တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, January 11, 2011

အမျိုးကိုချစ်တာလား(ဒါမှမဟုတ်)အမျိုးကိုနှစ်တာလား (အီမေလ်ကပေးပို.လာသည်)

တိုင်းရင်းသားအသံ
အမျိုးကိုချစ်တာလား(ဒါမှမဟုတ်)အမျိုးကိုနှစ်တာလား (အီမေလ်ကပေးပို.လာသည်)

From: NyiNyiHtwe
To: 8888peoplepower@yahoogroups.com; hagyaw@gmail.com; hag2cornell@yahoo.com; thanwin.yakatha@gmail.com
Cc:
Sent: Tuesday, 11 January 2011, 0:19:23
Subject: Re: [8888peoplepower] Fw: BurmaNewsGroup:: Fwd: (wwbn) Fwd: အမျိုးက(ဒါမှမဟု)အမျိုးက

 
ထွန်းအောင်ကျော်နဲ့ သန်းဝင်း

ခင်ဗျားတို့ ပြောတဲ့ ခွဲထွက်ရေးလို့ ကြွေးကြော်ရင် စစ်အာဏာရှင်အလိုကျဖြစ်သွားမယ် ဆိုတဲ့ စကားက တော်တော်လေးကို ရယ် (ရီ) စရာ ကောင်းနေတယ်။ ဒီစကားက ဗိုလ်နေ၀င်းပြောခဲ့တဲ့ တိုင်းပြည် ဂျောက် (ချောက်) ထဲ ကျမှာ စိုးလို့  ပြည်ထောင်စုကြီးပြိုကွဲသွားမှာစိုးလို့  စစ်တပ်က အာဏာသိမ်းလိုက်ရပါတယ် ဆိုတဲ့ စကားနဲ့  အဓိပ္ပါယ်သွားတူနေတယ်။
ခွဲထွက်ရေးလို့  ကြွေးကြော်ရင် နအဖစစ်ဝါဒီတွေက အသုံးချသွားလိမ့်မယ် ဆိုတဲ့ ခင်ဗျားတို့ ရဲ့  ထင်မြင်ယူဆချက်တွေက အနှစ်သာရပျောက် အဓိပ္ပါယ်မဲ့နေတယ်။ ခင်ဗျားတို့ ပြောပုံက ခွဲထွက်ရေးလို့ မကြွေးကြော်ရင် နအဖစစ်အုပ်စုက တိုင်းပြည်ကို အသုံးမချသလိုမျိုး သဘောသက်ရောက်နေတယ်။ ခင်ဗျားတို့ ကိုကြည့်ရတာ အန်အယ်လ်ဒီက မသေမချင်းဥက္ကဌ အန်ကယ်ကြီးဦးအောင်ရွှေတို့ လို နအဖစိတ်ဆိုးသွားမှာကိုတောင် တော်တော်လေးစိုးရိမ်နေတဲ့ပုံ ပေါက်နေတယ်။
ခင်ဗျားတို့ သာ ရာစုတ၀က်ကျော် လူထုကို စစ်ကျွန်ပြုလာတဲ့ ဗမာစစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒီမိုကရက်တစ်တွေပီသရင် ဒီနအဖစစ်အုပ်စုကို ဘယ်သူတွေက ဘယ်လိုနိုင်ငံရေးယုံကြည်ချက်မူဝါဒတွေကိုပဲ လက်ကိုင်ထားပြီး ဘယ်လိုနည်းနဲ့ ပဲတိုက်တိုက် ထောက်ခံရလိမ့်မယ်။ အကြမ်းနည်းနဲ ပဲ ဖြစ်ဖြစ် အနုနည်းနဲ့ ပဲ ဖြစ်ဖြစ် အဓိက နအဖစစ်အုပ်စုကို တိုက်ဖို့ ပဲ အရေးကြီးတယ်။
