တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, December 10, 2008

သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အီတလီဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြင့်ခံရ


တိုင်းရင်းသားအသံ

သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အီတလီဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြင့်ခံရ

Print
ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်၌ အကျဉ်းကျခံနေရသျှူမ်းခေါင်းဆောင် SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး ကို အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြင့်ခဲ့ပါသည်။ ယခုလ ရက်နေ့က မွန်ဇာ မြို့တော်ခန်းမ၌ ကျင်းပ သောဆုပေးပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး ကိုယ်စား ဘရပ်ဆဲလ် အခြေစိုက် ဥရောပ မြန်မာရုံး လက်ထောက် ညွန်ကြားရေးမှူ ဦးဘိုဒီဇော်မင်းက တက်ရောက် လက်ခံခဲ့ပါသည်။



၎င်းနဲ့ပတ်သက်ပြီး ဥရောပ-မြန်မာရုံး ညွန်ကြားရေးမှူး စ၀်ဟန်ယောင်ဟွေ့က “ ကျနော်တို့ သျှမ်းခေါင်းဆောင် တွေတကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုလိုက်တာပါဘဲ။ နှစ်ရှည်ထောင် ကျခံ နေရပေမဲ့ ကျန်းမာရေး ကောင်းဖို့အဓိက ဖြစ်နေတဲ့အတွက် စိတ်ဓါတ်မကျဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ ကျနော် က အားပေးစကားပြောချင်ပါတယ်။ ဆက်လုပ်စရာရှိတာကို ကျနော်တို့နောင်လာနောက်သားတွေ ဆက်လုပ်သွား မယ်လို့လဲ ပြောချင်ပါတယ်” လို့ပြောပါတယ်။

သျှမ်းခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ်ကျခံရမှုကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သျှမ်းမျိုးဆက်သစ် လူငယ်များ အနည်းငယ်တုန့်နှေးသွားခြင်းနှင့်ပတ်သက်၍ စ၀်ဟန်ယောင်ဟွေ့က “ဖြစ်နိုင်တယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတိုင်းကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေပေးပြီး မိသားစုထောင်ဝင်စာတွေ့ဖို့ခက်တဲ့ ဗမာ ပြည် နယ်စွန်နယ်ဖျားကို ပို့ပို့ပစ်တာဟာ မျိုးဆက်သစ်လူငယ်တွေနိုင်ငံရေး၊ အမျိုးသားရေးမလှုပ်ရှားရဲအောင် လုပ်ပြတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မြန်မာပြည်ကြီးဒီမိုကရေစီ မရမချင်း၊ စစ်မှန်သော ပြည်ထောင်စုကြီးမဖြစ်မချင်း၊ စစ်အာဏာရှင်မကျဆုံးမချင်း ကျနော်တို့တိုင်းရင်းသား တွေဟာဖိနှိပ်မြဲဖိနှိပ်ခံနေရဦးမှာဘဲ။ ဒါကြောင့်ကြောက်ရွံ့လို့မနေနဲ့၊ တုန့်နှေးလို့မနေနဲ့၊ လုပ်စရာရှိတာလုပ်သွားပါ။ သူများကိုသွားအားကိုးနေလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်အားကိုးရမယ်။ ကိုယ့်အချင်းချင်း စည်းလုံးရမယ်။ စည်း စည်းလုံးလုံးနဲ့ လုပ်စရာရှိတာလုပ်သွားရင် ကိုယ်မျှော်မှန်းတဲ့ပန်းတိုင် မလွဲမသွေရောက်မှာဘဲ။ ယခုနအဖရဲ့ လုပ် ရပ်ဟာ ခြိမ်းခြောက်တာသက်သက်ဘဲဖြစ်တယ်။ လုပ်စရာရှိတာဆက်လုပ်သွားရင် သူတို့လဲ ဘယ်လိုမှမတတ် နိုင်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေလဲ အဖမ်းခံရသည့်တိုင်အောင် မကြောက်မရွံ့ စိတ်ဓါတ်ကြံ့ခိုင်နေသေး တာဘဲ။ သူတို့လမ်းပြတဲ့အတိုင်း ဆက်လုပ်သွားဖို့ ကျနော်တိုက်တွန်းအားပေးချင်တယ်” ဆက်ပြောပါတယ်။

ယခုလက်ရှိအခြေအနေသည် နိုင်ငံရေး၊ စီးပွါးရေး အခက်အခဲကြုံနေရသည့်အခြေအနေဖြစ်သော်လည်း လွတ် မြောက်သည့်နေ့ တစ်နေ့ရှိမည်မလွဲဟုယုံကြည်ကြောင်း၊ မတရားအကျဉ်းချခံရသည့် မြန်မာဒီမိုကရေစီခေါင်း ဆောင်များအကြောင်းကိုလည်း ယခုကဲ့ သို့ ကမ္ဘာကသိအောင် မိမိတို့အနေဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဦးဟန်ယောင်ဟွေ့ကပြောပြသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနှင့်လူ့အခွင့် အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း ဂုဏ်ထူးဆောင်ဆု ချီးမြင့်ခြင်းခံခဲ့ရဖူးသည်။ အီတလီနိုင်ငံ ပြည်သူလူထုနှင့် အစိုးရတို့သည် အဖိနှိပ်ခံ မြန်မာပြည်သူများနှင့် တသားတည်းရှိနေကြောင်း ပြသသည့်အနေဖြင့် ကျောင်းသား ရဟန်းရှင်လူ ပြည်သူအား စစ် အစိုးရဖမ်းဆီးကာ နှစ်ရှည်ထောင်ချနေသည်ကို အီတလီနိုင်ငံအနေနှင့် ကန့်ကွက်ကြောင်း အကြောင်းကြားစာပေးပို့ဦးမည်ဟု လည်းသိရပါသည်။

သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက် သျှမ်းပြည် နယ် နေ့ ညစာစားပွဲ ကို အကြောင်းပြု၍ ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ကို ရန်ကုန်မြို့နေအိမ်၌၀င်ရောက်ဖမ်းဆီးခဲ့သည်။ သျှမ်းပြည်အတိုင်ပင်ခံ ကောင် စီဖွဲ့စည်းမှု စွပ်စွဲချက်အပြင်အခြားသော အမှုပေါင်းများ စွာဖြင့်ထောင် ဒဏ် ၉၃ နှစ် စီရင်၍ ဥက္ကဌကြီးအား ရာသီဥတု ဆိုးဝါးလှသော ကချင်ပြည်နယ်ပူတာအိုထောင်သို့ပို့လိုက်သည်။ ထို့အပြင်စစ်အစိုး ရတို့ ဆက်တိုက် ဖမ်းဆီးခဲ့သော SSA အပစ်ရပ် ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့်၊ စိုင်းညွန့်လွင် အပါအ၀င် ၂၀၀၆ မေလ က သံတွဲထောင်၌ ကွယ်လွန်သွားသော သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် ဆရာဦးမြင့်သန်းနှင့် အဖွဲ့ဝင်များကို ထောင် ဒဏ် ၇၅ မှ ၁၀၆ နှစ်အထိ နှစ်ရှည်ချမှတ်၍ ရာသီဥတုဆိုးဝါးလှသော မြန်မာပြည်နယ်စွန် နယ်ဖျား အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.