တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, December 18, 2008

ကုန်စည်ပြပွဲ၌ တရုပ် - ဗမာ အာဏာပိုင်များကိုကြိုဆိုရန် တိုင်းရင်းသားစာပေ/ယဉ်အဖွဲ့ဆင့်ခေါ်ခံရ

တိုင်းရင်းသားအသံ

ကုန်စည်ပြပွဲ၌ တရုပ် - ဗမာ အာဏာပိုင်များကိုကြိုဆိုရန် တိုင်းရင်းသားစာပေ/ယဉ်အဖွဲ့ဆင့်ခေါ်ခံရ


ဗုဒ္ဓဟူးနေ့၊ 17 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်

တရုပ် - မြန်မာ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်တွင် ကျင်းပရာ တက်ရောက် မည့် နှစ်နိုင်ငံလူကြီးများ ကြိုဆိုရန် ဒေသခံတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ ရိုးရာဝတ်စုံနှင့် မဖြစ်မနေတက်ရောက် ရမည် ဟု မူဆယ်မြို့အာဏာပိုင်များကဆင့်ခေါ်ကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၈ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင်တွင်ဖွင့်ပွဲ ကျင်းပသည့် တရုပ် - မြန်မာ ကုန်စည်ပြပွဲ တက်ရောက်ရန် မူဆယ်မြို့ပေါ်ရှိ ရပ်ကွက် ၆ ခု မှ တရပ်ကွက် လူအင်အားအယောက် ၁၀၀ အပြင် မူဆယ်ခရိုင်အတွင်းရှိ သျှမ်း၊ ကချင်၊ လီဆူး၊ ပလောင်၊ ကိုးကန့်တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ ရိုးရာဝတ်စုံအပြည့်နှင့် ယဉ်ကျေးမှုအက တခုခုဖြင့် နှစ်နိုင်ငံ အာဏာပိုင်များကို ကြိုဆို/ကပြဖျော်ဖြေရန် မပျက်မကွက်တက်ရောက်ရမည်ဟု နအဖအာဏာပိုင်များက ဆင့်ဆိုခဲ့ကြောင်း - အမည် မဖေါ်လိုသည့် တိုင်းရင်းသားစာပေယဉ်အဖွဲ့တခုမှ လူငယ်တဦးကဆိုပါသည်။“၁၆/၁၂/၂၀၀၈ က ကျမတို့ယဉ်ကျေးမှုအဖွဲ့ အစမ်းဖွင့်ပွဲ အခမ်းအနားသွားတက်ရတယ်။
အလုပ်မအားတော့ တကယ့်ဖွင့် ပွဲရက်မှသွားမယ်လို့ ကျမတို့အဖွဲ့ခေါင်းဆောင်က သွားတောင်းပန်လည်းမရဘူး။ ကနေ့ဆို မနက် ၄း၀၀ ကတည်းက ထ ပြီးပြင်ဆင်ရတယ်။ ယူနန်ပြည်အုပ်ချုပ်ရေးမှူး နဲ့ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထဋ် တက်မယ်လို့ပြောတာဘဲ။ ညကျ ရင်လည်း သွားကပြရဦးမယ်။”ဟု ဆိုပါသည်။မူဆယ်မြို့မြောက်ရပ်ကွက်က အသက် ၃၀ ကျော် အိမ်ရှင်မ အမျိုးသမီး တဦးကလည်း - “တရပ်ကွက်အယောက် ၁၀၀ မသွား မနေရလို့တော့ပြောတာဘဲ၊ အထက်တန်းစားစီးပွားရေးသမားတွေ အဲလိုပွဲဆို တခါမှမသွားဘူး၊ တခါလာရင်လည်း ကျမ တို့ဘဲ၊ ဘယ် တော့မှ အယောက် ၁၀၀ မပြည့်ပါဘူး။
တရပ်ကွက် အများဆုံး ၄၀ - ၅၀ လောက်ဘဲ။ တချို့တော့လည်းခင်မင်ရင်းနှီးတဲ့ ရပ်ကွက် လူကြီးကို အားနာလို့သွားကြတာပေါ့” - ဟုသျှမ်းသံတော်ဆင့်ကိုပြောပြပါသည်။အဆိုပါကုန်စည်ပြပွဲကို နအဖ စစ်အစိုးရ နှင့် တရုပ်အစိုးရတို့က ပူးပေါင်းကာ တရုပ် - မြန်မာ နယ်စပ်တွင် မကြာခဏ ကျင်းပ လေ့ ရှိပါသည်။ တရုပ်ပြည်ထွက်လယ်ယာသုံးစက်အမျိုးမျိုး၊ ကုန်ပစ္စည်းအမျိုးမျိုးအပြင် ဗမာဘက်မှ လယ်ယာထွက်သီးနှံများ သစ်တော ထွက်ပစ္စည်များ နှင့် ဌာဆိုင်ရာထုတ်ကုန်များ ခင်းကျင်းပသကြောင်း သိရပါသည်။
တရုပ် - မြန်မာ ကုန်စည်ပြပွဲ အခါသမယကို အကြောင်းပြပြီး စစ်အစိုးရက တရုပ်ပြည်မှ စစ်လက်နက်တင်ယာဉ်ကြီးများ နယ် စပ် ဖြတ်ကျော်တင်ဆောင်သွားသည်ဟု - တရုပ်နယ်စပ် သျှမ်းပြည်အရေးလေ့လာသည့် ပုဂ္ဂိုလ်တဦးကဆိုသည်။ အဆိုပါ ကြောင်းအရာ နှင့်ပတ်သက်၍ အသက် ၃၀ ကျော် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတဦးက ကုန်စည်ပြပွဲအချိန်တင်မဟုတ်ဘဲ လက်နက်ကြီးတင် စစ်ယာဉ်ကြီးများ တနှစ်သုံးလေးကြိမ်မက ဗမာပြည်သို့တင်ဆောင်သွားကြောင်း၊ ယခုလဲ မူဆယ်လေယာဉ် ကွင်း၌ တရုပ်ထုတ် စစ်လက်နက်တင်ဆောင်ထားသောယာဉ်နှင့် စစ်သုံးယာဉ် အများအပြားရှိနေသေးကြောင်းဆိုပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.