တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, August 3, 2010

ရခိုင် သံဃာ့ သမဂ္ဂ ၏ ပထမဦးဆုံး အကြိမ် ညီလာခံအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့

တိုင်းရင်းသားအသံ
ရခိုင် သံဃာ့ သမဂ္ဂ ၏ ပထမဦးဆုံး အကြိမ် ညီလာခံအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့

မိုးမိုးကျော် (Arakan Review)

သြဂတ်(စ်)- (၂)၊ ၂၀၁၀။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သော ရခိုင့် သံဃာ့ သမဂ္ဂ (Rakhine Sangha Union) ၏ ညီလာခံအား တွေ့မြင်ရစဉ်

ရခိုင်သံဃာ့ သမဂ္ဂ (Rakhine Sangha Union) ၏ ပထမဦးဆုံး အကြိမ် ညီလာခံအား (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့ အထိ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ညီလာခံသို့ ပြည်တွင်း၊ ပြည်ပမှ ရခိုင်ရဟန်းသံဃာတော် အပါး (၄၀) တက်ရောက်ခဲ့ပြီး၊ ဒေသအသီးသီးမှ အကြောင်း အမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ကြသော ရခိုင်သဃာ့သမဂ္ဂ ကိုယ်စားလှယ် ရဟန်းတော်များကလည်း ဖုန်း၊ အင်တာနက်၊ အီးမေးလ် များဖြင့် ညီလာခံနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

ညီလာခံတွင် ရခိုင်သံဃာ့သမဂ္ဂ၏ အားနည်းချက်၊ အားသာချက်များနှင့် အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများ အပါအ၀င် ပြည်သူလူထု အတွက် အလုပ်အကျွေးပြုနိုင်မည့် အခွင့်အလမ်းများအား ဆွေးနွေးခဲ့ကြပြီးနောက် (၁) အာဏာရှင်စနစ် ချူပ်ငြိမ်းရေး၊ (၂) ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနှင့် တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ (၃) လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နှင့် ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားအောင် ကာကွယ်စောင့်ရှောက်ရေး၊ (၄) အမျိုးသားရေး စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ (၅) ရခိုင်တမျိုးသားလုံး စာရိတ္တ မြင့်မားလာစေရေး၊ (၆) ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး၊ (၇) ရခိုင်တမျိုးသားလုံး သွေးစည်းညီညွတ်ရေးစသည့် ရည်ရွယ်ချက်များ အကောင်အထည် ဖော်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ရခိုင်သံဃာ့သမဂ္ဂ၏ ပထမအကြိမ် ညီလာခံ သဘောထား ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။

ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးခဲ့သော ရခိုင်သံဃာ့ သမဂ္ဂ (RSU) ၏ ညီလာခံမှ ချမှတ်ထားသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆရာတော် ဦးသီဟ (ဥက္ကဋ္ဌ)၊ အသျှင် သူရသေန (ဒု ဥက္ကဋ္ဌ)၊ အသျှင်ဓနပါလ (အထွေထွေအတွင်းရေးမှူး)၊ အသျှင်ဣန္ဒသကျ (ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး)၊ အသျှင်စန္ဒပါလ (စည်းရုံးရေးနှင့် ပြန်ကြားရေး)၊ အသျှင်ဝါရိန္ဒသာရ (လူမှုကူညီ စောင့်ရှောက်ရေး)၊ အသျှင်ကုလ၀ံသ (ပြည်တွင်းလုပ်ငန်း) စသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အား ရွေးချယ် တင်မြှောက်ခဲ့ပြီး နာယက ဆရာတော်ကြီး (၃) ပါး၊ အကြံပေး အဖွဲ့ဝင် ၀ါရင့် ဆရာတော် (၃) ပါးနှင့် ဗဟိုကော်မတီဝင် (၁၅) ပါး ပါဝင်သော သမဂ္ဂကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြကြောင်း သိရသည်။

