တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, September 30, 2008

တတိယနိုင်ငံကြောင့် ကယန်းအမျိုးသမီးများ ကြေးကွင်းဖြုတ်သူများလာ

တိုင်းရင်းသားအသံ
တတိယနိုင်ငံကြောင့် ကယန်းအမျိုးသမီးများ ကြေးကွင်းဖြုတ်သူများလာ
User Rating: / 0
PoorBest
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by ခူးပါးရယ်
Monday, 29 September 2008 11:27

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် နေထိုင်ကြသော ကယန်း (ခေါ်) ပဒေါင် လည်ပင်းရှည်ကျေးရွာမှ အမျိုးသမီးများ အချို့သည် တတိယနိုင်ငံကို သွားရောက်အခြေချ နေထိုင်နိုင်ရန် မျှော်လင့်ချက်များစွာဖြင့် ပတ်ထားသော ကြေးကွင်းများကို ပြန်လည်ဖြုတ် ထားခဲ့ကြသည်။

သို့သော် အရွယ်ရောက် အမျိုးသမီးငယ်အချို့မှာ ခေတ်ရေစီးကြောင်းကြောင့် ကြေးကွင်းများကို ပြန်ဖြုတ်ထားကြသည်ဟု ဆိုခဲ့ကြသည်။ ပတ်ထားသော ကြေးကွင်း ပြန်ဖြုတ်သူ ကယန်းအမျိုးသမီး စုစုပေါင်း ဦးရေမှာ ၂၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်သည်။



ကယန်းသာယာ (ခေါ်) သော်ရိုးလဲကျေးရွာမှ အသက် (၂၀) အရွယ်ရှိ အထက ကျောင်းသူတစ်ဦးက “ အစက ကျမတို့ ကြေးကွင်း ပတ်တယ်၊ ကျမတို့ တတိယနိုင်ငံသို့ သွားချင်တော့ ထိုင်းအာဏာပိုင်တွေက ကျမတို့ကို ဖြုတ်ခိုင်းတယ်၊ ဖြုတ်တော့ မသွားရပြန်ဘူး၊ အရင်နှစ်ကဘဲ၊ နောက်ပြီး သွားချင်ရင် စခန်းထဲကို ရွှေ့ပြောင်းနေထိုင်ပေါ့ ပြောတော့ ကျမတို့လည်း တတိယနိုင်ငံကို သွားချင်တော့ ဒီစခန်းကို ပြန်ရွှေ့ပြောင်း လာရတာပါ ” ဟု ပြောသည်။

အလားတူပင် အသက် (၁၆) နှစ်အရွယ်ရှိ ဟွေပူးကဲကျေးရွာမှ အေးမြင့်ဆိုသူ ကယန်းအမျိုးသမီးတစ်ဦးကလည်း ဤနေရာဒေသ၌ နေထိုင်ရခြင်းသည် ရှေ့ဆက်ပညာရေး မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်ခြင်း၊ ခရီးသွားလာခွင့်မရှိခြင်းနှင့် ထိုင်းဘာသာစကားမပြောတတ်ခြင်း စသည့်အခက်ခဲများကြောင့် တတိယနိုင်ငံကို သွားရောက်အခြေချ နေထိုင်နိုင်ရန်အတွက် ကြေးကွင်းများ ဖြုတ်ထားရခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ဆယ်တန်းလွန် (Post-ten) ကျောင်းသူ ဖြစ်သည့် မူပါလီ ဆိုသူတစ်ဦးက သူမ၏ ကိုယ်ခန္ဓာပေါ်၌ ကြေးကွင်းများ ပတ်လာခဲ့သည်မှာ အချိန်ကာလအားဖြင့် ၁၀ နှစ်ကျော် ကြာပြီဖြစ်၍ လွတ်လွတ်လပ်လပ် သွားလာချင်သောကြောင့် ကြေးကွင်းများဖြုတ် ထားရခြင်း ဖြစ်သည်ဟု ပြောသည်။ ၎င်းက “မပတ်ချင်တော့လို့။ ပတ်ထားရတာ ကြာပြီ ” ဟု ပြောသည်။

မယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ တတိယနိုင်ငံကို လျှောက်ထားခဲ့ကြသော ကယန်းကျေးရွာသုံးရွာတို့မှာ သော်ရိုးလဲမှ အိမ်ခြေ (၃၀) ကျော်၊ ဟွေ့ပူကဲမှ အိမ်ခြေ (၁၂) အိမ်နှင့် ဟွေ့စူထောက်ကျေးရွာမှ အိမ်ခြေ (၃) အိမ်တို့သည် အမေရိကန်နိုင်ငံကို လျှောက်ထားခဲ့ကြသည်။

ယခင်လ (၁၇) ရက်နေ့က ကယန်းသာယာ (ခေါ်) သော်ရိုးလဲကျေးရွာမှ ကယန်းကြေးကွင်းပတ် မိသားစုတစုသည် နယူးဇီလန်နိုင် ငံသို့ ပထမဦးဆုံး ထွက်သွားခွင့် ရရှိခဲ့ပါသည်။ သို့သော် ယင်းမိသားစုသည် ကြေးကွင်းများ ပြန်လည်ဝတ်ဆင်ထားခြင်း မရှိကြောင်း သိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.