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သူလည်းရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တွင် ရုံးစိုက်ထားပြီး တော်လှန်ရေး တိုင်းရင်းသား ခေါင်းဆောင်များ၊့ အခြားနိုင်ငံရေးအဖွဲ့အစည်းများတို့နှင့် အစဉ်အမြဲ ထိတွေ့ဆက်စပ်မှုရှိနေ၍ အချင်းချင်း စည်လုံးညွတ်မှုကို တည်ဆောက် နိုင်ကြသည်။

MPUသည် အမျိုးသားကောင်စီ NCUB၏ ဒေါင့်တိုင်တတိုင်အဖြစ် ပါဝင်နေသောကြောင့် NCUB ၏ နိုင်ငံ ရေးလုပ်ငန်းစဉ် တိုင်းတွင် ပါဝင်ဆောင်ရွက်ရသည့်အပြင် NCGUB ၏ လုပ်ငန်းစဉ်တိုင်းတွင်လည်း ပါဝင်ခဲ့ပါ သည်။ MP များသည် ညီညွတ်မှုကို အစဉ်အမြဲရှိနေစေလို၍ MPS များ၏ စတုတ္ထအကြိမ်မြောက် ကွန်ကရက်ကို ထိုင်းမြန်မာနယ်စပ်တွင် (ဖေဖော်ဝါရီလ ၁၄ရက်နေ့မှ ၁၉ရက်နေ့အထိ ၂၀၀၈ခုနှစ်) ကျင်းပခဲ့ပါသည်။ ယင်းကွန် ဂယက်တွင် NCGUBနှင့် တိုင်းရင်း သားတိုးချဲ့ရေး၊ Credential Challenge ကိုဆောင်ရွက်ရန် ပြည်သူ့ကိုယ်စား လှယ်၃၃ ဦးအနက်၂၂ ဦးတက်ရောက်သောကြောင့် အစည်းအဝေးထမြောက်ပြီး ဆုံးဖြစ်ချက်များကို အတည်ပြု နိုင်သော်လည်းဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မတက်ရောက်နိုင်သဖြင့် MPများညီညွတ်ရေးကို ထိခိုက်မည်စိုး၍ ဆုံးဖြတ်ချက်များကို ယာယီ ရပ်ဆိုင်းထားခဲ့သည်။

စတုတ္ထအကြိမ်မြောက်ကွန်ကရက်ကို (ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀၀၉ ခုနှစ်တွင်) အိုင်ယာလန်နိုင်ငံ ဒပ်ဗ လင်မြို့တွင် ကျင်းပရပြန်သည် MPU အဖွဲ့က CC ကိစ္စကို အတည်ပြုရန် တင်ပြသောအခါ CC ကိစ္စဆောင် ရွက် လျှင် ဒေါက်တာစိန်ဝင်း၊ ဦးဗိုလ်လှတင့်NCGUB မှ အနားယူမည်ဟုဆိုသောကြောင့် MPS များညီညွတ်ရေးကို ရှေး ရှုပြီး ယင်း ကွန်ကရက်တွင် CC ကိစ္စရပ်ဆိုင်းထားရသည်။

နှစ်၂၀အတွင်း စစ်အစိုးရကို တိုက်ပွဲဝင်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် အောင်မြင်မှုတခုမျှ မယ်မယ် ရရမရှိဟု MPU ၏အစီရင်ခံစာတွင် တင် ပြထားသည်။ သို့ကြောင့် NCGUB မှ စစ်အစိုးရကိုတိုက်ပွဲဝင်ရန် Road Map တစ်ခုရေးဆွဲပါသည်။ ယင်း Road Map Transition Plan သည် အနဖ လက်ခံမည် မဟုတ်၍လည်းကောင်း NLD ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်စဉ်ဖြစ်ပြီး ထူးခြား သောတိုက်ပွဲစဉ်မဟုတ်၍ ကုန်ကျစရိတ်များရှိနေသော ကြောင့် MPU ကလက်မခံလိုခြင်း ဖြစ်သည်။ MPU က ညီညွတ်မှုကိုရှေးရှု၍ ဂျာကာတာအစည်း အဝေးသို့ ဦးတယ်ဒီဘူးရီနှင့် ဦးအောင်ထွန်းစိန်တို့က တက်ရောက်ခဲ့ သည်။

