တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, December 15, 2009

တရုတ်ဒုတိယ ဗိုလ်ချုပ်ကြီး က သွေးထွက်သံယို မဖြစ်စေရန် နအဖ ဗိုလ်ချုပ်များကို နှစ်သိမ့် ဖွယ်ရှိ

တိုင်းရင်းသားအသံ

တရုတ်ဒုတိယ ဗိုလ်ချုပ်ကြီး က သွေးထွက်သံယို မဖြစ်စေရန် နအဖ ဗိုလ်ချုပ်များကို နှစ်သိမ့် ဖွယ်ရှိ

အင်္ဂါနေ့၊ 15 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်
ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ချန်ဒူးစစ်ဒေသ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူရှမ်း ( Ai HuSheng ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ မြန်မာပြည်ခရီးစဉ် တွင်သျှမ်းပြည် အခြေဆိုက် နအဖ စစ်တိုင်းမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း ယခုလ ၁၁ ရက်နေ့ထုတ် နအဖပိုင် သတင်း စာတွင် ရေးသား ထားသည်။

အဆိုပါ ခရီးစဉ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့ က ကြပ်ပြေး နေပြည်တော်၌ သျှမ်းပြည်ရှိ နအဖ စစ်တိုင်း ၃ တိုင်း အား ဦးစီးကွပ်ကဲရသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

၎င်းအပြင် ကျိုင်းတုံ နှင့် လားရိုးမြို့ အခြေဆိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် တို့နှင့်လည်း ဒီဇင်ဘာလ ၆ ရက်နှင့် ၈ ရက်နေ့များက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယခု တွေ့ဆုံမှုအတွင်း တရုတ်နယ်စပ်နှင့်ကပ်နေသော သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များကိစ္စ ဆွေးနွေး ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

နောက်အကြောင်းတစ်ခုမှာ နအဖစစ်တပ်က တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဒီဇင် ဘာလ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအား အကြောင်းပြန်ကြားရန် ရာဇသံပေးထား ချိန်နှင့် တိုက်ဆိုင်နေသည်။

တရုတ် ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူရှမ်းသည် တိဘက် ကွေ့ကြိုး စီချွမ်း ချန်ဒူး ယူနန် စသည့် ပြည်နယ် ၅ ခု၏ စစ်ဒေသအကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏ ယခုမြန်မာပြည် ခရီးစဉ်မတိုင်မှီ ယူနန်ပြည်နယ် စစ်ဒေသမှူးတစ်ဦး က နိုဝင်ဘာလလယ်ပိုင်းတွင် နေပြည်တော်အပါအ၀င် လားရိုးစစ်တိုင်းမှူးများနှင့် တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

နအဖစစ်တပ် နှင့်တိုင်းရင်းသား အဖွဲ့များ လက်နက်ကိုင်ပဋိပက္ခ မဖြစ်ပွားရေး အတွက် အိုက်ဟူရှမ်း က ယခု ခရီးစဉ် တွင် နအဖစစ်ဗိုလ်ချုပ်များအပေါ် ဖြောင့်ဖျခြင်း ဖြစ်နိုင်ကြောင်း တရုတ် နယ်စပ်မှ စစ်ရေး နိုင်ငံရေး လေ့ လာသူ ဦးအောင်ကျော်ဇော က ယခုလို သုံးသပ်သည်။

“သူ့ခရီးစဉ်ကတော့ သိပ်သိသာပါတယ် နယ်ခြားဒေသမှာ အမျိုးသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အလားအလာပေါ်မှာ မြင်နေတဲ့အောက်မှာ ကြားဝင်ဖြန်ဖြေတဲ့ သဘောထားတွေဖြစ်နိုင် တယ် ”

“၀ လူမျိုးစု ၇ သိန်းကျော်ရှိတဲ့အထဲမှာ ၃ သိန်းကျော်က တရုတ်ဘက်မှာရှိတယ် ဒီတရုတ်ပြည်နဲ့ မြန်မာပြည်ထဲက ၀ အမျိုးသားခေါင်းဆောင်တွေ ဆက်စပ်မှုက အတော်ကြီးမားတယ် ဒါကြောင့် ကိုးကန့်လိုမျိုးမျက်နှာ လွဲခဲပစ်လုပ် လို့မရဘူး သူဆန္ဒရှိသည်ဖြစ်စေ ဆန္ဒမရှိသည်ဖြစ်စေ အခုကိစ္စက သူကိုယ်တိုင် တစ်စုံတစ်ရာ ၀င်ရောက် ပတ် သက်ရမယ်ဒါကြောင့်မို့ လို့ ယူနန်စစ်ဒေသမှူးလာတာ ကြိုတင်ညှိနှိုင်းတဲ့သဘောရှိတယ် ပြီးမှ သူထက်ကြီးတဲ့ စစ်ဦးစီးမှူးလာတာ ဒီလိုအနေအထား အောက်မှာ ကြားဝင်ဖြန်ဖြေတဲ့ အနေအထားမျိုးဖြစ်နိုင်တယ် ” လို့ သူက ပြောသည်။

တရုတ်အစိုးရက တိုက်ပွဲများ မဖြစ်ပွားအောင်တားနေသည့်ကြားက ယခုနှစ်အတွင်း ဗမာစစ်တပ်မှ ကိုးကန့် တပ်ဖွဲ့အား ၀င်ရောက်တိုက်ခိုက်ခဲ့သဖြင့် တရုတ်အစိုးရအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရကြောင်း ဆိုကြသည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.