တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, December 11, 2009

၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်

တိုင်းရင်းသားအသံ
၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်
သောကြာနေ့၊ 11 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်
ယခုလ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံမှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ထူထောင်ကြောင်းထုတ်ပြန်ကြေငြာချက်ဖြင့်၂၀၁၀ စိန်ခေါ်မှုအား ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အခု ပအိုဝ်းအမျိုးသားညီလာခံ ကနေ ဖွဲ့စည်းထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ဟာ လက်ရုံးရည် နှလုံးရည်နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် နအဖ ၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ် မြောက် ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ” - ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်ဟု ကြေငြာချက်၌ဖေါ်ပြထား ပါသည်။
၁၁/၁၂/၀၉ ၌ကျရောက်သည့် နှစ်ခြောက်ဆယ်ပြည့် ပအိုဝ်းအမျိုးသား တော်လှန်ရေးနေ့မတိုင်မှီ ပအိုဝ်း အဖွဲ့အစည်း အားလုံး စုစည်းပြီး ၃ ရက်ကြာ ညီလာခံ ကျင်းပကာ PNLO ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထူထောင်ကြောင်း လည်း ကြေငြာခဲ့သည်။

“အခြားအဖွဲ့အစည်းနာမည် မသုံးတော့ဘူး၊ ဆိုင်ရာလုပ်ငန်းတွေတော့ ဆက်လုပ်မယ်။ အမှုဆောင်သစ် ဥက္ကဌသစ်ရွေးချယ် တယ်။ အနာဂတ်အမျိုးသားရေးအတွက် စည်းရုံးမှုရခဲ့တယ်ဆိုတော့ဝမ်းသာတယ်ဗျာ”- ညီလာခံတက်ရောက် သူပအိုဝ်း လူငယ် ခွန်အောင်ခမ်းက ပြောပါသည်။

အသစ်ဖွဲ့စည်းလိုက်သည့် PNLO သည် ခွန်တိဆောင် ဦးဆောင်သည့် PNLO နှင့် အမည်တူသော်လည်း အခြားအဖွဲ့အ စည်းများစွာ၏ အမည်တို့ပူးပေါင်း၍ မှည့်ထားခြင်းဖြစ်သည့်အလျောက် ခေါင်းဆောင်သစ် ကော်မတီအသစ် ဖြင့်ပြန် လည်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အမျိုးသားတန်းတူရေးရပ်တည်ချက် ရည်မှန်းချက်ပန်းတိုင်နှင့် အဖွဲ့အစည်းမူကိုတော့ ပြောင်းလဲခြင်းမရှိဟု ဆို၏။

“ကျနော်တို့ ပအိုဝ်းအမျိုးသား တစုတစည်းဖြစ်အောင်လုပ်နိုင်ခဲ့သလို အမိသျှမ်းပြည်ကြီးလွတ်မြောက်ဖို့ မိမိမွေးရာပါ အခွင့် အရေးတိုက်ယူဖို့ ဦးတည်ချက်ချနိုင်ခဲ့တယ်။ တခြားတိုင်းရင်းသားတွေလဲ အဲလိုဖြစ်စေချင်တယ်။ ဒါမှ သျှမ်းပြည်သား အချင်း ချင်းကြား သတင်းပြန်ကြားရေးမှာရော ပူးပေါင်းဆောင်ရာမှာရော အလွယ်တကူလက်တွဲနိုင်မှာ” - ဟု ပအိုဝ်းလူငယ် ခွန်အောင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

ထိုင်း - မြန်မာနယ်စပ်တနေရာ၌ ကျင်းပသည့် သုံးရက်ကြာညီလာခံမှ ဖွဲ့စည်းနိုင်ခဲ့သော PNLO ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်တွင် SPNLO ခွဲထွက် ခွန်တိဆောင် ခေါင်းဆောင်သည့် PNLO အဖွဲ့ ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင် သည့် PPLO အဖွဲ့အပြင် အခြားအဖွဲ့အစည်းအများအပြားပါဝင်ကြောင်း၊ ညီလာခံတက်ရောက်သူ ကိုယ်စားလှယ် ၁၀၀ ကျော်ရှိကြောင်း သိရပါသည်။

ပအိုဝ်းတိုင်းရင်းသားများသည် ကရင်ပြည်၊ မွန်ပြည်၊ ပခူးတိုင်း၊ မန္တလေးတိုင်း၊ ကယား ခေါ် ကရင်နီပြည်နှင့် သျှမ်းပြည် တောင်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်ပြီး ၁၉၄၉ ဒီဇင်ဘာ ၁၁ ရက်နေ့၌ ‘ပအိုဝ်း လုံးဘူး’ PaO Solidarity ဖွဲ့စည်းကာ ပဒေသရာဇ်သျှမ်းစော်ဘွားများ ကို စတင်တော်လှန်ခဲ့သည်။ ထိုနေ့ကိုအစွဲပြု၍ ပအိုဝ်းတော်လှန်ရေးနေ့ဖြစ်လာခဲ့သည်။

သျှမ်းပြည်စော်ဘွားများ အာဏာစွန့်ရန် ဆုံးဖြတ်ပြီးနောက် ၁၉၅၈ တွင် လက်နက်ချသည်။ သို့သော် ၈ နှစ်အကြာတွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အမည်ဖြင့် စစ်အစိုးရကို ပြန်လည်ဆန့်ကျင်တော်လှန်ခဲ့သည်။

နောက်ပိုင်း တာခဲလယ်ခေါင်းဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ထောက်ခံသည့် SNPLO (၁၉၉၄ အပစ်ရပ် ) ခေါ် ပအိုဝ်းနီ တပ်ဖွဲ့ နှင့် ပအိုဝ်းဖြူခေါ် ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO (၁၉၉၁ အပစ်ရပ် ) အဖွဲ့ဟူ၍နှစ်ဖွဲ့ကွဲသွား ခဲ့သည်။ အခု ဖွဲ့စည်းလိုက်သည့် PNLO မှာ ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO အပစ်ရပ်အဖွဲ့ မပါဝင်သေးသော်လည်း ရန်ဆောင်တိုက်ပွဲများ ဆင်နွဲမည်မဟုတ်ကြောင်း ညီလာခံအတွင်းပြောဆိုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။

အဆိုပါဖွဲ့စည်းလိုက်သည့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တွင် ဒီမိုကရေစီစနစ်ဖြင့် ပထမဆုံးရွေးချယ် တင်မြောက်ခံရသည့် ပုဂ္ဂိုလ်များမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဥက္ကဌ၊ ဗိုလ်မှူးချုပ် ခွန်တိဆောင် ဒု ဥက္ကဌ၊ ခွန်မြင့်ထွန်း အထွေထွေ အတွင်းရေးမှူး၊ ဗိုလ်မှူးခွန်သူရိန် တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ၊ ခွန်မျိုး တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ၊ ခွန်အိုဝ်း နှင့် ခွန်အောင်ကျော် ဗဟိုကော်မတီဝင် အပါအ၀င်ကော်မတီဝင် ၁၅ ဦးရှိသည်ဟုသိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.