တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, August 12, 2010

ရခိုင်လူငယ် ၁၁ ဦးကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ပြီ

တိုင်းရင်းသားအသံ
ရခိုင်လူငယ် ၁၁ ဦးကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ပြီ

8/11/2010

---------------
မင်းဆက်ခိုင်
---------------
အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသော ရခိုင်လူငယ် ၁၁ဦးကို သြဂတ်စ်လ ၁၁ ရက်နေ့က အင်းစိန်ထောင်တွင် တည်ရှိသော အနောက်ပိုင်းတိုင်း တရားရုံးက နှစ်ရှည် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။

ရခိုင်လူငယ် ၁၁ ဦးမှာ စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ဖြစ်ပြီး အနောက်ပိုင်း ခရိုင် တရားရုံးမှ ဒုတိယ (၁) ခရိုင် တရားသူကြီး ဥင်္ီးမြင့်စန်းက ထောင်ဒဏ် ၃နှစ်မှ ၉နှစ်အထိ အသီးသီး ချမှတ် လိုက်ခြင်းဖြစ်သည်။

ကိုနိုင်စိုး(ခေါ်)မဲလုံး၏ ဆွေးမျိုးတဦးက“ ထောင်ဒဏ်ချမှတ်တဲ့အထဲမှာ ကိုရဲထက်စိုးက အများဆုံးပေါ့ ၉နှစ်ဆိုတော့။ ကိုမဲလုံးကိုတော့ အမှုနှစ်မှုနဲ့ ၈နှစ် ချမှတ်လိုက်ပါတယ်။ မိသားစုဝင်တွေက တော်တော့ကို စိတ်မကောင်း ဖြစ်နေကြပါတယ်။ အယူခံဝင်မယ်လို့လည်း စီစဉ်နေကြပါတယ်။” ဟု ပြောသည်။

၎င်းတို့ထဲမှ ကိုနိုင်စိုး(ခေါ်)မဲလုံးကို အသင်းအဖွဲ့ဥပဒေပုဒ်မ ၇ ဖြင့် ၃နှစ်၊ ဖေါက်ခွဲရေး ပစ္စည်း လက်ဝယ်ထားရှိ မှုဖြင့် ၅နှစ် စုစုပေါင်း ၈နှစ်နှင့် ကိုရဲထက်စိုးအား အသင်းအဖွဲ့ဥပဒေပုဒ်မ ၇ ဖြင့် ၃နှစ်၊ ဖေါက်ခွဲရေးပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် ၅ နှစ်၊ ဂြိုလ်တု ဆက်သွယ်ရေး ဖုန်းတလုံး ဖမ်းဆီး ရမိခြင်းဖြင့် ၁နှစ် စုစုပေါင်း ၉နှစ် ချမှတ်လိုက်သည်။

ကိုထွန်းလင်းကျော်၊ ကိုခိုင်ကျော်မိုး အပါအဝင် ၆ဦးကို အသင်းအဖွဲ့ဥပဒေပုဒ်မဖြင့် ၃နှစ်၊ နယ်စပ်တရားမဝင် ဖြတ်ကျော်မှုဖြင့် ၃နှစ် စုစုပေါင်း ၆နှစ် ချမှတ်လိုက်သည်။ ကျန်လူငယ်များကို သုံးနှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

ကိုခိုင်ကျော်မိုး၏ သူငယ်ချင်းတဦးက“ အခုလို ချမှတ်လိုက်တာက လုံးဝမတရားဘူးလို့ ပြောချင်ပါတယ်။ သူတို့ကို ဖမ်းတုန်းကလည်း သက်သေအထောက်အထားတွေ တခုမှ မပြပဲနဲ့ ဖမ်းခဲ့တာ ဖြစ်တယ်။ အခုလည်း သူတို့ (အာဏာပိုင်များ) စိတ်ကြိုက် ပုဒ်မတွေတတ်ပြီးတော့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်ဆိုတော့ လုံးဝ မတရားလို့ မြင်ပါတယ်။”

အဆိုပါ ရခိုင်လူငယ် ၁၁ဦးကို ၂၀၀၉ ခုနှစ် စက်တင်္ဘာလ ၄ရက်နေ့က အမေရိကန်နိုင်ငံသား ကိုညီညီအောင် အားမင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးစဉ် တရက်တည်းတွင် ဖမ်းဆီးခဲ့သည်။

သူတို့အား ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်နိုင်ငံသား ကိုညီညီအောင်နှင့် ဆက်စပ်မှု ရှိသည်ဟု စွပ်စွဲပြီး ရန်ကုန်တွင် ဖေါက်ခွဲရေး အစီအစဉ်များလုပ်ဆောင်ရန် ပြင်ဆင်နေသူများ ဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် နအဖစစ်အစိုးရမှ မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့သည်။

သို့သော်လည်း အမှုတင်သည့်အခါ ကိုညီညီအောင်နှင့် ဆက်စပ်ပြီး အမှုတင်ခြင်းမရှိဟု သိရသည်။

အဆိုပါ ရခိုင်လူငယ် ၁၁ဦးမှာ အသက် ၂၀ နှစ် အရွယ်ဝန်းကျင်ရှိသူ လူငယ်များ ဖြစ်ပြီး သူတို့မှာ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်) မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနှင့် နောက်တဦး တို့ဖြစ်ကြပြီး သူတို့မှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များမှဖြစ်ကြသည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.