NCGUB မှရေးဆွဲသော RM (Transition Plan) ကို နိုင်ငံခြားမှ ပညာရှင်တယောက်က ရေးဆွဲပေးသည်ဟု အများကဆိုသည်။ ယင်း RM ကိုအတည်ပြုနိုင်ရေး အများထောက်ခံမှုရရန် ထိုင်းမြန်မာနယ်စပ်ရှိ နိုင်ငံရေးအဖွဲ့ အစည်းများထံသို့ လာရောက်တင်ပြသောအခါ နိုင်ငံရေးအဖွဲ့အများစုက လက်မခံကြပေ။ NCGUB က မိမိတို့ ရေး ဆွဲခဲ့သော RM သည် ဒေါ်လာ ၁ သိန်းမျှကုန်ကျသည်ဟု ကြားသိရသည်။ မည်၍မည်မျှတိတိကျကျ ကုန်သည်ကို NCGUB ၏ နှစ်စဉ် ငွေကြေးရှင်းတမ်းကို MPU အဖွဲ့သို့ ပို့ပေးခြင်း မရှိ၍ MPU က မသိရှိပဲ နေသည်။ သို့ဖြင့်၍ RM ကို အများကလက်ခံနိုင်ရန် လိုအပ်သဖြင့် နယ်စပ်မှ နိုင်ငံရေး အဖွဲ့ပေါင်း ၇ ဖွဲ့တိတိ ဂျကာတာသို့ခေါ်ယူ၍ လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

NCGUB က MPU ကို ငွေကြေးဖြတ်တောက်လိုက်သည်မှာ ရန်ပုံငွေကုန်သွားသည်ဖြစ်၍ ငွေကြေးဖြတ် တောက်လိုက်သည်ဟု ဆိုနိုင်သည်။ ယခုအခါတွင် MPU ရုံးနှင့်အဖွဲ့ဝင်များ ရပ်တည်နိုင်ရန် အလွန့်အလွန် ခက် ခဲသွားစေမည်။ MPU အဖွဲ့ဝင်မျာသည် အမတ်များဖြစ်ကြ ပြည်သူ့လွတ်မြောက်ရေးအတွက် မိမိ တို့တတ်အားသ၍ တိုက်ပွဲဝင်လိုနေ ကြသည်၊ သို့မှသာ မိမိတို့အား မဲပေးထားသော ပြည်သူ့အပေါ်တွင် တာဝန် ကျေရာကျမည်။ သို့ဖြစ်၍ NCGUB က နိုင်ငံခြား ဒိုနာများထံမှ ရရှိထားသော ငွေကြေးများသည် ဒီမိုကရေ စီတိုက်ပွဲဝင်လိုသော အမတ်များအတွက် ပံ့ပိုးကူညီသော ငွေကြေးများဖြစ်ကြောင်းကို ကျွန်ုပ်တို့ သည်လိုပဲ နားလည်းထားသည်။ MPU သို့ တစ်နှစ်လျှင် ဒေါ်လာ (တစ်သောင်း)မျှ ခွဲပေးလျှင် ချွေချွေတာတာနှင့် MPU က ခရီးဆက် နိုင်ပါ သည်။

ဒီနှစ် ၂၀၀၉ ဇူလိုင်လမှစ၍ MPU သို့ ကူညီနေကျငွေကြေး မပေးပဲနေသည်။ NCGUB အဖွဲ့ ဝင်အမတ် များကိုသာ တစ်ဦးလျင် လစာ ဒေါ်လာ ၄၅၀ (ဘတ်တစ်သောင်းခွဲကျော်) ပေး ကမ်းထားသည်။ ဇွန်လတွင် ဦးဘိုလှတင့်က MPU ရုံးသို့လာပြီး ရှေ့လကျလျင် လစာဖြတ်ရ မည့်အကြောင်းကို Donor ထံမှ ငွေလျှော့ရလို့ဖြစ် သည်။ နယ်စပ်ရှိ MP အချို့ရပ်တည်နေနိုင်ရန် ဒေါက်တာစိန်ဝင်းနှင့် ဆွေးနွေးရဦးမည်။ ယနေ့အောက်တိုဘာ လဆန်းအထိ NCGUB မှ ထောက်ပံ့ငွေ တစ်ပြားတစ်ချပ်မှ မရရှိပဲနေသည်။ ငွေဖြတ်သည့်ကိစ္စကို ဦးဘိုလှတင့်က ပြောပြီးနောက် ခွန်မားကိုးဘန်းက တစ်ခြားမှ ၀င်ငွေမရှိသော MP တချို့ ရပ်တည်နိုင်ရန် နယ်စပ်ရှိ ၀န်းကြီးများထံမှ ငွေကောက်ခံပြီး ကူညီရမည်ဟုဆိုသည်။

