တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, January 4, 2011

ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့သတ်မှတ်ပြီး

တိုင်းရင်းသားအသံ
ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့သတ်မှတ်ပြီး

ကိုသိုက်၊ကောင်းဝါသတင်းဌာန

 ကိုသိုက်(ဇန်နဝါရီ-၄)။    ။ထိုင်းနိုင်ငံဒေသအသီးသီးမှ မွန်ရွှေ့ပြောင်းအလုပ်သမားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ  ရာမညအလုပ်သမားသမဂ္ဂနေ့အဖြစ် ဇန္နာဝါရီလ(၄)ရက်နေ့ကိုသတ်မှတ်ပြီး စံခလပူရီမြို့တွင် အခန်းအနားတစ်ခု ကျင်းပခဲ့သည်။

ထူးထူးခြားခြား လွတ်လပ်ရေးနေ့ကိုမှ ရာမညအလုပ်သမားသမဂ္ဂနေ့ ရွှေးချယ် သတ်မှတ်ရသည့် အပေါ် ရာမညအလုပ်သမားသမဂ္ဂ၏ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှ ယခုလို ရှင်းပြပါသည်။

“ဇန္နာဝါရီလ(၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ဖြစ်တယ်။ အဲဒီလွတ်လပ်ရေးနေ့မှာ ကျွန်တော် တို့တိုင်းနိုင်ငံ ကျွန်တော်တို့တိုင်းရင်းသားတွေဟာ လွတ်လပ်ခွင့်မရှိသေးဘူး။ အဲဒီရှိလာအောင် သဘောမျိုးနဲ့ အဲဒီ အထိမ်းအမှတ်ကိုလဲယူတဲ့သဘောမျိုးလည်းဖြစ်တယ်။ နောက်အလုပ်သမားတွေရဲ့ဘ၀လွတ်မြောက်ရေးဆိုတာ အဲဒီဗမာပြည်လွတ်လပ်ရေးနဲ့ထပ်တူထပ်မျှဖြစ်အောင် ဒါကျွန်တော်တို့ကြိုးပမ်းတဲ့ အနေနဲ့ ဇန္နာဝါရီလ(၄)ရက်နေ့ကို အသိမှတ်ပြုရခြင်းဖြစ်ပါတယ်။”

တိုင်းတပါးနိုင်ငံတွင်အလုပ်ဝင်လုပ်နေသည့် မွန်ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ၄င်းတို့၏ရပိုင်ခွင့် အခွင့်အရေးအတွက်၎င်း၊ အလုပ်သမားများ၏ခလေးများပညာရေး ကျန်းမာရေးစံနစ်အတွက်၎င်း အလုပ်သမား များ၏ ရသင့်ရထိုက်သောအခွင့်အရေးပိုပြီးနားလည်လာအောင်ကြိုးပမ်းသွားမည်ဖြစ်ပြီး  အလုပ်သမားများ၏ လုပ်ငန်းခွင်တွင်တွေ့ကြုံလာသည့် အတွေ့အကြုံပေါ်တွင်အခြေခံကာ နောင်တချိန်တိုင်းနိုင်ငံတည် ဆောက်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်ထားသည်ဟု ရာမညအလုပ်သမား သမဂ္ဂ၏ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမည အလုပ်သမားသမဂ္ဂသည် ထိုင်းနိုင်ငံဒေသအသီးသီးဖြစ်သည့် မဲဆောက်ဒေသ ကိုးရတ်ဒေသ ဗန်ကောက် မဟာချိုင် ကျန်ပူရီ တာရပ် ရနောင်း ဖူးကက် ဖန်းငါး ပချွပ်ကရီကန် ချွန်ပူရီ စူရပ် ဟတ်ယိုင်ဒေသမှ အလုပ်သမားအဖွဲ့များနှင့်ဖွဲ့စည်းထားသည်ဟု နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမညအလုပ်သမား သမဂ္ဂအဖွဲ့အနေနှင့် မွန်ဒေသကိုအခြေခံပြီး အောက်မြန်မာပြည်ဒေသမှ အလုပ်သမားအရေးတွေကိုလည်း လုပ်ဆောင်သွားမည်ဟုဆိုပါသည်။

(၂၀၁၀)နှစ်ကုန်ပိုင်း ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံဒေသအသီးသီးမှ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ ပြည်တွင်းမှကိုယ်စားလှယ်များ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် (၆၀)ကျော်နှင့် စံခလပူရီမြို့တွင် မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်၏ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့ပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.