တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, March 27, 2009

မွန်ပြည်သစ်ပါတီညီလာခံ၏ ဗဟိုကော်မတီဝင် အားလုံး စရဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြ

တိုင်းရင်းသားအသံ
မွန်ပြည်သစ်ပါတီညီလာခံ၏ ဗဟိုကော်မတီဝင် အားလုံး စရဖ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြ
Fri 27 Mar 2009, မိမွန်စွန်း
မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် မတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ဗဟိုကော်မတီဝင် အားလုံး ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြသည်။

မတ်လ (၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်နှင့် စစ်ဘက်ရေးရာ လုံခြုံရေး ညွန်ကြားရေးမှုချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံပြီး နောက်ပိုင်းတွင် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် အာလုံးနှင့် တွေ့လိုကြောင်း တောင်းဆိုခဲ့သည်။


မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်နှင့် နီးစပ်သူတစ်ဦးက “ အခုအကြိမ်ကျင်းပတဲ့ မွန်ပြည်သစ်ပါတီ ညီလာခံမှာ ဗဟိုကော်မတီဝင်အားလုံး တွေ့ဆုံဖို့ ဆွေးနွေးခဲ့တယ်၊ နောက်တစ်လ နှစ်လကြာရင် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒုတိယ ဥက္ကဌ နိုင်ရဿ အဖွဲ့ဝင်တို့နှင့်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် စည်းရုံးခဲ့သည်ဟု မွန်ပြည်သစ်ပါတီ သတင်းရပ်ကွက်က ဆိုသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားခေါင်းဆောင်များကို ပါဝင်လာရန် စည်းရုံးရေးတာဝန်ယူရသည်ဟု ဒုဗိုလ် ချုပ်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ပါတီဝင်တစ်ဦးက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံခဲ့သည့် အဖွဲ့ဝင်တစ်ဦးနှင့် နီးစပ်သူတစ်ဦး၏ အဆိုအရ ၂၀၁၀ ရွေးကောက်ပွဲကို မွန်ပြည်သစ်ပါတီက ပါဝင်ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တောင်းဆိုခဲ့သော်လည်း မွန်ပြည်သစ်ပါတီက ငြင်းပယ်ခဲ့ပြီး ၄င်းတို့ ရပ်တည်ချက်အတိုင်း လုပ်ဆောင်သွားမည်ဟု သိရသည်။

ဇန်နဝါရီလတွင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌် သတ္တမအကြိမ်မြောက် ပါတီဗဟို ညီလာခံမှ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံပယ်ချခဲ့ပြီး၊ စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပေးမှသာ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ကြေငြာချက် မထုတ်ပြန်ခဲ့ပေ။

သျှုမ်းသံတော်ဆင့်သတင်း၏ အဆိုအရ ဇန်နဝါရီလ ၁၇- ၁၈ ရက်နေ့တွင် အင်အား ၃၀ ခန့် ပါသည့် “ဝ” ခေါင်းဆောင်များနှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း “ဝ” အဖွဲ့က လက်မခံခဲ့ကြောင်း သိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.