အခြားဖွဲ့စည်းမှ ငွေမရရှိသောပြည်သူကိုယ်စာလှယ်နှစ်ဦးမှာ ကျွနိုပ်နှင့် ဦးအောင်ထွန်းစိန်တို့ ဖြစ်ကြသည်။ MPU ရုံးတွင် နေထိုင်သော ဦးအောင်ထွန်းစိန်အား ဘတ်နှစ်ထောင်နှင့် သီးသန့်နေထိုင်သော ကျွန်ုပ်အားတစ်လလျင် ဘတ် ၄၀၀၀ ပေးရန် ဦးခွန်မြင့်ထွန်းနှင့် ဦးထွန်းဝင်းတို့ သဘောတူပါသည်။ နောက်ကျမှ NCGUB ထံမှ လစာငွေ ဒေါ်လာ ၅၀၀မှ ၄၅၀ လျှော့ရသဖြင့် ကျွန်ုပ်တို့်အားပေးရန် ဦးထွန်းဝင်းနှင့် ဦးခွန်မြင့်ထွန်းတို့ မပေးလို၍ အစီအစဉ် ပျက်ခဲ့ရသည်ဟု ဦးခွန်မာရ်ကိုဘန်းက ဆိုသည် ။ MPU ငွေကြေးဖြတ်တောက်သည့် ကာလကြားတွင် ဦးဝင်းလှိုင်မှ ဘတ် ၁၀၀၀၀၊ ဦးကျော်သွင် (နော်ဝေး) ဘတ် ၂၁၀၀၀၊ ဦးဘိုသောင်းမှ (၁၅၀၀)၊ ကိုးရီးယား NLD မှ ဘတ် ၇၀၀၀၊ ဂျပန် NLD မှ ယန်း ၆၀၀၀၀ မျှနှင့် လည်ပတ်နေရသည်။ စက်တင်ဘာလကုန်တွင် ဦးခွန်မာရ်ကိုဘန်းမှ ဘတ်ငွေ(၂၀၀၀)၊ ဒေါ်စန်းစန်းထံမှ ဘတ် ၃၀၀၀ ကျွန်ုပ် အကူအညီ ရခဲ့ပါသည်။

ဒီမိုကရေစီ အနှစ် ၂၀ ကာလအတွင်း NCGUB နှင့် MPU တို့၏ တိုက်ပွဲစဉ်မှန်သမျှတို့်မှာ အောင်ပွဲမည်မျှရကြ၍ ကွဲကွဲပြားပြား ရှင်းပြပါဆိုလျင် မည်သူတစ်ဦးတစ်ယောက်မျှ ရှင်းပြ နိုင်မည်မဟုတ်ပါ။ သို့သော် စတုတ္ထအကြိမ် မြောက် အိုင်ယာလန် ဒက်ပလင်မြို့၌ ကျင်းပသောကွန်ဂရက်မှ MPU ၏ အစီရင်ခံစာတွင် NCGUB အဖွဲ့ကသော်လည်းကောင်း၊့ MPU အဖွဲ့ကသော်လည်းကောင်း၊ တိုက်ပွဲစဉ်တစ်ခုမျှ အောင်မြင်မှုမရှိဟု ဆိုထားပါသည်။ သို့ဖြစ်လျင် NCGUB အဖွဲ့ဝင်ပုဂ္ဂိုလ်များနှင့် MPU ပုဂ္ဂိုလ်များ တစ်ဦးဦးက စစ်အစိုးရ ပြုတ်ကျနိုင်လောက်သည့် ထူးထူးခြားခြား တိုက်ပွဲဝင်နိုင်သူမရှိကြောင်း အားလုံးအသိပင်ဖြစ်သည်။ သို့သော် စစ်အစိုးရပြုတ်ကျသည်အထိ တိုက်ပွဲဝင်လိုလျှင် (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲမှ ပြည်သူ ကိုယ်စားလှယ်ဖြင့် အခြေခံထား သော MPU အဖွဲ့နှင့် NCGUB အဖွဲ့တို့ရှိရန်လိုအပ်နေသည်ဟု အများက လက်ခံထားပါသည်။ ထို့ကြောင့် NCGUB အဖွဲ့ရှိနေလျှင် MPU အဖွဲ့လည်းရှိနေသင့်သည်။