တိုင်းပြည်ကြီးပြိုကွဲသွားမှာ အာဏာလက်လွှတ်ဆုံးရှုံးသွားမှာကို တကယ်စိုးရိမ်ကြောက်နေကြတဲ့ လူတွေထဲမှာ နအဖဗိုလ်ချူပ်တွေက ထိပ်ဆုံးမှာပါနေတယ်။ ပြောရမယ်ဆိုရင် ငရဲပြည်လိုဖြစ်နေတဲ့ မြန်မာနိုင်ငံက ခွဲထွက်ရေးလို့  ကြွေးကြော်စရာကို မလိုပဲ ခွဲထွက်ကွဲထွက်ပြီးသား ဖြစ်နေတာ ရာစုတ၀က်ကျော်နေပြီ။ စစ်အုပ်စုက သေနတ်ပြောင်းဝနဲ့  တေ့ထားလို့  အပေါ်ယံသာပြည်ထောင်စုလို့  သုံးနှုန်းနေကြပေမဲ့ အနှစ်သာရအားဖြင့် ပြည်ထောင်မစုတာကို အားလုံးသိကြတယ်။
ဒီနေ့ ကာလမှာ ခွဲထွက်ရေးကြွေးကြော်မှုကြောင့် အာဏာသိမ်းထားရပါတယ်လို့  နအဖစစ်အုပ်စုက ပြောလာရင်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့  မြန်မာ့နိုင်ငံရေးကိုနားလည်တဲ့ ဘယ်သူကမှ နအဖစကားကို လက်ခံယုံကြည်မှာ မဟုတ်ဘူး။  
ခင်ဗျားတို့ ကို ကြည့်ရတာ ဗမာကိုလိုနီစစ်စနစ် နိဂုံးချူပ်ဇာတ်သိမ်းသွားမှာကို မလိုလားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဗမာအမျိုးသားရေးအစွန်းရောက်ဝါဒနဲ့  ပဒေသရာဇ်ဥခွံထဲက ရုန်းမထွက်နိုင်သေးတဲ့ ဗမာကိုလိုနီနယ်ချဲမှိုင်းမိနေတဲ့ ကိုလိုနီပေါက်စလေးများရဲစဉ်းစားတွေးခေါ်မှုတွေနဲ့ ခင်ဗျားတို့ ရဲ့ အယူအဆတွေက ထပ်တူကျနေတယ်။
ခင်ဗျားတို့ သာ ဒီကိစ္စကို ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် ပြောဆိုချင်တယ် ဆိုရင် ခွဲထွက်ခွင့်နိုင်ငံရေးတိုက်ပွဲကို ဒီနေ့ ခေတ်နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်လိုရှုမြင်သလဲ၊ နိုင်ငံတကာဥပဒေတွေကရော တားမြစ်ပိတ်ပင်မှုတွေရှိသလား ဆိုတာကို ထောက်ပြဆွေးနွေးသင့်တယ်။ အခုတော့ နအဖဖက်ကနေ
ရှေ့ နေလိုက်ပြီး ပြောဆိုလာနေတော့ သိပ်ပြီးကြည့်မလှဘူး။
နိဂုံးချူပ်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဇစ်မြစ်ဟာ ဗမာက ဗမာမဟုတ်တဲ့ လူမျိုးများကို ဗမာပဒေသရာဇ် စစ်ကိုလိုနီစနစ်နဲ့ ကျူးကျော်နယ်ချဲ့ လက်ဝါးအုပ် ဂုတ်သွေးစုပ် အုပ်ချူပ်နေခြင်းပဲ ဖြစ်တယ် ဆိုတာ တကမ္ဘာလုံးက သဘောပေါက်လာကြတယ်။ ဗမာကိုလိုနီစစ်စနစ်နိဂုံးချူပ်မှသာ ဒီမိုကရေစီပဲဖြစ်ဖြစ် ဖယ်ဒရယ်စနစ်ပဲ အစားထိုးထိုး လက်တွေ့ နိုင်ငံရေးဖြစ်စဉ်ကို အကောင်အထည်ဖော်လာနိုင်မယ်။ ဒါဟာ တခုတည်းသော နိုင်ငံရေးအဖြေပဲ။

လေးစားစွာဖြင့်

ညီညီထွေး

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.