တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, December 31, 2009

ပဉ္စမအကြိမ် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက်

တိုင်းရင်းသားအသံ

ပဉ္စမအကြိမ် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ

ထုတ်ပြန်ကြေငြာချက်

ရက်စွဲ - ဒီဇင်ဘာ ၃၁၊ ၂၀၀၉

မွန်လူမျိုးအပေါင်းတို့ -

မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (Mon Affairs Union - MAU)မှ ပထမဦးဆုံးအကြိမ် ဦးစီးကျင်းပသည့် ပဉ္စမအကြိမ်မြောက် မွန်အမျိုးသားရေးရာနှီးနှောဖလှယ်ပွဲ (5th Conference on Mon National Affairs)ကို ဒီဇင်ဘာ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၃)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ယခု နှီးနှောဖလှယ်ပွဲကို လွတ်မြောက်ဒေသတနေရာ၌ ကျင်းပရာ ဒေသ(၄)ဒေသ (ပြည်တွင်း၊ လွတ်မြောက်နယ်မြေ၊ ထိုင်းနိုင်ငံနှင့် နိုင်ငံခြား)မှ မွန်ကိုယ်စားလှယ် (၈၉)ဦး တက်ရောက်ခဲ့ပါသည်။

မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကို လွန်ခဲ့သည့်(၂)နှစ်ခန့်က စတင် ဖွဲ့စည်းခဲ့ရာ အဖွဲ့ချုပ်အောက်တွင် ရေးရာဌာန(၅)ဌာနဖြင့် ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေး၊ လူထုအခြေပြုအဖွဲ့အစည်း၊ လူ့အခွင့်အရေးနှင့်တရားမျှတရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် အမျိုး သားရံပုံငွေရေးရာ ဌာနများကို အဖွဲ့ချုပ်၏ လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းခဲ့သည်။

မွန်အမျိုးသားရေးရာနှီးနှောဖလှယ်ပွဲသည် မွန်အမျိုးသားများတွင် အဆင့်မြင့်ဆုံး နှီးနှောဖလှယ်ပွဲတရပ်ဖြစ်ကာ မွန်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့် ရေးရာဌာနအောက်ရှိ လုပ်ငန်းဆောင်တာများကို နှီးနှော ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲကြီးတွင် ဒေသအသီးသီးမှ ကိုယ်စားလှယ်များကအောက်ပါစာတမ်းများကို တင်ပြခဲ့ကြသည်။

(က) မွန်လူထုများအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး

(ခ) မွန်မျိုးဆက်များ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး

(ဂ) ၂၀၁၀ ခုနှစ်နှင့် ပတ်သက်သည့် နိုင်ငံရေး အမြင်သုံးသပ်ချက် နှင့်

(ဃ) မွန်လူထုတရပ်လုံးအား ကိုယ်စားပြုသည့် မွန်အဖွဲ့အစည်းပေါ်ပေါက်ရေး စသည့်စာတမ်းများကို တင်ပြခဲ့ ကြပေသည်။ ထိုစာတမ်းများအပေါ် တက်ရောက်လာသူ ကိုယ်စားလှယ်များမှ မွန်တမျိုးသားလုံး၏ အကျိုးစီးပွားအတွက် တင်ပြဝေဖန်၊ နှီးနှောဆွေးနွေးခဲ့ကြသည်။

မွန်ပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယမူကြမ်း)ကိုလည်း ဆက်လက်ထောက်ပြဝေဖန် ဆွေးနွေးကြပြီး လိုအပ် သည့်အခြေခံဥပဒေအသစ်များကို ဖြည့်စွက်ကာ ထိုမူကြမ်းအား ထပ်မံ အတည်ပြုလိုက်သည်။ ထို့အပြင် မွန်အမျိုးသားများအပေါ် အန္တရာယ်ဖြစ်စေမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယခု နှီးနှောဖလှယ်ပွဲကြီးတွင် နောက်ထပ် (၂)နှစ်တာ မွန်အမျိုးသားရေးများကို ဆက်လက် တာဝန်ထမ်းဆောင်သွားရန်နှင့် ကိုယ်စားလှယ်များ တင်ပြထားခဲ့သည့်ရေးရာကိစ္စများအား ဆက်လက် အကောင်အထည်ဖော်ရန် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ဗဟို ကော်မီတီအဖွဲ့ဝင် အသစ်အား အဖွဲ့ဝင် (၃၃)ဦးဖြင့် ထပ်မံ ဖွဲ့စည်းလိုက်သည်။

မွန်အမျိုးသားအပေါင်းတို့ -

လာမည့် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်ကတည်းက ၎င်းတို့ရေးဆွဲ၊ အတည်ပြုထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်အပေါ် အခြေခံပြီး ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်နေပေသည်။ ထိုရွေးကောက်ပွဲသည် ဗမာ့တပ်မတော်၏ စစ်အုပ်ချုပ်ရေးအား သက်ဆိုးရှည်စေပြီး မွန်လူထုများအတွက် အကျိုးမဖြစ်၊ ဒီမိုကရေစီ အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေး များကိုလည်း အာမခံ ဖော်ဆောင်ပေးမည်မဟုတ်ကြောင်း တက်ရောက်လာသည့်ကိုယ်စားလှယ်များမှ သုံးသပ်ကြပါသည်။

အမျိုးသားရေးလုပ်ငန်း ထမ်းဆောင်သည့်အခါမယ် စာပေယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းနေရုံမျှနှင့်မပြီး။ မိမိတို့၏အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို မရမချင်း အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ဆက်လက်ပြီး ရှိနေမည်ဖြစ်ပေသည်။ ထို့ကြောင့် မွန်မျိုးချစ်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့အကြား တိုင်ပင် ညှိနှိုင်းပြီး မွန်အမျိုးသားတို့၏ အကြီးမားဆုံး လူထုအစည်းအဝေးပွဲတရပ်ဖြစ်သည့် မွန်အမျိုးသားညီလာခံကြီးကို ကျင်းပနိုင်ရန် အဖက်ဖက်ကနေ ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

မွန်အမျိုးသားရေးရာအဖွဲ့ချုပ်

ဆက်သွယ်ရန် - နိုင်ကဆော့မွန် ၀၈၁၃၆၅၉၁၄၀ (ထိုင်းနိုင်ငံ)




No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.