တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, January 31, 2012

မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ.ပတ်သက်၍ BURMA VJ Media သတင်းအသုံးအနှုန်းကြောင့်ငြင်းခုံနေကြ

တိုင်းရင်းသားအသံ
မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ.ပတ်သက်၍ BURMA VJ Media
သတင်းအသုံးအနှုန်းကြောင့်ငြင်းခုံနေကြ

 အဓိကငြင်းခုံနေသည့်အသုံးအနှုန်းကိုမှင်နီဖြင့်ဟိုင်လိုက်ပေးထားသည်။

သအောက်ပါဘာမာဗီဂျေသတင်းကသုံးနှုန်းထားသည့်အသုံးအနှုန်းကိုမရှင်းမလင်းဖြစ်နေကြသည်၊ အစိုးရ နှင့် မွန်ပြည်သစ် ပါတီ ငြိမ်းချမ်းရေး ဆွေးနွေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ရောစ ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ Strand Hotel ၌ နံနက် ၉း၀၀ နာရီတွင် စတင် တွေ့ဆုံခဲ့ပါသည်။ အဲ့ဒီ အစည်းအဝေးအတွင်း အပစ်အခတ် ရပ်စဲရေးကို သဘောတူဆွေးနွေး လက်မှတ်ရေးထိုးခဲ့ကြပြီး အခု ဆွေးနွေးပွဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါသည်။ ပထမအကြိမ်မှာတော့ ထိုင်းနိုင်ငံတွင်း ဆခရဘူရီမြို့၌ အထက်ပါ နှစ်ဖွဲ့မှာ ဆွေးနွေးပြီး ဖြစ်ပါသည်။ 
By: Burma VJ Media Network 

အောက်ပါငြင်းခုံနေကြအသံများ၊ 

Aow Kou Rot မီဒီယာကို စတုတ္ထမဏ္ဍိုင်လို မျှတချင်တယ် ဆိုရင်တော့ အပြုသဘောနဲ့ ထောက်ပြသင့်ပါတယ်။ Process တွေကို ရှင်းရှင်းလင်းလင်း နားလည် ရပါတယ်။ သတင်းတွေရဲ့ details တွေကိုလဲ သိနိုင်သလောက် နှိုက် ထုတ်ရပါတယ်။ "နံနက် ၉း ၀၀ နာရီတွင အပစ်အခတ်ရပ်စဲရေးကို သဘောတူ ဆွေးနွေး လက်မှတ်ရေးထိုးခဲ့ကြပါသည်" ဆိုတာ အရမ်းကို မှားနေတဲ့ အရေးအသားပါ။ ကိုယ်စားလှယ်တွေကို အဲလောက်ထိ လုပ်ဆောင်ခွင့် မပေးထားတာ သဘောပေါက် ထားစေလိုပါတယ်။ ကေအန်ယူ ပွဲတုန်းကလဲ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး အဲဒီလို သုံးနှုန်းရေးသားတာတွေကို တွေ့ရပါတယ်။ နိုင်ငံကို ကောင်းအောင် ငြိမ်းချမ်းအောင် လူတိုင်း ဆန္ဒရှိကြပါတယ်။ မိမိဆန္ဒစွဲနှင့် မရေးသင့်ပါ။ သတင်းကို သတင်းလို ရေးစေချင်ပါတယ်။ လိုရာကို တွန်းပြီးရေးတာမျိုးဟာ ဝါဒဖြန့်ချီတဲ့ ပုံစံဖြစ်နေလို့ မိမိကိုယ်ကို လွပ်လပ်မျှတတဲ့ မီဒီယာအနေနဲ့ ရပ်တည်မယ်ဆိုရင် အသုံးအနှုန်းတွေ အချက်အလက်တွေကအစ တိကျ သေချာဖို့ လိုပါတယ်လို့ အကြုံ ပြုပါရစေ။ မီဒီယာကို အစဉ်လေးစားလျက် 

Thandar Phyu အရမ်းမှန်တာဘဲ။ အရးအသားတွေက ကိုယ်လိုရာ ဆွဲပြီးရေးနေသလိုဘဲ။ 

Nyan Lin Oo ဘာလို့လဲ? ဆွေနွေးပြီး လက်မှတ်ထိုးတာ တကယ်မဟုတ်ဘူးလား? KNU လဲလက်မှတ်ထိုးပြီးပြီလေ။ ဘာတွေကိုဆိုလိုချင်တာလဲ? 

