(62)ကြိမ်မြောက် မွန်အမျိုးသားနေ့ကိုရည်ရွယ်ပြီး(25.1.2009)ရက်နေ့တွင် ဓမ္မဒူတ ဘုန်းကြီးကျောင်း၊
ဘူဖြောင်းမြို့တွင် မွန်အသင်း(ကိုးရီးယား)က ကြီးမှုး ကျင်းပခဲ့သည်။ထိုအခမ်းအနားတွင် မွန်လူမျိုးများ အယောက်
(100) ကျော်တက်ရောက်ပြီး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ဧည့်ပုရိတ်သတ်များ စုစုပေါင်း လူဦးရေ
(200)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။ ထိုနေ့တွင် သံဃာတော်များကို ဆွမ်းကွမ်းကပ်လှုခြင်း၊ဝထ္တုဒါန်ကပ်လှု
ခြင်း၊တက်ရောက်လာသောပုရိတ်သတ်များအား ဒံပေါက်ထမင်းဟင်းများဖြင့်ကျွေးမွေးဧည့်ခံခြင်း စသည့်ကောင်း
မှု့ကုသိုလ်များဖြင့် ကိုးရီးယားရောက် မွန်းအမျိုးသားများက စုပေါင်း၍ အလှုဒါနပြုခဲ့ကြသည်။
(62)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ကိုးရီးယားရှိ ကရင်၊ရခိုင်၊ချင်း၊ပအို့ဝ်၊ဗမာ တိုင်း
ရင်းသားအသင်းများအပြင်မြန်မာလူမှု့ရေးအသင်း၊အလုပ်သမားအသင်းနှင့်အခြားသောလူမှု့ရေးအသင်းများတက်
ရောက်ခဲ့ကြသည်။ထိုအခမ်းအနားတွင် နိုင်တင်မွန် ကအခမ်းနားမှုးဖြင့်တာဝန်ယူဆောင်ရွက်ပြီး အခမ်းအနားကို
(ကြက်စလန်)သီချင်းဖြင့်စတင်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် မွန်အလံတော်အလေးပြုခြင်း၊ကျဆုံးသွားပြီးသော
မွန်သံဃာ့အာဇာနည်ကြီးများ၊လူပုဂ္ဂိုလ်အာဇာနည်ကြီးများအားအလေးပြုခြင်း၊ သက်ရှိထင်ရှားအာဇာနည်ကြီး
များအားအလေးပြုခြင်း။ ထို့နောက် မွန်အသင်း(ကိုးရီးယား) ဥက္ကဋ္ဌ နိုင်ဂံင်ဆာန် ကမိန့်ခွန်းပြောကြားရာတွင်
တက်ရောက်လာသော မွန်လူမျိုးများနှင့်တိုင်းရင်းသားညီအစ်ကိုများအား ဝမ်းသာအားရကျေနပ်ရပါကြောင်းနှင့်
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊နှစ်စဉ်နှစ်တိုင်းကျင်းပလာသော မွန်အမျိုးသားနေ့ဟာ ဒီနှစ်ဆိုရင် (62)ကြိမ်
မြောက်ပင် တိုင်ခဲ့ပါပြီး၊လူမျိုးတစ်မျိုးတွင် အမျိုးသားနေ့ဟာ အင်မတန်မှအရေးကြီးကြောင်း၊အင်မတန်မှ မွန်မြတ်
ပြီး အလွန်ပင်ဂုဏ်ယူဖွယ်ကောင်းပါကြောင်း၊ မွန်အမျိုးသားနေ့ဟာ မွန်အမျိုးသားအားလုံးနှင့်သက်ဆိုင်ကြောင်း၊
ကိုးရီးယားရောက် မွန်လူမျိုးများအနေဖြင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေရန်၊အမျိုးဂုဏ်ဇာတိဂုဏ်မပ
ပျောက်နိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါရန်၊ စည်းလုံးညီညွတ်မှု့ရှိကြပါရန်၊အချင်းချင်းကူညီရိုင်း
ပင်းကြပါရန်နှင့်အခြားသော တိုင်းရင်းသားများနှင့်ချစ်ချစ်ခင်ခင်ရှိကြပါရန် စသည်တို့ တိုက်တွန်းပြောကြားသွား
ခဲ့ပါသည်။ထို့နောက် စည်းရုံးရေးမှုးတစ်ဦးဖြစ်သော နိုင်တင်ဇော်ကလည်း အခမ်းအနားတွင်စကားပြောခွင့်ရ
သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊မွန်လူမျိုးများအနေဖြင့် မိမိတို့၏အမျိုးသားနေ့ကို မိမိတို့ကသာလုပ်ဆောင်
