တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, October 30, 2009

“တရားမဝင်အစိုးရ၊စိတ်မချနဲ.”

တိုင်းရင်းသားအသံ

“တရားမဝင်အစိုးရ၊စိတ်မချနဲ.” `“နအဖအားအခွန်ငွေများ၊ဆောင်စရာမလိုအပ်ပါ” “ တရားဝင်အစိုးရပေါ်လာမှစိတ်ချဆောင်ကြပါ”


မတရားအာဏာသိမ်းထားတဲ့ဗမာစစ်အစိုးရက သူတို.ကို တရားဝင်အစိုးရသလိုလိုလုပ်ပြီးတော့ ပြည်သူလူထုတွေဆီကနေ ပြည်ပအလုပ်လုပ်ကိုင်သူများအတွက် အခွန်ငွေပေးဆောင်ရမည်ဆိုပြီးလုပ်လာတယ်၊ဗမာစစ်အစိုးရကိုပြည်သူလူထုကိုယ်စား
တိုင်းရင်းသားအသံကနေ ပြောချင်ပါတယ်၊ ခင်ဗျားတို.ဟာ တရားဝင်အစိုးရမဟုတ်ဘူး၊ခင်ဗျားတို.ကိုယ်တိုင်ဝန်ခံထားပါလျက် တိုင်းပြည်မှာ အလုပ်အကိုင်ရှားပါးမှု၊မတရားညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့်ပြည်ပမှာအလုပ်သွားလုပ်နေရသူများကနေအ ခုလိုအခွန်ငွေဆိုပြီးလုပ်လာတာဟာတော်တော်ကိုလွန်နေပြီ၊ထပ်ပြောပါမည်၊ခင်ဗျားတို.ဟာတရားဝင်အစိုးရမဟုတ်ဘူး၊ လူထုတွေဆီကနေ ဓားမြတိုက်တာကလွဲရင်အခွန်ငွေကောက်ပိုင်ခွင့်မရှိပါ၊တိုင်းရင်းသားပြည်သူလုထုအနေနဲ. ဒါကို လူထုတို က်ပွဲ၊အာဏာဖီးဆန်မှုတိုက်ပွဲပုံစံဖြင့် အခွန်ငွေကိုမဆောင်ကြပါနဲ.၊ဆောင်စရာမလိုဘူး၊စစ်အစိုးရအားပေးဆောင်ရမည့်ငွေ တွေကိုကိုယ်အဖွဲ.နဲ.ကိုယ်စုထားပါ၊စစ်အစိုးရကိုပြန်တိုက်ရန်အတွက်သုံးစွဲပါ၊ခင်ဗျာတို.မဆောင်တဲ့အတွက်ကြောင့် အကယ်၍ ဖမ်းဆီးမှုတွေလုပ်လာရင် ထောင်မဆန်.နိုင်ပါ၊ပို.စတာတွေ၊စာရွက်စာတမ်းတွေနဲ. “တရားမဝင်အစိုးရ၊စိတ်မချနဲ.” `“နအဖအားအခွန်ငွေများ၊ဆောင်စရာမလိုအပ်ပါ” “ တရားဝင်အစိုးရပေါ်လာမှ၊စိတ်ချဆောင်ကြပါ”


နိုင်ငံခြားဝင်ငွေအခွန်နှင့် မိသားစုထံငွေလွှဲမှုများစိစစ်ကြီးကြပ်တော့မည်

ကောင်းဝါသတင်းဌာန


ကောင်းဝါ(အောက်တိုဘာ- ၃၀)။ ။ နိုင်ငံရပ်ခြားတွင်အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများအပေါ် ဝင်ငွေပေးဆောင်မှုနှင့် မိသားစုထံငွေလွှဲနေမှုကိစ္စရပ်များကို စိစစ်သွားရန်အတွက် ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မီတီတရပ်ကိုဖွဲ့စည်းကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တချို့မှ ဖေါ်ပြထား သည်ကို ဖတ်ရှုခဲ့ရသည်။