Nyan Lin Oo ဒါဆို KNU က အတု လက်မှတ်ထိုးတာပေါ့။ ဗညာ ဃံင်သာင်ဇေတ်ဍာံ ဟာ ရှုပ်ကုန်ပီကွာ ၊ မြန်မာစစ်အစိုးရရဲ့လှည့်ကွက်အောက်မှာ တော်တော်ကြောက်ဖို့ကောင်းတယ်နော်၊ တိုင်ရင်သားလက်နက်ကိုင်းအဖွဲ့တွေ သတိထားပြီး လက်မှတ်ထိုးပါလို့ အကြံပြုချင်တယ်။ 

ow Kou Rot ကိုဥာဏ်လင်းဦး ဒီအချက်အပေါ်ကို စိတ်ဝင်းစားမယ်ထင်လို့ ပြန်ဖြေလိုက်ပါတယ်။ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုးခဲ့တဲ့လက်မှတ်ဟာ အပစ်အခတ် ရပ်စဲရေး အတွက်မဟုတ်ပါ။ နောက်တစ်ကြိမ် အပစ်အခတ် ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူတဲ့လက်မှတ် ရေးထိုးခြင်းပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအန်ယူနဲ့ ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ဘောင်ကျော်လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ပြသနာ တက်နေဆဲပါ။ ဘယ်လိုပြန်လည် ဖြေရှင်းရမလဲဆိုတာ ကေအန်ယူဗဟိုမှာ အရေးပေါ် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ပြီး ဆွေးနွေး ခဲ့ကြ တယ်။ နောက်တစ်သုတ် အတွက် ကိုယ်စားလှယ်လည်း ရွေးခဲ့တယ်။ လုပ်ပိုင်ခွင့်တွေကိုလည်း သတ်မှတ် ချထားခဲ့တယ်။ ဆိုတော့ အရင် ပြည်တွင်း မီဒီယာတွေရဲ့ အရေးအသားကို ပြန်ကြည့်မယ်ဆိုရင် "အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးတယ်" ဆိုတဲ့ အရေးအသားဟာ အစိုးရဘက်က ဝါဒဖြန့်ချီဖို့ ရေးတာလား၊ ဒါမှမဟုတ် သတင်းထောက်တွေ ကိုယ်တိုင်က ဒီအချက်အပေါ် မရှင်းလို့ ရေးကြတာလားတော့ ကျွန်တော် မသိပါ။ အရေးကြီး မှတ်သားစရာ တစ်ချက်က " ကိုယ်စားလှယ်တွေကို အာဏာကုန်အပ်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်" လို့ ဘယ်နိုင်ငံရေး ပါတီကမှ ချမှတ်ထားခြင်း မရှိဘူး ဆိုတဲ့အချက်ပဲ။ ဆွေးနွေးချက်တွေကို သူ့ဘက်ကိုယ့်ဘက် ညှိုပြီး ရရှိတဲ့သဘောတူညီချက်ကို အထက်ကို တင်ပြဖို့ပဲ ရှိပါတယ်။ အဲဒါကို နားလည် စေချင်ပါတယ်။ 

Tineyintharvoice Ethnicnationalitiesvoice မီဒီယာတိုက်ပွဲအောက်မှာနာမည်ပျက်နိုင်တယ်ဆိုတာသက်သေအထောက်အထားရှိခဲ့သည့်အတွက်ကြောင့်ဆွေးနွေးပွဲများနဲ.ပတ်သက်၍အမှန်အတိုင်းဖော်ပြရန်ကေအိုင်အိုရော၊ကေအန်ယူပါတောင်းဆိုခဲ့သည်၊ဒါကြောင့်၊တိုင်းရင်းသားမီဒီယာများအနေနဲ.ပိုမိုလုပ်ဆောင်ဖို.လုပ်အပ်ပါသည်၊ဘာပဲဖြစ်ဖြစ်မကြာခင်မှာမွန်ပြည်သစ်ပါတီကတရားဝင်ထုတ်ပြန်လိမ့်မည်လို.မျှော်လင့်ပါလျက်

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.