ညီလာခံမှ ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဋ္ဌ ဆရာတော် ဦးသီဟ

ရခိုင်သံဃာ့သမဂ္ဂ၏ ပထမဦးဆုံး ညီလာခံမှ ရွေးချယ်တင်မြှောက်ခံရသော ဥက္ကဋ္ဌဆရာတော် ဦးသီဟက “စစ်အာဏာရှင် စနစ်ကို ဖြုတ်ချပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတော် အဖြစ် တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရခိုင်သံဃာတော်တွေဟာ တက်ကြွစွာနဲ့ ရှေ့တန်းကနေ အမြဲတမ်း ဦးဆောင်မှုပေးခဲ့တယ်။ ဆရာတော် ဦးဥတ္တမဆိုတာလည်း မြန်မာနိုင်ငံကို အမျိုးသားရေး မျက်စိပွင့်လာအောင် ရှေ့ဆုံးကနေ ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ပါးပဲ။ ဒါပေမယ့် စုစည်းမှု မရှိခဲ့တဲ့အတွက် ရခိုင်သံဃာတော်တွေရဲ့ အခန်းကဏ္ဍကို ဘယ်သူမှ အသိအမှတ် မပြုခဲ့ကြဘူး။ ခုအချိန်မှာတော့ ရခိုင် သံဃာတော်တွေဟာ စုစည်းညီညွတ်ပြီး တူညီတဲ့ ဆုံးဖြတ်ချက် လမ်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါပြီ” ဟု Arakan Review သို့ မိန့်ကြားခဲ့ပါသည်။

အနာဂတ်တွင် အခြား တိုင်းရင်းသား ရဟန်းသံဃာတော်များ အားလုံး ပါဝင်သော ညီလာခံတစ်ခု ဖြစ်မြောက် ရေးနှင့် တူညီသော စုစည်းမှုဖြင့် ဘုံရန်သူ စစ်အာဏာရှင်အား ဖြုတ်ချရေးအတွက် ရှေ့တန်းကနေ ဦးဆောင်ကြိုးစားသွားမည် ဖြစ်ကြောင်း ရခိုင်သံဃာ သမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ဆရာတော် ဦးသီဟက ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက် အဖိနှိပ်ခံ ပြည်သူများဘက်မှ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့ကြသော ရခိုင်ရဟန်းသံဃာတော်များ၏ ညီညွတ်မှု၊ ပေးဆပ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများအား ဆက်ခံကာ မပြီးဆုံးသေးသော သမိုင်းပေးတာဝန်များကို ပခုန်းပြောင်းလွှဲ ယူပြီး ဆက်လက် တိုက်ပွဲဝင်သွား ကြမည်ဖြစ်ကြောင်း ညီလာခံသို့ တက်ရောက်လာကြသော ရခိုင်သံဃာသမဂ္ဂ ကိုယ်စားလှယ် ရဟန်းများက တညီတညွတ်တည်း သံဓိဋ္ဌာန် ချမှတ်ခဲ့ကြ ကြောင်း သိရသည်။

ရခိုင့်သံဃာ့သမဂ္ဂ၏ ပထမဆုံးအကြိမ် ညီလာခံ ကျင်းပနေစဉ်

ညီလာခံ ပိတ်ပွဲအခမ်းအနားသို့ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေး ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး အနာဂတ် ရှေ့ဆက်သွားမည့် မြန်မာပြည် ဒီမိုကရေစီ တော်လှန်ရေးအား ရခိုင်သံဃာ့သမဂ္ဂနှင့် အတူတကွ လက်တွဲပြီး တိုက်ပွဲဝင်သွား ကြမည့်အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

ရခိုင်သံဃာ့သမဂ္ဂ (RSU) သည် (၂၀၀၄) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) နှင့်အတူ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) သို့ ပထမဦးဆုံး ၀င်ရောက်လှုပ်ရှားခဲ့သော ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရခိုင်သံဃာ့သမဂ္ဂ(RSU) သည် အစဉ်အလာကြီးမားသော သောတုဇနနှင့် သံဃာ့သမဂ္ဂအဖွဲ့တို့၏ မျိုးဆက်အဖြစ်ခံယူသော အဖွဲ့စည်းတစ်ခု ဖြစ်ကြောင်းလည်း သိရှိရသည်။



No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.