တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, September 30, 2008

နအဖ၏ ဖိအားပေးမှုကြောင့် ကလလတ (၃) ဖွဲ့ ကွဲရန်ရှိ

တိုင်းရင်းသားအသံ
နအဖ၏ ဖိအားပေးမှုကြောင့် ကလလတ (၃) ဖွဲ့ ကွဲရန်ရှိ
User Rating: / 0
PoorBest
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by ခွန်း
Monday, 29 September 2008 11:26
မြန်မာ စစ်အစိုးရနှင့် (၁၄) နှစ်ကျော်ကြာ အပစ်ခတ်ရပ်စဲရေး ယူထားသည့် ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးတပ်ဦး) အဖွဲ့သည် ယခုအချိန်ကာလတွင် မြန်မာစစ်အစိုးရ၏ လက်နက်ချရန် ဖိအားပေးမှုကြောင့် (၃) ဖွဲ့ကွဲရန် ရှိသည်။

ကလလတ အဖွဲ့နှင့် နီးစပ်သူတစ်ဦးက " လွန်ခဲ့တဲ့ပတ်က သူတို့ ဗဟိုအစည်းအဝေးတစ်ခု လုပ်တယ်လေ။ ဒု-ဥက္ကဌ ဦးထွန်းကျော်က သူ့ တပ်ဖွဲ့ဝင်တွေကို လက်နက်ချရေး မချရေးနဲ့ အနာဂတ် ရပ်တည်နိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင် ဆွေးနွေးသွားခဲ့ပါတယ် " လို့ ပြောပါသည်။


ကလလတ အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ်၊ အဖွဲ့အစည်း၏ ဥက္ကဌလည်းဖြစ်သူ ဦးစန္ဒာနှင့် အဖွဲ့အုပ်စုတို့သည် အသက်အရွယ်အရ သော်လည်းကောင်း၊ ကျန်းမာရေး အရသော်လည်းကောင်း မလုပ်ကိုင်နိုင်တော့သဖြင့် လက်နက်အပ်ပြီး သာမန်ပြည်သူတဦး အဖြစ်နှင့် နေထိုင်သွားမည်ဟု သိရှိရသည်။

အဖွဲ့၏ ဒု ဥက္ကဌ ဦးထွန်းကျော်နှင့် အဖွဲ့တို့သည် လက်နက်အပ်ပြီး လာမည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ပါတီတခုအဖြစ် ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။ ဦးထွန်းကျော်သည် ကရင်နီပြည်နယ် (ကယားပြည်) ၀န်ကြီးရာထူးကို လိုလားနေသူတဦးဖြစ်သည်ဟု ထင်ကြေး ပေးခံနေရပါသည်။

နောက်ထပ် သဘောကွဲသူတစုသည် မြန်မာစစ်အစိုးရက ဖိအားပေးနေသည့် လက်နက်ချရေး အစီစဉ်ကို လက်မခံသည့်အပြင် မြန်မာနိုင်ငံ တွင် စစ်တပ်ကြီးစိုးပြီး စစ်အစိုးရ အုပ်ချုပ်နေသော စနစ်ကို မလိုလား၊ မနှစ်သက်တော့သဖြင့် အပြောင်းအလဲများ လိုလားသည့်အတွက် ကြောင့် ပြန်လည်တောခိုရန်ရှိပြီး စစ်အစိုးရအား ပြန်လည်တိုက်ခိုက်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

အကယ်၍ ပြန်လည်တောခိုခြင်းနှင့် ပတ်သက်ပြီး ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြက " သူတို့ တကယ်လို့ စစ်အစိုးရကို မလိုလားဘူး။ နယ်စပ်ကို ပြန်ထွက်လာခဲ့မယ်ဆိုရင် ကျနော်တို့အနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှာပါ " ဟု ပြောသည်။

ကေအဲန်ပီပီမှ ပြောရေးဆိုခွင့်ရှိသူ ခူဦးရယ်က " အပစ်ရပ်အဖွဲ့အစည်းအပေါ် ကျနော်တို့ ပါတီရဲ့ သဘောထားဘဲပြောပြော၊ လက်နက်ချ သွားတဲ့ ရဲဘော်တွေအပေါ်မှာလည်း သူတို့ကို ဘယ်လိုဆက်ဆံသွားမလဲဆိုတာ ကျနော်တို့ ဆွေနွေးကြပါတယ်၊ သိရသလောက်တော့ ရဲဘော်တွေက သူတို့ရွာမှာဘဲ ပြန်နေကြမယ်၊ သူတို့ကို အမြင်မှားတာ မရှိပါဘူး၊ ဒါပေမဲ့ တချို့ စစ်အစိုးရ အုပ်ချုပ်တာကို မလိုလားဘူး၊ ပြန်တိုက်ခိုက်ချင်တယ်ဆိုရင် ကျနော်တို့နဲ့ လာပေါင်းရင် ကျနော်တို့ လက်ခံပါတယ် " ဟု ပြောသည်။

ယခုလ အစောပိုင်းတုန်းက နဂါးခေါ် ကရင်နီ အမျိုးသား ဒီမိုကရက်တစ် တပ်ဖွဲ့သည် စစ်အစိုးရထံ လက်နက်အပ်နှံခဲ့ပြီ ဖြစ်သည်။

၁၉၉၄ ခုနှစ် မေလ (၉) ရက်နေ့တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူခဲ့သော ကလလတ အဖွဲ့အစည်းသည် ယခု စစ်အစိုးရ၏ ဖိအား ပေးမှုကို ခံနေရသောကြောင့် ၎င်းတို့အချင်းချင်း သဘောထား မတိုက်ဆိုင်သဖြင့် (၃) ဖွဲ့ ကွဲရန် အခြေအနေ ဖြစ်ပေါ်နေပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.