ယနေ့နိုင်ငံရေး အခင်းအကျင်းဖြစ်သော Statement မျှ ထုတ်ခြင်း၊ စစ်အစိုးရနှင် ထိပ်တိုက်ရင်ဆိုင်မှု CC ICCနှင့်အမျိုးသားညွန့်ပေါင်းအစိုးနှင့်တိုင်းရင်းသာ့းတိုးချဲ့ရေးကိုMPUကကြိုးစားလုပ်ကိုင်နေသည်။(၈.၀၉.၂၀၀၉)ရက်နေ့တွင် အများသဘောတူညီချက်အရ C.C ကို ကုလသမဂ္ဂတို့ တင်ပါသည်။ သို့သော် မြန်မာနိုင်ငံအပေါ်တွင် အမေရိကန် အမှုဝါဒ ပြောင်းလဲအကြောင့် ခက်ခဲများစွာ ရှိနိုင်သည် ၂၀၀၇ -၂၀၀၈ခုနှစ် စစ်အစိုးရအခြေခံဥပဒေ အတည်မပြုမီ သမ္မတဂျော့ဘုတ်လက်ထက်တွင် မတင်ဖြစ်သည်မှာ အချင်းချင်း ငြင်းခုံနေကြသဖြင့် ရာသီဥတုကောင်းကို မမီခြင်း ဖြစ်သည်။ ပြည်ပတွင် ရောက်ရှိနေသော အမတ်အားလုံးသည် သူပုန်အဖြင့် ကြေငြာခံထားရသော ပုဂ္ဂိုလ်များဖြစ်ကြ၍ စစ်အစိုးရ၏ ရန်သူများဖြစ်ကြသောကြောင့် NCGUB အဖွဲ့ဝင်ဖြစ်ဖြစ် MPU အဖွဲ့ဝင်ဖြစ်ဖြစ် အန္တရာယ်အတူတူ ပင်ရှိကြသည်။

ထို့ကြောင့် အမတ်များအတူတူဖြစ်ပါလျက် NCGUB က Donor များထံမှ ငွေများကို မြိန်ရည်ယှက်ရည် စား သောက် နေကြပြီး ကျွန်ုပ်တို့ MPs အဖွဲ့များ ငတ်ငတ်ပြတ်ပြတ် ရှိနေသည်မှာ လူအများက ဟာသလုပ်နေကြပြီး၊ ရန်သူက ၀မ်းမြောက်ဝမ်းသာရှိနေပေမည်။ (NCGUB) သည် မိမိအား မထောက်ခံသူများကို ပထား၍ မိမိအား ထောက်ခံသော သူများကိုသာ ပံ့ပိုး ကူညီလျှင် ဆရာမွေး တပည့်မွေး အုပ်စုအဖွဲ့ နအဖ အုပ်စု နှင့် အတူတူ ဖြစ်သွားနိုင်သည်ကို သတိထား သင့်သည်။ တော်လှန်ရေးအဆက်ဆက်တွင် ငွေကြေးခွဲဝေမူ မျှတမှုမရှိခဲ့သောကြောင့် အချင်းချင်း စိတ်ဝမ်းကွဲ၍ ရန်သူထံ ခိုဝင်သူ ရှိသကဲ့သို့ ပြိုကွဲသွားသော အဖွဲ့များ လည်းရှိသည်။ ရှေးလများတွင် NLD(LA) အဖွဲ့မှ ငွေကြေး မကူညီလျှင် MPU သည် စစ်မြေပြင်တွင် ရိတ်ခါပြတ်သော တပ်ဖွဲ့နှင့် တူနေမည်။ ထို့ကြောင့် NCGUB က လေးလေးနက်နက် စဉ်းစားသင့်ပါသည်။