စစ်အစိုးရမှ အမိန့်ကြေငြာချက် အမှတ် ၁၆/၂၀၀၉ ဖြင့် စက်တင်ဘာ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အလုပ်သမားဝန်ကြီးဌာနအပါအဝင် အခြားအစိုးရဌာနများ၊ လူမှုရေးအသင်းများမှ ပြည်ပသို့အလုပ်လုပ် ခွင့် စေလွှတ်နေမှုများကိုလည်း စိစစ်ကြီးကြပ်သွားမည်ဟု သိရသည်။

ပြည်ပရောက်အလုပ်သမားများအနေနှင့် ဝင်ငွေအခွန်သတ်မှတ်ထားသည့် ဥပဒေအတိုင်းပေးသွင်းသွားရန်နှင့် မိသားစုများထံ တရားမဝင်ငွေလွှဲပေးမှုများကိုလည်း စိစစ်သွားမည်ဟု ဖေါ်ပြထားသည်။

မိသားစုထံလွှဲငွေများအနေနှင့် လုပ်ခရရှိမှုအချိုးအစားအလိုက် ငွေလွှဲခြင်းဆောင်ရွက်ပုံမှာ အမေရိကန်ဒေါ်လာ ၂၀၀ လုပ်ခအောက် ရရှိသူများ၏ လစာ ၃၀ ရာခိုင်းနှုန်းကို၎င်း၊ ဒေါ်လာ ၂၀၀ နှင့် ၄၀၀ အကြားရရှိသူများ၏ လုပ်ခ ၄၀ ရာခိုင်နှုန်းကို၎င်း၊ ဒေါ်လာ ၄၀၀ အထက်ရရှိသူများ၏ ၅၀ ရာခိုင်နှုန်းကို၎င်း မြန်မာနိုင်ငံသို့ လွှဲပို့ပေးရန်နှင့် ၄င်းငွေကိုအစိုးရမှ အက်ဖ်အီးစီဖြင့် ပြန်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအနေအထားတွင် နိုင်ငံခြားသို့ တရားဝင်သွားရောက်လုပ်ကိုင်သော အလုပ်သမားများမှာ သက်ဆိုင်ရာသံရုံး များတွင်၎င်း၊ မိမိတို့၏အလုပ် အေဂျင်စီတွင်၎င်း ဝင်ငွေအခွန်များပေးဆောင်နေရသည်။

မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသော နိုင်ချမ်းအောင်အဆိုအရ နှစ်စဉ်ဝင်ငွေအခွန်ပေးဆောင်နေ ရသော်လည်း မြန်မာသံရုံးအနေနှင့် အလုပ်သမားများ၏လုံခြုံရေး၊ လူမှုရေး၊ သွားလာရေးကိစ္စအဝဝကို လုံးဝတာဝန် ယူမှုမရှိခဲ့ကြောင်း တရားမဝင်လာရောက်သူများထက်ပင် အခွင့်အရေးနည်းပါးကြောင်း နိုင်ငံရပ်ခြားတွင် အနှိပ်ခံရ ခြင်းမှာ အတူတူပင်ဖြစ်နေကြောင်း ပြောပြခဲ့သည်။

ဒီဝင်ငွေအခွန်ကိုပေးဆောင်ရတာဟာ နိုင်ငံတကာဥပဒေနဲ့ကိုက်ညီပါတယ်၊ သင့်လည်းသင့်တော်ပါတယ်၊ ဒါပေမယ့် တဖက်မှာ အခွန်ယူသလို တဖက်မှာသူတို့ဘဝလုံခြုံရေး၊ အလုပ်လုပ်ကိုင်တဲ့အခွင့်အလမ်း ပိုမိုကောင်းမွန်လာအောင် အစိုးရအနေနဲ့လုပ်ပေးဘို့လဲ တာဝန်ရှိပါတယ်၊ ဒါကိုလစ်လျုရှုနေမယ်ဆိုယင် မလိုလာအပ်တဲ့ပြဿနာအရပ်ရပ် တွေဟာ အလုပ်သမားတွေ ခံစားနေရမှာဖြစ်တယ်ဟု ဂျာနယ်တစ်စောင်၌ စီးပွါးရေးပညာရှင်တစ်ဦးက သုံးသပ်ဖေါ် ပြခဲ့သည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.