တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Sunday, October 25, 2009

သို့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB

တိုင်းရင်းသားအသံ

သို့

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB


အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသောအဖွဲ့ကဲ့သို့ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)သည်လည်း ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပါသည်။ ယင်းအဖွဲ့ဝင်များကို MP ကွန်ကရက်မှ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စာလှယ်များ ဖြစ်ကြသည်။

ပြည်သူ့ကိုယ်စားလှယ်များဆိုရာမှာ ၁၉၉၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမဲဆန္ဒနယ်မြေမှ ပြည်သူ လူထုတို့က ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ယင်းကိုယ်စားလှယ်များ အနက်တချို့သော ပြည်သူ့ကိုယ်စားလှယ်များတို့က စစ်အစိုးရအန္တရာယ်များကိုရှောင်တိမ်းရင်း ထိုင်းမြန်မာနယ် စပ်တွင် ရောက်ရှိကြပြီး စစ်အစိုးရကိုဖြုတ်ချ၍ လွတ်လပ်ပြီး တရားမျှတသော လူ့အခွင့်အရေးရှိသော ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ကြမည်ဟု ဆိုကြပါသည်။

ပြည်သူ့ကိုယ်စားလှယ်များတို့သည် နယ်စပ်သို့ ရောက်ရှိလာသည်မှာတဦးနှင့်တဦး အချိန်အခါ အခြေ အနေချင်း မတူသော်လည်း စစ်အစိုးရကိုတိုက်ပွဲဝင်ရန် အားလုံးဆန္ဒတူညီမှုရှိကြသည်။ မိသားစုတို့၏ စားဝတ်နေ ရေး ပညာရေးအတွက် ထိုင်းမြန်မာနယ်စပ်မှ အကြာကြီးမနေနိုင်ပဲ ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ သွားရောက်ရသကဲ့ သို့ စစ်အစိုးရနှင့် တိုက်ပွဲဝင်ရန် ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သူလည်းရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တွင် ရုံးစိုက်ထားပြီး တော်လှန်ရေး တိုင်းရင်းသား ခေါင်းဆောင်များ၊့ အခြားနိုင်ငံရေးအဖွဲ့အစည်းများတို့နှင့် အစဉ်အမြဲ ထိတွေ့ဆက်စပ်မှုရှိနေ၍ အချင်းချင်း စည်လုံးညွတ်မှုကို တည်ဆောက် နိုင်ကြသည်။

MPUသည် အမျိုးသားကောင်စီ NCUB၏ ဒေါင့်တိုင်တတိုင်အဖြစ် ပါဝင်နေသောကြောင့် NCUB ၏ နိုင်ငံ ရေးလုပ်ငန်းစဉ် တိုင်းတွင် ပါဝင်ဆောင်ရွက်ရသည့်အပြင် NCGUB ၏ လုပ်ငန်းစဉ်တိုင်းတွင်လည်း ပါဝင်ခဲ့ပါ သည်။ MP များသည် ညီညွတ်မှုကို အစဉ်အမြဲရှိနေစေလို၍ MPS များ၏ စတုတ္ထအကြိမ်မြောက် ကွန်ကရက်ကို ထိုင်းမြန်မာနယ်စပ်တွင် (ဖေဖော်ဝါရီလ ၁၄ရက်နေ့မှ ၁၉ရက်နေ့အထိ ၂၀၀၈ခုနှစ်) ကျင်းပခဲ့ပါသည်။ ယင်းကွန် ဂယက်တွင် NCGUBနှင့် တိုင်းရင်း သားတိုးချဲ့ရေး၊ Credential Challenge ကိုဆောင်ရွက်ရန် ပြည်သူ့ကိုယ်စား လှယ်၃၃ ဦးအနက်၂၂ ဦးတက်ရောက်သောကြောင့် အစည်းအဝေးထမြောက်ပြီး ဆုံးဖြစ်ချက်များကို အတည်ပြု နိုင်သော်လည်းဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မတက်ရောက်နိုင်သဖြင့် MPများညီညွတ်ရေးကို ထိခိုက်မည်စိုး၍ ဆုံးဖြတ်ချက်များကို ယာယီ ရပ်ဆိုင်းထားခဲ့သည်။