ကျွန်ုပ်သည် မွန်လူထုထံမှ မဲရယူ ထားသဖြင့် မွန်လူထုအတွက်ကိုယ်စားပြုနိုင်ရန် နယစပ်သို့ လာ၍ တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။ အကြောင်းကြောင်းကြောင့် RFA-BBC မှ အသံစဉ်အားဖြင့် တိုက်ပွဲမဝင်နိုင် သော်လည်း မွန်ဒီမိုးကရေစီအဖွဲ့ LA ဖွဲ့ Statement မျှလောက် ထုတ်ပြီး တိုက်ပွဲဝင်နေသည်။ စစ်အစိုးရပြုတ် ကျရေး၊ ဒီမိုကရေစီအောင်ပွဲရရေး၊ နည်းပရိယာနှင့် နည်းဗျူဟာများကိုခေတ်ပြိုင်ဂျာနယ်နှင့် ခေတ်ပြိုင် ၀က်ဆိုက်ဒ်ပေါ်တွင် ဆောင်းပါးရေးးသားပြီးတိုက်ပွဲဝင်လျက်ရှိသည်။ ကျွန်ုပ်ရေးသားခဲ့သော ဆောင်း ပါးများမှာ

(၁) မွန်လူမျိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊

(၂) ဒီမိုကရေစီဖက်ဒရာယ်ပြည်ထောင်စု ဖွဲ့စည်းခြင်း၊

(၃) စစ်အစိုးရကိုယှဉ်ပြိုင်တိုက်ပွဲဝင်ခြင်း၊

(၄) ဒီမိုကရေစီ တိုက်ပွဲဝင်ခေါင်းဆောင်များတို့အား ဂုဏ်ပြုခြင်း၊

(၅) ဒုတိယပင်လုံ သို့မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)၊

(၆) နိုင်ငံရေးသမားခေါင်းဆောင်များနှင့် ရွှေကျည်ဆံငွေကျည်ဆံ

(၇) ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

(၈) စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှဖယ်ရှားရန် စိန်ခေါ်ခြင်း၊

(၉) ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ကျွန်ုပ်ဖြတ်သန်းမှု၊

(၁၀) ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ မွန်လူထု၏လှုပ်ဆော်သံ၊

(၁၁) ကုလသမဂ္ဂမှ မြန်မာသံအမတ် ဖယ်ရှားရေး CC ရပ်ဆိုင်းသွားပြီလား၊

(၁၂) ဖက်ဒရာယ်ပြည်ထောင်စုနှင့် တိုင်းရင်းသားလူမျိုးများ၊

(၁၃) ကိုယ့်နေရာနှင့်ကို တိုက်ပွဲဝင်ကြပါ၊ ဒီမိုကရေစီအောင်ပွဲရကိုရရမည်၊

(၁၄) စစ်အစိုးရအား ထောက်ခံနေသော တရုတ်တို့ ခြေတစ်လှမ်းနောက်ဆုတ်သွားရန်၊

မှတ်ချက်။ ။ ကျွန်ုပ်ရေးသားသော ဆောင်းပါးများဖက်ရှုလိုပါက ပေးပို့ရန်ရှိသည်။ ( နိုင်သောင်းရှိန်)



Wednesday, October 22, 2008

ပေးစာ

တိုင်းရင်းသားအသံ
Blogger Mon said...

့နအဖဗမာစစ်ဗိုလ်တွေ မြှောက်ပင့်တိုင်းလုပ်ရင်တော့ မိုက်တာဘဲ။ အဲဒီလို မိုက်တဲ့ရခိုင်တွေ ကျနော်တို့ မွန်ပြည်နယ်မှာ အများကြီးရှိတယ်။ ရိုင်းတယ်။ ရေးမြို့နယ်ဟာ နအဖစစ်တပ် တပ်ရင်း (၁၀)ရင်း တပ်မ တစ်မရှိတယ်။ မြို့နယ်နဲ့ စစ်တပ်နဲ့က လုံးဝကို မလိုက်ဘူး။ စစ်တပ်နေရာအားလုံးဟာ နယ်မြေခံ ကျနော်တို့မွန်တွေရဲ့ နှစ်ရှည်သီးနှံခြံ (ရော်ဘာ၊အုန်း၊ကွမ်းသီး၊ဒူးရင်း၊မင်းဂွတ်၊သံပုရာ၊လယ်စသည်) များကို အတင်းအဓမ္မသိမ်းထားတာဖြစ်ပါတယ်။ သူတို့မိုက်လို့ သူတို့ခံရတာပါ။ မိုက်တဲ့ကောင်မှန်သမျှ အဲဒီလမ်းအတိုင်းဘဲ သွားရမှာပါ။ စိတ်ဓာတ်အောက်တန်းကျတဲ့ကောင်မှန်သမျှ သူတို့သွားလာရာလမ်းဟာ သေခြင်းနဲ့ ငရဲဘဲ။

