ဝါရင့်နှင့် တိုင်းရင်းသားလူမျိုး ဒီမိုကရေစီအင်အားစုများ အမျိုးသားနေ့အောင်ပွဲကျင်းပမည်
မင်းနိုင်သူ/ ၁၈ နိုဝင်ဘာ ၂၀၀၈(ခေတ်ပြိုင်)
ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားလူမျိုး ဒီမိုကရေစီအင်အားစုများ ပူးပေါင်းကာ ယခုလ (၂၂) ရက် စနေနေ့တွင် ကျရောက်သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို သခင်သိန်းဖေအိမ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားတဦးက ပြောကြားသည်။
“ဒီနှစ်တော့ ၀ါရင့်နဲ့ လူမျိုးစုတွေပေါင်းပြီးလုပ်မယ်။ အန်အယ်လ်ဒီကလည်းကျင်းပမယ် လို့ကြားတယ်။ ၀ါရင့်အဖွဲ့က မနက် (၈) နာရီလောက်မှာ လုပ်ပြီး အန်အယ်လ်ဒီက (၁၂) နာရီလောက်မှာ လုပ်မှာဆိုတော့ အခမ်းအနားကူးပြောင်း တက်ချင်သူတွေအတွက်လည်း အဆင်ပြေမှာပါ” ဟု ၎င်းက ဆိုသည်။
ဝါရင့်အဖွဲ့သည် ပြီးခဲ့သည့် စနေနေ့ကလည်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ကြရသော အန်အယ်လ်ဒီပါတီဝင် ဦးဝင်းတင်၊ ဦးခင်မောင်ရွှေနှင့် ဒေါက်တာမေ၀င်းမြင့်တို့ကိုလည်း
သခင်သိန်းဖေအိမ်မှာပင် ဂုဏ်ပြုပွဲတရပ် ကျင်းပပေးခဲ့သည်။ ဖိတ်ကြားခံပုဂ္ဂိုလ်တဦးဖြစ်သည့် သန်လျင်လွှတ်တော်အမတ် ဦးသန်းလွင်မှာမူ စင်ကာပူနိုင်ငံသို့ ဆေးကုသခံသွားရောက်နေရ သည့်အတွက် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
No comments:
Post a Comment