တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, December 20, 2011

လူမျိုးချင်းမတူကအစ...အစားအသောက်ချင်းမတူလို.အနောက်တိုင်းဒီမိုကရေစနစ်ကိုမြန်မာမကျင့်သုံးဟုစောင့်ရူးသိန်းစိန်းပြောခဲ့

တိုင်းရင်းသားအသံ
လူမျိုးချင်းမတူကအစ...အစားအသောက်ချင်းမတူလို.အနောက်တိုင်းဒီမိုကရေစနစ်ကိုမြန်မာမကျင့်သုံးဟုစောင့်ရူးသိန်းစိန်းပြောခဲ့

( ELEVEN Media Group မှ သတင်းအဟောင်းတစ်ပုဒ်ကိုပြန်လည်ဖော်ပြလိုက်ပါသည်၊ဘယ်သူမှသတိမမူသည့်အတွက်ကြောင့်ပြန်လည်ဖော်ပြလိုက်ရပါသည်၊ သတင်းအပြည့်ဖတ်ချင်ရင်၊ http://www.first-11.com/index.php?option=com_content&view=article&id=11083:2011-11-19-13-05-03&catid=100:asean-summit&Itemid=167)

သိန်းစိန်းစကားကောက်နှုတ်ချက်၊ ထို့အပြင် အနောက်နိုင်ငံများ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်နှင့် ထပ်တူကျအောင် လုပ်ဆောင်ရန်မဖြစ်နိုင်သေးဘဲ အံ့ဝင်ခွင်ကျဖြစ်အောင်သာ ကြိုးစားရမည်ဟု ဆိုပါသည်။

''အံဝင်ခွင်ကျဖြစ်အောင်ပဲ လုပ်လို့ရမယ်။ တစ်ထပ်တည်းဖြစ်အောင်တော့ လုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် တစ်အချက်က ကျွန်တော်တို့က လူမျိုးချင်းလဲ မတူဘူး။ နောက်တစ်ခါ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူဘူး။ ဓလေ့စရိုက်ချင်းလဲ မတူဘူး။ အစားအသောက်ချင်းလဲ ကျွန်တော်တို့က မတူဘူး။ အဲဒီတော့ လေးထောင့်ကို အဝိုင်းနဲ့စွပ်လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။ အဝိုင်းကို လေးထောင်နဲ့စွပ် လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး'' ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။


သိန်းစိန်းခေါင်းဆောင်သောမြေခွေးစစ်အစိုးရသည်မတူညီမှုများနှင့်ကွဲပြားမှုများကိုအသိအမှတ်မပြုကြောင်းဘာလီကျွန်းအစည်းအဝေးတက်ခဲ့တုန်းကအင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည့်ဟာကိုထောက်ပြီးသိသာသည်၊လူမျိုးချင်းမတူတာကိုလဲအသိအမှတ်မပြုဘူး၊အစားအသောက်ချင်းမတူ၊ယဉ်းကျေးမှုချင်းမတူစသည့်မတူညီမှုများကိုအသိအမှတ်ပြုတတ်အောင်သိန်းစိန်းဦးနှောက်ထဲမှာကျပ်ပြည့်မရှိကြောင်းကိုသူ.အင်တာဗျူးထဲမှာတွေ.နိုင်ပါသည်၊အဆိုးဆုံးကတော့၊အစားအသောက်ချင်းမတူပါသည့်မတူညီမှုများကြောင့်အနောက်တိုင်းမှာကျင့်သုံးနေသည့်ဒီမိုကရေစီစနစ်ကိုမြန်မာနိုင်ငံမကျင့်သုံးနိုင်ဟုပြောသွားတာဟာအင်မတန်အမြော်အမြင်ခေါင်းပါးသည့်ထိပ်ပြောင်းခေါင်းသေးသည့်သူတစ်ယောက်ဖြစ်ကြောင်းသိရပါသည်၊

တိုင်းရင်းသားလူမျိုးများကလည်းမတူညီမှုများကြောင့်တစ်ခါတည်မတွေ.ဆုံးမဆွေးနွေးတာတွေ၊မတူညီသည့်အခွင့်အရေးပေးခဲ့ရတာတွေ၊မတူညီသည့်ဆက်ဆံမှုလုပ်ခဲ့တာတွေကိုလည်ဆက်တိုက်ဆိုသလိုထိပ်ပြောင်းမောင်သိန်းစိန်းကဆက်ပြောနေလျက်ပါ၊နောက်ဆုံးပြောရရင်တော့၊သိန်းစိန်းတို.အာဏာရှင်အုပ်စုနဲ.မြန်မာပြည်သူများမတူညီလို.အတူတူနေလို.မရသလိုဗမာနဲ.ဗမာမဟုတ်သည့်တိုင်းရင်းသားလူမျိုးများကလည်းလူမျိုးချင်းမတူညီလို.တစ်ပြည်ထဲမှာအတူတူနေလို.မရဘူးဆိုသည့်သဘောဘဲ၊တိုင်းရင်းသားအသံ၏ယုံကြည်ချက်ကတော့၊မတူညီမှုများဟာပြဿနာမဟုတ်ပါ၊မတူညီမှုများကိုအသိအမှတ်မပြုလို.သာပြဿနာဖြစ်သည်။