စတုတ္ထအကြိမ်မြောက်ကွန်ကရက်ကို (ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀၀၉ ခုနှစ်တွင်) အိုင်ယာလန်နိုင်ငံ ဒပ်ဗ လင်မြို့တွင် ကျင်းပရပြန်သည် MPU အဖွဲ့က CC ကိစ္စကို အတည်ပြုရန် တင်ပြသောအခါ CC ကိစ္စဆောင် ရွက် လျှင် ဒေါက်တာစိန်ဝင်း၊ ဦးဗိုလ်လှတင့်NCGUB မှ အနားယူမည်ဟုဆိုသောကြောင့် MPS များညီညွတ်ရေးကို ရှေး ရှုပြီး ယင်း ကွန်ကရက်တွင် CC ကိစ္စရပ်ဆိုင်းထားရသည်။

နှစ်၂၀အတွင်း စစ်အစိုးရကို တိုက်ပွဲဝင်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် အောင်မြင်မှုတခုမျှ မယ်မယ် ရရမရှိဟု MPU ၏အစီရင်ခံစာတွင် တင် ပြထားသည်။ သို့ကြောင့် NCGUB မှ စစ်အစိုးရကိုတိုက်ပွဲဝင်ရန် Road Map တစ်ခုရေးဆွဲပါသည်။ ယင်း Road Map Transition Plan သည် အနဖ လက်ခံမည် မဟုတ်၍လည်းကောင်း NLD ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်စဉ်ဖြစ်ပြီး ထူးခြား သောတိုက်ပွဲစဉ်မဟုတ်၍ ကုန်ကျစရိတ်များရှိနေသော ကြောင့် MPU ကလက်မခံလိုခြင်း ဖြစ်သည်။ MPU က ညီညွတ်မှုကိုရှေးရှု၍ ဂျာကာတာအစည်း အဝေးသို့ ဦးတယ်ဒီဘူးရီနှင့် ဦးအောင်ထွန်းစိန်တို့က တက်ရောက်ခဲ့ သည်။

NCGUB မှရေးဆွဲသော RM (Transition Plan) ကို နိုင်ငံခြားမှ ပညာရှင်တယောက်က ရေးဆွဲပေးသည်ဟု အများကဆိုသည်။ ယင်း RM ကိုအတည်ပြုနိုင်ရေး အများထောက်ခံမှုရရန် ထိုင်းမြန်မာနယ်စပ်ရှိ နိုင်ငံရေးအဖွဲ့ အစည်းများထံသို့ လာရောက်တင်ပြသောအခါ နိုင်ငံရေးအဖွဲ့အများစုက လက်မခံကြပေ။ NCGUB က မိမိတို့ ရေး ဆွဲခဲ့သော RM သည် ဒေါ်လာ ၁ သိန်းမျှကုန်ကျသည်ဟု ကြားသိရသည်။ မည်၍မည်မျှတိတိကျကျ ကုန်သည်ကို NCGUB ၏ နှစ်စဉ် ငွေကြေးရှင်းတမ်းကို MPU အဖွဲ့သို့ ပို့ပေးခြင်း မရှိ၍ MPU က မသိရှိပဲ နေသည်။ သို့ဖြင့်၍ RM ကို အများကလက်ခံနိုင်ရန် လိုအပ်သဖြင့် နယ်စပ်မှ နိုင်ငံရေး အဖွဲ့ပေါင်း ၇ ဖွဲ့တိတိ ဂျကာတာသို့ခေါ်ယူ၍ လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

NCGUB က MPU ကို ငွေကြေးဖြတ်တောက်လိုက်သည်မှာ ရန်ပုံငွေကုန်သွားသည်ဖြစ်၍ ငွေကြေးဖြတ် တောက်လိုက်သည်ဟု ဆိုနိုင်သည်။ ယခုအခါတွင် MPU ရုံးနှင့်အဖွဲ့ဝင်များ ရပ်တည်နိုင်ရန် အလွန့်အလွန် ခက် ခဲသွားစေမည်။ MPU အဖွဲ့ဝင်မျာသည် အမတ်များဖြစ်ကြ ပြည်သူ့လွတ်မြောက်ရေးအတွက် မိမိ တို့တတ်အားသ၍ တိုက်ပွဲဝင်လိုနေ ကြသည်၊ သို့မှသာ မိမိတို့အား မဲပေးထားသော ပြည်သူ့အပေါ်တွင် တာဝန် ကျေရာကျမည်။ သို့ဖြစ်၍ NCGUB က နိုင်ငံခြား ဒိုနာများထံမှ ရရှိထားသော ငွေကြေးများသည် ဒီမိုကရေ စီတိုက်ပွဲဝင်လိုသော အမတ်များအတွက် ပံ့ပိုးကူညီသော ငွေကြေးများဖြစ်ကြောင်းကို ကျွန်ုပ်တို့ သည်လိုပဲ နားလည်းထားသည်။ MPU သို့ တစ်နှစ်လျှင် ဒေါ်လာ (တစ်သောင်း)မျှ ခွဲပေးလျှင် ချွေချွေတာတာနှင့် MPU က ခရီးဆက် နိုင်ပါ သည်။