ကြရမည်ဖြင့်ကြောင်း၊ထို့ကြောင့်မိမိ တို့၏အမျိုးသားနေ့ကိုမမေ့မလျှော့ရှိသင့်ပါကြောင်းနှင့်ဒီထက်မက ကာယအား၊ဥာဏအား၊ဓနအားဖြင့် ပိုမို၍တက်တက်ကြွကြွပါဝင်လုပ်ဆောင်ကြပါရန်တိုက်တွန်းပြောကြားသွားခဲ့
ပါသည်။အလုပ်မှု့ဆောင်အဖွဲ့ဝင် နိုင်ချမ်းပို့(စ်)ကလည်း မိမိတို့၏ အမျိုးသားနေ့ကို ကိုးရီးယားနိုင်ငံတွင်ကျင်းပနိုင်
ခဲ့ခြင်းကြောင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ကျွန်ုပ်တို့သည် ကိုးရီးယားနိုင်ငံတွင်လာရောက်လုပ်ကိုင်စား
သောက်ကြသောအလုပ်သမားများဖြစ်သည့်အလျှောက် အားလပ်ချိန်သိပ်မရှိကြပါ ထို့ကြောင့် တစ်ယောက်နဲ့
တစ်ယောက်တွေ့ဆုံနိုင်ရန်ပင် မလွယ်ကူလှပါကြောင်း သို့သော်ယခုလို မွန်အမျိုးသားနေ့ကို ကျင်းပရာတွင်
မအားလပ်တဲ့ကြားက တက်ရောက်လာကြသောမိတ်ဆွေ သူငယ်ချင်းများကိုစုံလင်စွာတွေ့မြင်ရသည့်အတွက် အ
လွန်ပင်ဝမ်းသာအားရကျေနပ်မိပါကြောင်း ၊မိမိတို့၏လုပ်အားခဖြင့် မွန်အမျိုးသားနေ့ကိုရည်ရွယ်ပြီ မွန်အမျိုးသား
များ စုပေါင်း၍ ကောင်းမှု့ကုသိုလ်ပြုလုပ်ကြပင်ဖြစ်ကြောင်း နောင်နှစ်တွင်လည်း မွန်အမျိုးသားနေ့ကို ဆက်လက်
ကျင်းပနိုင်ရန်အတွက် မွန်အမျိုးသားအားလုံးတွင် တာဝန်ရှိကြောင်း စသည်များ တိုက်တွန်းပြောကြားသွားသည်။
ထို့နောက် ဒု-ဥက္ကဋ္ဌ နိုင်သူရိန် ကလည်း မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို အကျဉ်းချူံးပြောကြားသွားသည်။
ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များက မိန့်ခွန်းအသီးသီး ပြောကြားသွားပြီး တဆက်တည်းမှာ
ပင် ဧည့်သည်များကို အမှတ်တရလက်ဆောင်ပေးအပ်ခြင်းစသည်တို့....။နောက်ဆုံးအစီအစဉ်အရ (62)ကြိမ်
မြောက်မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာနှင့် မည်သည့်အခက်ခဲမရှိ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ထို့နောက် အမှတ်တရဓါတ်ပုံရိုက်ကြခြင်း၊ တာဝန်ရှိသူများက
ရှင်းတမ်းထုတ်ခြင်း၊ မွန်အသင်း(ကိုးရီးယား)အနေဖြင့်မည်သို့ရှေ့ဆက်သွားရန်နှင့်တခြားသောလုပ်ငန်းစဉ်များကို
အနည်းအကျဉ်းဆွေးနွေးကြပြီးနောက် 2009ခုနှစ် (62)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့သည်။
မွန်အမျိုးသားနေ့ကျင်းပနိုင်အောင် အချိန်ပေး၊အပင်ပန်းခံခဲ့ကြသောသူငယ်ချင်းများ၊ဓမ္မဒူတ
ဘုန်းကြီးကျောင်းမှ ဆရာတော်နှင့်တကွ ကျောင်းအကျိုးတော်ဆောင်များ၊ ကိုဝိုင်း၊စေတနာနှင့် ဒံပေါက် ထမင်း
ချက်ပေးသော ကိုတင်စိုးဦး တို့ကိုလည်းကောင်း တက်ရောက်လာသော မွန်အမျိုးသားများနှင့် တိုင်းရင်းသား
ညီအကိုများ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းဖြင့် မွန်ကိုးရီးယား အသင်းမှ မှတ်တမ်းတင်အပ်ပါသည်။

No comments:
Post a Comment