တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, December 3, 2008

ဗုဒ္ဓဘာသာရဟန်းတော်တပါး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အမတ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်

တိုင်းရင်းသားအသံ
ဗုဒ္ဓဘာသာရဟန်းတော်တပါး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အမတ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်

12/3/2008

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဒီဇင်္ဘာလ ၂၉ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဗုဒ္ဓဘာသာ ရဟန်းတော်တပါး အမတ် လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် ဘင်္ဂလီ သတင်းစာ ပြော်ထောင့်အာလောင်ပါ သတင်း တပုဒ်အရ သိရသည်။

အဆိုပါ ရဟန်းတော်မှာ စစ်တကောင်းတောင်တန်းနယ် ခါခရဆိုးရီခရိုင် ( ရခိုင် အခေါ် ဖလံထောင်) နုံသရီကျေးရွာမှ ချက်ကမာ(ခေါ်) သက်အမျိုးသား ဗုဒ္ဓဘာသာရဟန်းတော် အရှင် ကင်တီ ချက်ကမာ ဖြစ်သည်။

အရှင်ကင်တီမှာ ခါခဆိုးရီခရိုင် ဒက်ခီနာလာ မဲဆန္ဒနယ်မြေမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ ဥက္ကဌဆရာတော် အရှင် သုမင်္ဂလမှ “ဗုဒ္ဓဘာသာ ရဟန်းတော်များမှာ ဘင်္ဂလာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသလို မဲအရွေးခံပိုင်ခွင့်လည်း ရှိပါတယ်။ ယခုလို ရဟန်း တော်တပါး အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာဟာ ကောင်းပါတယ်ဟု” ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖွဲ့စည်း အုပ်ချုပ်ပုံအရ ရဟန်းတော်များ အမတ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ယခင်က ရဟန်းတော် တပါးမှ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သဖြင့် ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာ ထေရ၀ါဒ ရဟန်းတော်တပါးအနေနှင့် အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယဉ်ခြင်းနှင့် ပတ်သတ်၍ ရခိုင်ရဟန်းပျိုသမဂ္ဂဥက္ကဌ အရှင်သီဟက ယခုကဲ့သို့ ပြောသည်။

“ထေရ၀ါဒရဟန်းတော်တပါးအနေနှင့် ၀င်ရောက်အရွေးခံတာက ထေရ၀ါဒအနေနှင့် မသင့် တော်လို့ ဦးဇင်းမြင်တယ်။ ဒီလိုအရွေးခံတာဟာ ရာထူးဌာနန္တရနဲ့ တိုက်ရိုက်ပတ်သတ်နေ တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မသင့်တော်လို့ပြောရတာပါ။ ဒါပေမယ့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဟာ ဗုဒ္ဓ ဘာသာနိုင်ငံမဟုတ် တဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဘယ်လိုရှိတယ်ဆိုတာ ဦးဇင်း တိတိကျကျ မသိပါတဲ့အတွက် ဒီထက် ဘာမှ ပိုပြောနိုင်မှာ မဟုတ်ပါဘူး။”

ချက်ကမာခေါ် သက်အမျိုးသားအများစုမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် ခခါဆိုးရီနှင့် ရင်ဂါမတီခရိုင်တွင် နေထိုင်ကြပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ တိုင်းရင်းသားများ ထဲတွင်နိုင် ငံရေးအတက်ကြွသည့် လူမျိုးတမျိုးဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အထွေထွေရွှေးကောက်ပွဲအား ဒီဇင်္ဘာလ ၁၈ ရက်နေ့ ကျင်းပမည်ဟု ကြားဖြတ်အစိုး ရမှ ကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအရှုပ်ထွေးများကြောင့် ဒီဇင်္ဘလ ၂၉ ရက်နေ့သို့ ရွှေ့ပြောင်းခဲ့သည်။





No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.