ဒီနှစ် ၂၀၀၉ ဇူလိုင်လမှစ၍ MPU သို့ ကူညီနေကျငွေကြေး မပေးပဲနေသည်။ NCGUB အဖွဲ့ ဝင်အမတ် များကိုသာ တစ်ဦးလျင် လစာ ဒေါ်လာ ၄၅၀ (ဘတ်တစ်သောင်းခွဲကျော်) ပေး ကမ်းထားသည်။ ဇွန်လတွင် ဦးဘိုလှတင့်က MPU ရုံးသို့လာပြီး ရှေ့လကျလျင် လစာဖြတ်ရ မည့်အကြောင်းကို Donor ထံမှ ငွေလျှော့ရလို့ဖြစ် သည်။ နယ်စပ်ရှိ MP အချို့ရပ်တည်နေနိုင်ရန် ဒေါက်တာစိန်ဝင်းနှင့် ဆွေးနွေးရဦးမည်။ ယနေ့အောက်တိုဘာ လဆန်းအထိ NCGUB မှ ထောက်ပံ့ငွေ တစ်ပြားတစ်ချပ်မှ မရရှိပဲနေသည်။ ငွေဖြတ်သည့်ကိစ္စကို ဦးဘိုလှတင့်က ပြောပြီးနောက် ခွန်မားကိုးဘန်းက တစ်ခြားမှ ၀င်ငွေမရှိသော MP တချို့ ရပ်တည်နိုင်ရန် နယ်စပ်ရှိ ၀န်းကြီးများထံမှ ငွေကောက်ခံပြီး ကူညီရမည်ဟုဆိုသည်။

အခြားဖွဲ့စည်းမှ ငွေမရရှိသောပြည်သူကိုယ်စာလှယ်နှစ်ဦးမှာ ကျွနိုပ်နှင့် ဦးအောင်ထွန်းစိန်တို့ ဖြစ်ကြသည်။ MPU ရုံးတွင် နေထိုင်သော ဦးအောင်ထွန်းစိန်အား ဘတ်နှစ်ထောင်နှင့် သီးသန့်နေထိုင်သော ကျွန်ုပ်အားတစ်လလျင် ဘတ် ၄၀၀၀ ပေးရန် ဦးခွန်မြင့်ထွန်းနှင့် ဦးထွန်းဝင်းတို့ သဘောတူပါသည်။ နောက်ကျမှ NCGUB ထံမှ လစာငွေ ဒေါ်လာ ၅၀၀မှ ၄၅၀ လျှော့ရသဖြင့် ကျွန်ုပ်တို့်အားပေးရန် ဦးထွန်းဝင်းနှင့် ဦးခွန်မြင့်ထွန်းတို့ မပေးလို၍ အစီအစဉ် ပျက်ခဲ့ရသည်ဟု ဦးခွန်မာရ်ကိုဘန်းက ဆိုသည် ။ MPU ငွေကြေးဖြတ်တောက်သည့် ကာလကြားတွင် ဦးဝင်းလှိုင်မှ ဘတ် ၁၀၀၀၀၊ ဦးကျော်သွင် (နော်ဝေး) ဘတ် ၂၁၀၀၀၊ ဦးဘိုသောင်းမှ (၁၅၀၀)၊ ကိုးရီးယား NLD မှ ဘတ် ၇၀၀၀၊ ဂျပန် NLD မှ ယန်း ၆၀၀၀၀ မျှနှင့် လည်ပတ်နေရသည်။ စက်တင်ဘာလကုန်တွင် ဦးခွန်မာရ်ကိုဘန်းမှ ဘတ်ငွေ(၂၀၀၀)၊ ဒေါ်စန်းစန်းထံမှ ဘတ် ၃၀၀၀ ကျွန်ုပ် အကူအညီ ရခဲ့ပါသည်။