October 22, 2008 2:49 AM





Monday, September 8, 2008

UNA TO UN

တိုင်းရင်းသားအသံ
To: H.E. Mr. Banki-moon
The Secretary-General
United Nations Organization
New York, U.S.A.


From: United Nationalities Alliance (UNA)
Rangoon, Burma ( Myanmar ).


Date: September 8, 2008.


Subject: Submission of suggestions upon H.E. Mr. Ibrahim A. Gambari’s visits as a Special Adviser to the Secretary-General of United Nations Organization to Burma ( Myanmar ).

Your Excellency,
1. We, United Nationalities Alliance (UNA), have the honour to present this letter of suggestions to help you think out of the effectiveness of your good offices mandate and efforts for restoration of democracy and reconstruction of national reconciliation in Burma ( Myanmar ). Our organization (UNA) is a coalition alliance of (12) ethnic political parties which have contested and won (67) seats altogether in 1990 general elections. The political objective of our organization (UNA) is to set up a genuine Federal Union in which democracy, equality, self-determination and human rights are prevailed among all nationalities.

2. State Peace and Development Council (then State Law and Order Restoration Council) has made a general election in 1990 declaring that any party which won majority vote has the right to draw the State Constitution. National League for Democracy (NLD) Party and our ethnic nationalities parties have won 392 and 67 seats respectively. Election was recognized free and fair. United Nations has called upon the junta in its General Assembly resolutions to restore democracy and respect the results of the 1990 elections. But the junta has refused to honour the results of the elections. Since then political deadlock between the junta and democratic forces has begun in Burma ( Myanmar ).

3. Instead of calling for National Convention with elected representatives to draft a State Constitution, the junta called for a sham National Convention with its hand-picks in 1993 and drafted a constitution which leads to a militarized authoritarian dictatorship one-sidedly in 2007. Then, the junta has ratified its draft constitution through a false referendum by force and fraud while people are suffering from lost of lives and properties by the Cyclone Nargis in May, 2008. The junta claimed that the constitution has been approved by 92.4 per cent of the voters.

4. Many ethnic nationalities have been living in Burma ( Myanmar ) since pre-historic times. Among them Burman ( Bamar), Chin, Kachin, Kayah, Kayin, Mon, Rakhaing (Arakanese) and Shan are major races. Political problems in Burma ( Myanmar ) are connected with not only political instability itself of taking State’s Power but racial problems of equality and self-determination among the national races.

5. In order to solve these deeply rooted problems including for political stability and national reconciliation, negotiations among all nationalities, political parties and State authorities are unavoidable necessity. For this purpose, the United Nations General Assembly has made successive resolutions since 1994 “to make tripartite dialogue between the government (State Peace and Development Council), democratic forces led by Daw Aung San Suu Kyi and leaders of ethnic nationalities”. But the junta has never touched with it and totally ignored. We, United Nationalities Alliance (UNA) strongly believe that there will be no peace and tranquility unless the national reconciliation could be built. To build the national reconciliation in Burma ( Myanmar ), the tripartite dialogue is the first and foremost importance of all. So, UN should use some appropriate pressure on the junta to make an engagement for tripartite dialogue.

6. H.E. Mr. Ibrahim A. Gambari has been appointed as the Secretary-General’s Special Adviser on Burma ( Myanmar ) since 2005. He has visited Burma ( Myanmar ) six times altogether. He had met with the Government authorities. He had observed the sessions of the junta’s sham National Convention. He had met and discussed with the junta affiliated organizations as well as opposition party leaders including Daw Aung San Suu Kyi except ethnic political parties and leaders. But his visits have not yielded any tangible outcome yet. We, United Nationalities Alliance (UNA), are aware of believing that the UN’s envoy is applying the different course with the UN’s mandates. We strongly believe that H.E. Mr. Ibrahin A. Gambari is responsible to work and act according to the UN’s mandates assigned upon him instead of talking about to cooperate the SPDC’s proposing elections in 2010.

