တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, November 17, 2009

ချင်းမိုင်ရောက် ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူးပွဲ

တိုင်းရင်းသားအသံ
ချင်းမိုင်ရောက် ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူးပွဲ

သတင်းနှင့် မီဒီယာကွန်ယက်။ နွယ်လေး။
နိုဝင်ဘာလ ၁၆ ရက် ၊ ၂၀၀၉ ခုနှစ်။

ဂျပန်းနိုင်ငံတွင်ပြုလုပ်သောရှမ်းနှစ်သစ်ကူးပွဲတော် (ဂျပန်းရှမ်းဒီမိုကရေစီအဖွဲ.ဝက်ဆိုက်မှရယူသည်)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ၀ပ်ကူတော့ဝ် ဘုန်းကြီးကျောင်းတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင် ပြီး ချင်းမိုင်ရောက် ရှမ်းတိုင်းရင်းသားများ ယနေ့ နိုဝင်ဘာ ၁၆ ရက်ညတွင်ကျရောက်မည့် ရှမ်းနှစ်သစ်ကူးကြို ဆိုပွဲကို ပြုလုပ်ကျင်းပမည်။


ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းရိုးရာယဉ်ကျေးမှု ရာဇ၀င်ပြခန်းကို ခင်းကျင်းပြသထားသည်ဟု ရှမ်းစာပေနှင့် ယဉ် ကျေးမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နန်းဆိုင်က ယခုလို ပြောသည် ။

“ရှေးခေတ် အဆက်ဆက် က ရှမ်းရိုးရာဝတ်စုံ၊ စော်ဘွားများရဲ့ ဟော်နန်း၊ ရှမ်းစာဆိုတော် တွေ သ မိုင်းအကြောင်း၊ ၁၂ လရာသီအလိုက်ရှိတဲ့ ရှမ်းပွဲတော်တွေ၊ အသက်မွေးမှု ဖြစ်တဲ့ ရိုးရာလုပ်ငန်းတွေ၊ ရှမ်းအစားအသောက်မှာဆိုလဲ မြောက်ပိုင်း တောင်ပိုင်း အစားအစာ ကွာခြားပုံတွေ ပြီးတော့ ရှမ်းဓလေ့ အရ ရှေးကတစ်ပတ်ဈေးတွေ ရှိပြီး ဈေးသဏ္ဍာန်ကို ခင်းကျင်းပြသတယ်။”

ရှမ်းလူမျိုးများ ရှမ်းရာဇ၀င် သမိုင်းများကို ပိုမိုသိရှိလေ့လာနိုင်ရန်နှင့် ပွဲသို့လာရောက်သည့် ထိုင်းနိုင်ငံတွင်း နေ ထိုင်သူအခြားတိုင်းရင်းသားများ အပါအ၀င် ထိုင်းလူမျိုးနှင့် နိုင်ငံခြား သားများပါ ၀င်ရောက်ကြည့်ရှုလေ့လာရန် ရာဇ၀င်ပြခန်းများ ခင်းကျင်းပြသထားသည်ဟု ၄င်းက ဆက်ပြောသည် ။

နှစ်သစ်ကူးဖွင့်ပွဲ အကြိုညက တိုးနယားအကဖြင့် လာရောက်ဖျော်ဖြေသူ စိုင်းစံက “ပျော်တယ်။ မနေ့ညက တော့ ဖွင့်ပွဲမို့ထင်တယ် သိပ်မစည်ဘူး။ ခုညက နှစ်သစ်ကြိုတဲ့ ညဆိုတော့ ပိုစည်လောက်တယ်။ ရှမ်း သီချင်း ဟောင်းဆိုတာကို ကျနော် တစ်ပုဒ် နားထောင်ဖြစ်ခဲ့တာ ကောင်းတယ်” ဟုပြောသည်။

ယမန်နေ့ညက် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးအကြိုဖွင့်ပွဲကို ချင်းမိုင်မြို့ အုပ်ချုပ်ရေးမှူးမှ လာရောက် ဖွင့်လှစ်ပေး ပြီး ရှမ်းတိုးနယား အက၊ ကိန္နရီ ကိန္နရာ အက၊ သိုင်းအက စသည့် ရှမ်းရိုးရာ အဆို၊ အကများအပြင် ရှမ်းနာမည် ကြီး အဆိုတော် အချို့က ရှေးဟောင်း သီချင်းများနှင့် ဖျော်ဖြေ မှုများရှိသည် ဟု နန်းဆိုင်က ပြောသည် ။

၎င်းက “၀င်ကြေးတစ်ယောက်ကို ငါးဆယ် ကောက်တယ်။ လက်မှတ်ကို ပြက္ခဒိန်နဲ့ လုပ်ပေးတာမို့ လူ တိုင်းတွက် အသုံးဝင်မယ် ထင်တယ်ပေါ့နော်။ ခုနေ့ခင်းပိုင်းတော့ ကြိုးဆွဲပြိုင်တာ၊ ဂုန်နီအိတ်စွတ် လမ်းလျှောက်ပြိုင်တာ အဲလိုပြိုင်တာအမျိုးမျိုးရှိတယ်။” ဟုပြောသည်။

ယခု ရှစ်ကြိမ်မြောက် ကျရောက်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အပြင် ရှမ်းပြည်နယ်ရှိ အ ချို့ဒေသများနှင့် မလေးရှား၊ စင်ကာပူ နိုင်ငံများတွင်လည်း ကျင်းပသည်ဟု သတင်းရသည်။




No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.