ဒီမိုကရေစီ အနှစ် ၂၀ ကာလအတွင်း NCGUB နှင့် MPU တို့၏ တိုက်ပွဲစဉ်မှန်သမျှတို့်မှာ အောင်ပွဲမည်မျှရကြ၍ ကွဲကွဲပြားပြား ရှင်းပြပါဆိုလျင် မည်သူတစ်ဦးတစ်ယောက်မျှ ရှင်းပြ နိုင်မည်မဟုတ်ပါ။ သို့သော် စတုတ္ထအကြိမ် မြောက် အိုင်ယာလန် ဒက်ပလင်မြို့၌ ကျင်းပသောကွန်ဂရက်မှ MPU ၏ အစီရင်ခံစာတွင် NCGUB အဖွဲ့ကသော်လည်းကောင်း၊့ MPU အဖွဲ့ကသော်လည်းကောင်း၊ တိုက်ပွဲစဉ်တစ်ခုမျှ အောင်မြင်မှုမရှိဟု ဆိုထားပါသည်။ သို့ဖြစ်လျင် NCGUB အဖွဲ့ဝင်ပုဂ္ဂိုလ်များနှင့် MPU ပုဂ္ဂိုလ်များ တစ်ဦးဦးက စစ်အစိုးရ ပြုတ်ကျနိုင်လောက်သည့် ထူးထူးခြားခြား တိုက်ပွဲဝင်နိုင်သူမရှိကြောင်း အားလုံးအသိပင်ဖြစ်သည်။ သို့သော် စစ်အစိုးရပြုတ်ကျသည်အထိ တိုက်ပွဲဝင်လိုလျှင် (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲမှ ပြည်သူ ကိုယ်စားလှယ်ဖြင့် အခြေခံထား သော MPU အဖွဲ့နှင့် NCGUB အဖွဲ့တို့ရှိရန်လိုအပ်နေသည်ဟု အများက လက်ခံထားပါသည်။ ထို့ကြောင့် NCGUB အဖွဲ့ရှိနေလျှင် MPU အဖွဲ့လည်းရှိနေသင့်သည်။

ယနေ့နိုင်ငံရေး အခင်းအကျင်းဖြစ်သော Statement မျှ ထုတ်ခြင်း၊ စစ်အစိုးရနှင် ထိပ်တိုက်ရင်ဆိုင်မှု CC ICCနှင့်အမျိုးသားညွန့်ပေါင်းအစိုးနှင့်တိုင်းရင်းသာ့းတိုးချဲ့ရေးကိုMPUကကြိုးစားလုပ်ကိုင်နေသည်။(၈.၀၉.၂၀၀၉)ရက်နေ့တွင် အများသဘောတူညီချက်အရ C.C ကို ကုလသမဂ္ဂတို့ တင်ပါသည်။ သို့သော် မြန်မာနိုင်ငံအပေါ်တွင် အမေရိကန် အမှုဝါဒ ပြောင်းလဲအကြောင့် ခက်ခဲများစွာ ရှိနိုင်သည် ၂၀၀၇ -၂၀၀၈ခုနှစ် စစ်အစိုးရအခြေခံဥပဒေ အတည်မပြုမီ သမ္မတဂျော့ဘုတ်လက်ထက်တွင် မတင်ဖြစ်သည်မှာ အချင်းချင်း ငြင်းခုံနေကြသဖြင့် ရာသီဥတုကောင်းကို မမီခြင်း ဖြစ်သည်။ ပြည်ပတွင် ရောက်ရှိနေသော အမတ်အားလုံးသည် သူပုန်အဖြင့် ကြေငြာခံထားရသော ပုဂ္ဂိုလ်များဖြစ်ကြ၍ စစ်အစိုးရ၏ ရန်သူများဖြစ်ကြသောကြောင့် NCGUB အဖွဲ့ဝင်ဖြစ်ဖြစ် MPU အဖွဲ့ဝင်ဖြစ်ဖြစ် အန္တရာယ်အတူတူ ပင်ရှိကြသည်။

