တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Sunday, March 15, 2009

နေအိမ် အကျယ်ချုပ် ချထားမှု ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် အာခံ ဆန့်ကျင်

တိုင်းရင်းသားအသံ

အောက်ပါသတင်းကိုဖတ်ရပြီး စိတ်အားထက်သန်းမှုအတွေးအခေါ်တစ်ခုပေါ်လာပါတယ်၊မှားလားမှန်လားတော့မသိဘူး၊တင်
ပြချင်တာကဒီလိုပါ၊အကျယ်ချုပ်ချခံ ပါကစ္စတန်အတိုက်အခံခေါင်းဆောင်ကသတ္တိရှိရှိအာခံသလိုမျိုး ဒို.မြန်မာပြည်မှာရှိတဲ့ အကျယ်ချုပ်အကျခံနေသောဒို.အတိုက်အခံခေါင်းဆောင်တွေကလဲနေမဝင်ခင်တစ်ခုခုလုပ်ပေးရင်အကျိုးရှိမလားလို.စဉ်းစား နေတယ်၊လုပ်ဖို.မလွယ်ကူဘူးဆိုတာအားလုံးအသိပါ၊ဒါပေမဲ့၊ရနိုင်တဲ့နည်းရှိကောင်းရှိပါလိမ္မည်၊ဒါကလူတစ်ယောက်ရဲ.အိပ်မက် သက်သက်သာဖြစ်ပါတယ်၊ပိတ်နေတဲ့လမ်းကိုပေါက်သွားအောင်ရည်ရွယ်ချက်နဲ.တင်ပြလိုက်ပါသည်၊
နေပူးချိန်မှာအဝတ်မလှမ်း ဘဲမိုးချုပ်ပြီးမှအဝတ်လှမ်းရင်ဘာထူးမှာလဲ?

နေအိမ် အကျယ်ချုပ် ချထားမှု ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် အာခံ ဆန့်ကျင်

15 March 2009 ဗွီအိုအေသတင်း

ပါကစ္စတန်နိုင်ငံက အစိုးရ ဆန့်ကျင်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့ လာဟိုးမြို့မှာ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် နာဝတ်ရှာရစ် က သူ့ကို နေအိမ်အကျယ်ချုပ် ချခဲ့တာကို အာခံတယ်လို့ ပြောလိုက်ပါတယ်။ မြို့ထဲလမ်းတွေပေါ်က သူ့အပေါ် ထောက်ခံသူတွေကလည်း ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ ရဲနဲ့ ဆန္ဒပြသူတွေကြား ၅ရက်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ မှုာ အရှိန်အမြင့်ဆုံး အနေအထား ဖြစ်နေပါတယ်။ ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေ သံချပ်ကာကားတွေ သုံးပြီးတော့ ဆန္ဒပြ သူတွေကို နောက်ပြန်ဆုတ်အောင် ကြိုးစားနေပေမယ့်လည်း ဆန္ဒပြသူတွေကလည်း နောက်ဆုတ်မသွားပါဘူး။

အရင်သမ္မတဟောင်း ပါဗစ်မူရှာရစ် ရာထူးကနေ ဖြုတ်ချခဲ့တဲ့ တရားရုံးချုပ်ရှေ့နေကြီးကို ရာထူးပြန်ပေးရေး အစ္စလာမ် မာဘတ် မြို့တော်အထိ ချီတက် ဆန္ဒပြ တောင်းဆိုကြဖို့ ၀န်ကြီးချုပ်ဟောင်း နာဝတ်ရှာရစ်က သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။ ခရီးရှည် ဆန္ဒပြပွဲမှာ မပါနိုင်အောင် မစ္စတာ ရှာရစ်နဲ့ သူ့အကိုတော်စပ်သူကို အစိုးရက ၃ရက်ကြာ အကျယ်ချုပ်ချထားတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ တရားမ၀င် လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပြီး နေအိမ်ကနေ ထွက်ခွာကာ ဆန္ဒပြယာဉ်တန်းကြီးနဲ့ မစ္စတာ ရှာရစ်လိုက်ပါသွားပါတယ်။ တရားရုံးချုပ်ရှေ့နေကြီးကို ရာထူး ပြန်ပေးလိုက်ရင် လက်ရှိသမ္မတ အဆစ် ဇာဒါရီကို စွဲဆိုထားတဲ့ အဂတိလိုက်စားတယ်ဆိုတဲ့ အမှုကို ပြန်ဖွင့်နိုင်ပြီး သူ့ရဲ့ နိုင်ငံ ခေါင်းဆောင်မှုကို စိန်ခေါ်မှု အန္တရာယ်တွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။




No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.