သိန်းစိန်းပြောခဲ့သည့်စကားအပြည့်အစုံ၊

တိုင်းပြည်နှင့် လူမျိုးအခြေအနေကိုကြည့်ပြီး ဒီမိုကရေစီကို ပီပြင်အောင်လုပ်ဆောင်ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား


လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တိုင်းပြည်နှင့်လူမျိုး အခြေအနေကိုကြည့်ပြီး ဒီမိုကရေစီကို ပီပြင်အောင် လုပ်ဆောင်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘာလီ၌ မြန်မာသတင်းသမားများနှင့် တွေ့ဆုံစဉ် နိုဝင်ဘာလ ၁၉ရက် နေ့ ညနေပိုင်းအချိန်တွင် ပြောကြားခဲ့ပါသည်။

အစိုးရအုပ်ချုပ်မှု သက်တမ်းအနေဖြင့် ရှစ်လသာရှိသေးသည့်အတွက် အနောက်နိုင်ငံများတွင် ကျင့်သုံးနေသောဒီမိုကရေစီစနစ်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတက ပြောပါသည်။

''ဒီမိုကရေစီဆိုတာကို ခင်ဗျား တို့က ဘာတွေနဲ့နှိုင်းလဲ၊ ဘာတွေနဲ့ တိုင်းတာလဲ မသိဘူးပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီအကြောင်း ပြောရရင်တော့ အခုကျွန်တော်တို့ အစိုးရသက်တမ်းက ရှစ်လပဲ ရှိသေးတယ်။ အထူးသဖြင့် အနောက်နိုင်ငံ ဒီမိုကရေစီတွေနဲ့ နှိုင်းမယ်ဆိုရင် ခုနက အနောက်နိုင်ငံတွေက ဒီမိုကရေစီရဲ့ ဘိုးအေတွေ၊ ဘွားအေတွေ၊ နှစ်ပေါင်းထောင်ချီပြီးတော့ သူတို့က ဒီမိုကရေစီ ကျင့်သုံးလာတာ။ ဒီနိုင်ငံတွေနဲ့ တစ်ထပ်တည်းဖြစ်ဖို့ အံ့ဝင်ခွင်ကျဖြစ်ဖို့ကတော့ ကျွန်တော်တို့က တော်တော်လေးတော့ ကြိုးစားရမှာပေါ့'' ဟု နိုင်ငံတော် သမ္မတက ပြော ပါသည်။

ထို့အပြင် အနောက်နိုင်ငံများ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်နှင့် ထပ်တူကျအောင် လုပ်ဆောင်ရန်မဖြစ်နိုင်သေးဘဲ အံ့ဝင်ခွင်ကျဖြစ်အောင်သာ ကြိုးစားရမည်ဟု ဆိုပါသည်။

''အံဝင်ခွင်ကျဖြစ်အောင်ပဲ လုပ်လို့ရမယ်။ တစ်ထပ်တည်းဖြစ်အောင်တော့ လုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် တစ်အချက်က ကျွန်တော်တို့က လူမျိုးချင်းလဲ မတူဘူး။ နောက်တစ်ခါ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူဘူး။ ဓလေ့စရိုက်ချင်းလဲ မတူဘူး။ အစားအသောက်ချင်းလဲ ကျွန်တော်တို့က မတူဘူး။ အဲဒီတော့ လေးထောင့်ကို အဝိုင်းနဲ့စွပ်လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။ အဝိုင်းကို လေးထောင်နဲ့စွပ် လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး'' ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

သို့သော် မိမိတိုင်းပြည်နှင့်လူ မျိုး အကျိုးဖြစ်ထွန်းစေမည့် ဒီမိုက ရေစီစနစ်ကိုမူ ဖော်ဆောင်ရမည်ဖြစ် ကြောင်း ပြောကြားပါသည်။ ''ကိုယ့်လူမျိုး တွေအတွက် အကျိုးရှိမယ့် ဒီမိုကရေစီမျိုး ဒါက တော့ ကိုယ့်တိုင်းပြည်ရဲ့အခြေအနေ၊ ကိုယ့်လူမျိုးရဲ့ အခြေ အနေ ဒါတွေ ကို ကြည့်ပြီးတော့မှ ဒီမိုကရေစီ ပီပြင်အောင်တော့ လုပ်သွားရမှာ ပေါ့''ဟုနိုင်ငံတော်သမ္မတက ပြော ကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် နိုဝင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းအချိန်က (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် သတင်းရယူခဲ့သည့် ပြည်တွင်း၊ ပြည်ပမှ မြန်မာသတင်းများနှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.