ထို့ကြောင့် အမတ်များအတူတူဖြစ်ပါလျက် NCGUB က Donor များထံမှ ငွေများကို မြိန်ရည်ယှက်ရည် စား သောက် နေကြပြီး ကျွန်ုပ်တို့ MPs အဖွဲ့များ ငတ်ငတ်ပြတ်ပြတ် ရှိနေသည်မှာ လူအများက ဟာသလုပ်နေကြပြီး၊ ရန်သူက ၀မ်းမြောက်ဝမ်းသာရှိနေပေမည်။ (NCGUB) သည် မိမိအား မထောက်ခံသူများကို ပထား၍ မိမိအား ထောက်ခံသော သူများကိုသာ ပံ့ပိုး ကူညီလျှင် ဆရာမွေး တပည့်မွေး အုပ်စုအဖွဲ့ နအဖ အုပ်စု နှင့် အတူတူ ဖြစ်သွားနိုင်သည်ကို သတိထား သင့်သည်။ တော်လှန်ရေးအဆက်ဆက်တွင် ငွေကြေးခွဲဝေမူ မျှတမှုမရှိခဲ့သောကြောင့် အချင်းချင်း စိတ်ဝမ်းကွဲ၍ ရန်သူထံ ခိုဝင်သူ ရှိသကဲ့သို့ ပြိုကွဲသွားသော အဖွဲ့များ လည်းရှိသည်။ ရှေးလများတွင် NLD(LA) အဖွဲ့မှ ငွေကြေး မကူညီလျှင် MPU သည် စစ်မြေပြင်တွင် ရိတ်ခါပြတ်သော တပ်ဖွဲ့နှင့် တူနေမည်။ ထို့ကြောင့် NCGUB က လေးလေးနက်နက် စဉ်းစားသင့်ပါသည်။

ကျွန်ုပ်သည် မွန်လူထုထံမှ မဲရယူ ထားသဖြင့် မွန်လူထုအတွက်ကိုယ်စားပြုနိုင်ရန် နယစပ်သို့ လာ၍ တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။ အကြောင်းကြောင်းကြောင့် RFA-BBC မှ အသံစဉ်အားဖြင့် တိုက်ပွဲမဝင်နိုင် သော်လည်း မွန်ဒီမိုးကရေစီအဖွဲ့ LA ဖွဲ့ Statement မျှလောက် ထုတ်ပြီး တိုက်ပွဲဝင်နေသည်။ စစ်အစိုးရပြုတ် ကျရေး၊ ဒီမိုကရေစီအောင်ပွဲရရေး၊ နည်းပရိယာနှင့် နည်းဗျူဟာများကိုခေတ်ပြိုင်ဂျာနယ်နှင့် ခေတ်ပြိုင် ၀က်ဆိုက်ဒ်ပေါ်တွင် ဆောင်းပါးရေးးသားပြီးတိုက်ပွဲဝင်လျက်ရှိသည်။ ကျွန်ုပ်ရေးသားခဲ့သော ဆောင်း ပါးများမှာ

(၁) မွန်လူမျိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊

(၂) ဒီမိုကရေစီဖက်ဒရာယ်ပြည်ထောင်စု ဖွဲ့စည်းခြင်း၊

(၃) စစ်အစိုးရကိုယှဉ်ပြိုင်တိုက်ပွဲဝင်ခြင်း၊

(၄) ဒီမိုကရေစီ တိုက်ပွဲဝင်ခေါင်းဆောင်များတို့အား ဂုဏ်ပြုခြင်း၊

(၅) ဒုတိယပင်လုံ သို့မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)၊

(၆) နိုင်ငံရေးသမားခေါင်းဆောင်များနှင့် ရွှေကျည်ဆံငွေကျည်ဆံ

(၇) ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

(၈) စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှဖယ်ရှားရန် စိန်ခေါ်ခြင်း၊

(၉) ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ကျွန်ုပ်ဖြတ်သန်းမှု၊

(၁၀) ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ မွန်လူထု၏လှုပ်ဆော်သံ၊

(၁၁) ကုလသမဂ္ဂမှ မြန်မာသံအမတ် ဖယ်ရှားရေး CC ရပ်ဆိုင်းသွားပြီလား၊

(၁၂) ဖက်ဒရာယ်ပြည်ထောင်စုနှင့် တိုင်းရင်းသားလူမျိုးများ၊

(၁၃) ကိုယ့်နေရာနှင့်ကို တိုက်ပွဲဝင်ကြပါ၊ ဒီမိုကရေစီအောင်ပွဲရကိုရရမည်၊

(၁၄) စစ်အစိုးရအား ထောက်ခံနေသော တရုတ်တို့ ခြေတစ်လှမ်းနောက်ဆုတ်သွားရန်၊

မှတ်ချက်။ ။ ကျွန်ုပ်ရေးသားသော ဆောင်းပါးများဖက်ရှုလိုပါက ပေးပို့ရန်ရှိသည်။ ( နိုင်သောင်းရှိန်)



No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.