တဘက်သတ်တွေ့ဆုံ ဆွေးနွေးရေးမလိုလား ဟု SSA ကြေငြာချက်ထုတ်ပြန်
ဗုဒ္ဓဟူးနေ့၊ 25 မတ်လ 2009 သျှမ်းသံတော်ဆင်
နအဖ ဗမာစစ်အစိုးရ နှင့်တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ဖို့ရန် RCSS/SSA ဘက်မှ အစဉ်တံခါးဖွင့် လက်ကမ်းကြိုဆို သော် လည်း တဘက်သတ်ဆန္ဒဖြင့် ဆွေးနွေးရေးကို မူမလိုလားကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA ယနေ့ (၂၅/၃/၀၉) တွင် ကြေငြာချက်ထုတ်ပြန်၏။
က

RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်
RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်က -“ ရွေးကောက်ပွဲကျင်းပါတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတော် အဖြစ်ပြုပြင် ပြောင်းလဲဘို့ စစ်အုပ်စုက ၀ါဒဖြန့်ကြွေးကြော်နေပေမဲ့ ဦးဆောင်လုပ်နေသူတွေရဲ့လမ်းစဉ်က မမှန်ကန်ဘူး။ တဘက် သတ် မဟုတ်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲကော်မရှင်လည်းရှိရမယ်” ဟုဆို၏။
“တွေ့ဆုံဆွေးနွေးရေးက နအဖ စစ်အစိုးရဘက် ယိမ်းယိုင်လိုက်လျောရမယ့် ဆွေးနွေးမှုမျိုးတော့ လက်မခံနိုင်ဘူး။ နှစ်ဘက် စလုံး ရဲ့လိုလားချက်အစစ်အမှန်ကို ဆွေးနွေးညှိနှိုင်း နိုင်ရင် အကောင်းဆုံးဘဲ” - ဟု ဆက်ပြောပြ၏။
သျှမ်းပြည်သည် ဗမာစစ်အစိုးရ၏ ကိုလိုနီနယ်မြေမဟုတ်သည့် မျှတ တန်းတူ လွတ်လပ် စစ်မှန်သော ပြည်ထောင်စု အတွင်းမှ ပြည်ထောင်တခုဖြစ်ကြောင်း၊ သျှမ်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအားလုံး သျှမ်းပြည်သားများ ကိုယ်တိုင် ဖြေရှင်းနိုင်သည့်အခွင့်အရေးများ ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင်ဗမာစစ်အစိုးရထိန်းချုပ် ခြယ်လှယ်မှုမရှိဘဲ ဘိန်း အစားထိုးသီးနှံများကို သျှမ်းပြည်သားများလွတ်လပ်စွာ စီမံဆောင်ရွက်စိုက်ပျိုးရောင်းဝယ်ခွင့် ရှိမှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးယွက်စစ်က ပြောဆိုပါသည်။
No comments:
Post a Comment