တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, September 15, 2010

နအဖစစ်တပ်နှင့် အပစ်ရပ်သျှမ်းတပ်တို့ တိုက်ပွဲစပြီ

တိုင်းရင်းသားအသံ
နအဖစစ်တပ်နှင့် အပစ်ရပ်သျှမ်းတပ်တို့ တိုက်ပွဲစပြီ
Wednesday, 15 September 2010 16:10 သျှမ်းသံတော်ဆင့်

နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ခံ ဗိုလ်ချုပ်ပန်ဖ ဦးစီး သော တပ်မဟာ ၁ တပ်ဖွဲ့ နှင့် နအဖစစ်တပ်တို့ကြား ယမန်နေ့ ညနေ ၄ နာရီခန့်က သီပေါမြို့နယ် နမ့်မကျန်း ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ သျှမ်းတပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းရူးမြို့နယ်အတွင်းရှိ တပ်မဟာ ၁ ၀မ်ဟိုင်းဋ္ဌာနချုပ်အား နအဖ တပ်မ ၅၅ လက်အောက်ခံတပ်များ စက်တင်္ဘာလဆန်း ကတည်းက ၀န်းရံပိတ်ဆို့ထားရာ မကြာမီ စစ်ဖြစ်လာတော့မည်ဟု တပ်မဟာ ၁ က ကြိုတင်တွက်ဆနေချိန်တွင်နှစ်ဘက် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။

[အပစ်ရပ် သျှမ်းပြည်တပ်မတော်]

အပစ်ရပ် သျှမ်းပြည်တပ်မတော်

ဖုန်းလှိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်အား တင်ပြရန် အခက်အခဲရှိသော်လည်း ယခု တိုက်ပွဲ ဖြစ်ပွားမှု သတင်းမှန်ကန်ကြောင်း တပ်မဟာ ၁ က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။

“မနေ့က ညနေ ၃ နာရီ ၅၀ လောက်မှာ တိုက်ပွဲစဖြစ်တယ် သီပေါမြို့နယ်ထဲမှာပဲ ရန်သူဘက်က အကျအဆုံး မသိရသေး ဘူး ကျနော်တို့ဘက်က တစ်ယောက် ဒဏ်ရာရတယ်” ဟု တပ်မဟာ ၁ မှ အရာရှိတစ်ဦးက ပြောသည်။

ယခုအခြေအနေ မတိုင်မီကတည်းက အပစ်ရပ်လက်နက်ကိုင် အဖွဲ့နယ်မြေများအတွင်း နအဖစစ်တပ်လှုပ်ရှားမှု များ သိသိသာသာတွေ့မြင်လာရပြီး ယခုအခါနှစ်ဘက်စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာကြောင်းသိရသည်။

စက်တင်္ဘာလ ၁၂ ရက်က သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေဆိုက် နအဖ စကခ ၁ လက်အောက်ခံ နည်းဗျူဟာတစ်ခုအား အပစ်ရပ် ဝ နယ်မြေအနီးသို့ စေလွတ်ထားသည့်အပြင် ရမခနယ်မြေအတွင်းရှိ နအဖ တပ် အားလုံးတိုက်ပွဲဝင် အသင့်ဖြစ်စေရေး စစ်ရုံးချုပ်က ညွန်ကြားချက်ထုတ်ထားကြောင်း သိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.