Your Excellency,
7. Then, what are the UN’s mandates assigned upon H.E. Mr. Ibrahim A. Gambari? As far as we can reach, The UN’s mandates are to build a national reconciliation in Burma ( Myanmar ) according to the ways prescribed by the UN bodies: i.e.
(i) Successive resolutions made by the consecutive General Assemblies.
(ii) Presidential Statement of the Security Council and
(iii) The Secretary-General’s message to the junta.

8. As far as above mentioned paragraph (7) is concerned, we had sent a letter and warned to H.E. Mr. Ibrahim A. Gambari to take concentration on the above mentioned mandates assigned upon him by the UN. The out lime notes of letter sent by us to H.E. Mr.Ibrahim A.Gambari are:
(1) The National Convention, which drew the draft constitution almost about 14 years, had not included the real representatives elected in 1990 general elections.
(2) All of the representatives in the National Convention were the hand-picks of the junta.
(3) Even the ceased-fire groups, most of them are ethnic nationalities but not standing as legal political parties, are not legitimate groups and they can not represent the ethnic nationalities.
(4) This constitution does not guarantee democracy, human rights and national reconciliation.
(5) This constitution has been written against the will of people of the country and international community. And it is leading to a militarized authoritarian dictatorship rule to suppress the people of the country.
(6) And finally, this constitution has been one-sidedly ratified through the referendum by force and fraud.
And we have mentioned some suggestions of:

(a) The recent ratification of the constitution is null and void as it has been conducted against the will of the people of the country and lack of international norms.
(b) To respect the Presidential Statement of the United Nations Security Council issued on (11-10-2007), resolutions laid down by the General Assembly and follow the Secretary-General’s messages.
(c) To release all political prisoners immediately and unconditionally.
(d) To undertake a tripartite dialogue among the junta, democratic forces led by Daw Aung San Suu Kyi, Hkun Htun Oo and representatives of ethnic nationalities as it has been resolved in consecutive General-Assemblies.

9. Honestly speaking we, United Nationalities Alliance (UNA), truly worry to be broken the engagement of United Nations Organization of its efforts upon democratization, national reconciliation and human rights. So we, United Nationalities Alliance (UNA), would like to request you to reconsider the most effective ways and means appropriate for settlement of political situation in Burma ( Myanmar ).

We thank Your Excellency very much indeed and wish for your Excellency’s well being and success.


United Nationalities Alliance (UNA)


Copies to

(1) President, Security Council, United Nations Organization.
(2) H.E. American Ambassador, Permanent Member of UNSC.
(3) H.E. Ambassador of UK , Permanent Member of UNSC.
(4) H.E. French Ambassador, Permanent Member of UNSC.
(5) H.E. Ambassador of Federation of Russia , Permanent Member of UNSC.
(6) H.E. Chinese Ambassador, Permanent Member of UNSC.
(7) H.E. Mr. Ibrahim A. Gambari, Secretary-General’s Special Adviser to Burma ( Myanmar ).

Contact Persons;

(1) Pu Chin Sian Thang (2) Nai Ngwe Thein
Member of Presidium, Spokesman Member of Secretariat, Spokesman
No.34, First Floor, 52nd Street Room No.27, Building No.221
Botataung T/S, Rangoon. Yankin T/S, Rangoon .
Ph: 293585 Ph: 555180 (Ext:280)

Sunday, December 2, 2007

Friday, November 30, 2007


Wednesday, November 14, 2007




အရှင်ကောဝိဒရဲ့ဒေါ်စုကြည်သို.အိတ်ဖွင့်ပေးစာအပေါ်ပြောချင်သည့်စကားတစ်ခွန်းနှစ်ခွန်းလောက်


အရှင်ကောဝိဒရဲ့စာထဲမှာထောက်ပြချင်သည့်အချက်ကတော့ ” ဒါယိကာမကြီးရဲ့ကြေညာချက်ကိုရေဒီ

ယိုတွေကကြားတော့ဒါယိကာမကြီးရဲ့ပျော့ပျောင်းညင်သာမှုတွေအတွက်အတော်ကိုအံ့သြတုန်လှုပ

သွားမိပါတယ်၊ဒါ့အပြင် မကြာသေးခင်ရက်ပိုင်း၊လပိုင်းတွေအတွင်းကပဲအမျိုးသားပြန်လည်သင့်မြတ

ရေးအတွက် သွေးတွေ၊ချွေးတွေ၊ပေးခဲ့ရသည့်ရဟန်းရှင်လူပြည်သူတွေရဲ့အခန်းကဏ္ဍကိုတကြောင်း

တလေမှဖော်ပြထာခြင်းမရှိတဲ့အတွက်လည်းစိတ်မကောင်းဖြစ်သွားရပါတယ်၊”.........................၊


နောက်တချက်ကတော့ ”ဒေါ်အောင်ဆန်းစုကြည်ရဲ့မတရားတဲ့အမိန့်ဟူသမျှတာဝန်အရဖီဆန်ကြဆိုတဲ့

စကားကိုကိုင်စွဲပြီး ဒါယိကာမကြီးဒေါ်စုတယောက်ကျန်းကျန်းမာမာရှိရဲ့လား၊အာပေးစကားတွေပြော

မယ်၊ဒေါ်စုဆီကလည်းပြည်သူတွေကိုပြောစရာရှိနေမှာပဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဦးဇင်တို.ရဟန်း

ရှင်လူပြည်သူတွေဟာ စက်တင်ဘာလ ၂၂ ရက်က အခက်အခဲတွေ အတားအဆီးတွေကျော်ဖြတ်ပြီး

ဒါယိကာမကြီးထံကိုအရောက်လာခဲ့ကြပါတယ်၊ မျှော်လင့်ချက်တွေနဲ့လာရောက်ခဲ့တဲ့ဦးဇင်တို့ကတော့

ဒါယိကာမကြီးထံကအားပေးစကား၊နှုတ်ဆက်စကားတလုံးတပါးမှမထွက်လာတာကြောင့်အပြန်ခရီး

မှာဝမ်းနည်းကြေကွဲမှုတွေနဲ့ပြန်ခဲ့ရပါတယ်၊” ဆိုတဲ့အချက်တွေပါ၊၊


ဒီအချက်တွေကိုဖတ်မိတဲ့အပြီးမှာရင်ထဲမှာတခုန်ခုန်နဲ့မျက်လုံးနီရဲလာပြီးမျက်ရည်ကျခဲ့ရပါတယ်

ဘုရား၊ပြည်သူလူထုတွေရဲ့အကျိုးအတွက်ဦးဇင်တို့သကဲ့သို့ရိုးသားပြီးရဲ့ရင့်သောရဟန်းသံဃာတွေ.

နဲ့ကျောင်းသားပြည်သူအာဇာနည်းများရဲ့ရင်ထဲမှာသောကမီးလောငကျွမ်းနေတာကိုတပည့်တော်

တွေ.မြင်ခဲ့ရပါတယ်ဘုရား၊ရဟန်းရှင်လူပြည်သူလူထုတွေရဲ့သွေးမျာနဲ့ပေးဆပ်နေရတဲ့တိုက်ပွဲဟာ

ရဟန်းရှင်လူပြည်သူလူထုတွေရဲ့အကျိုးစီးပွဲအတွက်သာလုံးဝဖြစ်ရမယ်၊၊ဘယ်သူဘယ်ဝါ၊ဘယ်အဖွဲ.အ

စည်းမှအလွဲသုံးစားလုပ်ခြင်းကိုခံမည်မဟုတ်ပါကြောင်းနဲ့အမှန်တရားအတွက်ဘ၀အဆက်ပေါင်းဘယ်

လောက်များများပေးဆပ်ခံရခံရ၊တပည့်တော်တို.ပေးဆပ်သွားမည်ဟုသစ္စာကတိပြုပါကြောင်းပြော
ပါရစေဘုရား၊၊



သံသရာချုပ်ငြိမ်းရာနေရာဖြစ်တဲ့နိဗ္ဗာန်ပြည်ရောက်မှ.........

အမှန်တရားကိုယ်စားလှယ်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.