တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, February 5, 2009

NCGUB ရဲ့ ဘယ်ဆီဘယ်ဝယ် ရက် (၁၂၀)

တိုင်းရင်းသားအသံ
အန်စီဂျီယူဘီနဲ.ပတ်သက်၍ တစ်ခုခုရေးသားဖို.တုံ.ဆိုင်းတုံ.ဆိုင်းဖြစ်နေတဲ့အချိန်မှာပင်အောက်ဖော်ပြပါရင်ဖွင့်သမိုင်းကို ရောက်လာပြီးကျေကျေနပ်နပ်နဲ့မျှဝေခွင့်ရရှိသည်၊

တော်လှန်ရေးကြီးတစ်ခုလုံးမှာယုံလို့ ပုံအပ်ခဲ့တဲ့ ယုံကြည်ခဲ့မှုအမှားကို ဒီကနေ့ တော်လှန်ရေး

ခေါင်းဆောင်တစ်ဦးကရင်ဖွင့်ပြီးပြောပြခဲ့တယ်။အဲဒီ့ခေါင်းဆောင်ဟာနောင်တာတွေအဖန်တ

လဲလဲရပြီးဝန်ခံသင့်တဲ့သူတွေကိုသူဝန်ခံပြီးပြောပြနေတယ်။ကျမတို့ မျိုးဆက်သစ်တွေသိထား

ရအောင်ဆိုပြီး ကျမအပါအ၀င် လူငယ်တွေကို သူအခြေအနေမှန်တွေပြောပြကာမှ --ကျမ

ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းပြောသလို မြန်မာပြည်ရဲ့ အနာဂတ် နိုင်ငံရေး

ကိုပိုလို့ ပင်ရင်လေးမိပါတယ် ။။



ရေးသင့်မရေးသင့်ချိန်ဆမိပေမဲ့ ကျမတို့ ဟာတော်လှန်ရေးအသိမရှိသေးတဲ့သူတွေကို သိ
အောင်လက်ဆင့်ကမ်းနေတယ် ။မတရားတာတွေကိုတရားအောင် အဓမ္မကိုဓမ္မ နဲ့ တိုက်ပွဲဝင်
နေတယ် ။။ဒီအလုပ်တွေအတွက် ဘ၀တွေကိုနှစ်နစ်ဆယ်ကျော်ပေးဆပ်ပြီးကာမှ ခုလို့ အမှန်
တရားရေးသားရမှာကို တွန့် ဆုတ်နေရင် ကျမတို့ လည်းတာဝန်မကျေပေဘူးပေါ့ ။။
တာဝန်ကျေချင်လို့  ဒီအဖြစ်သနစ်အမှန်ကိုအသိပေးတင်ပြလိုက်ပါတယ်။။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)ကျော်ကတိုင်းရင်းသားလူမျိုးစုတွေနဲ့ ချဉ်းဖွဲ့ စည်းခဲ့တဲ့ NDF ဟာ
ယှဉ်ပြိုင်အစိုးရတစ်ရပ်ဖွဲ့ စည်းဖို့  ကြိုးစားနေတုန်း ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးပေါ်
ပေါက်ပြီးစစ်အုပ်စုက အပြစ်မရှိတဲ့ပြည်သူတွေ ကျောင်းသားတွေ ရဟန်းရှင်လူအပေါင်းတို့ 
ကိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်တစ်ချိန်တည်းမှာပဲ ကျောင်းသားပြည်သူရဟန်းရှင်
လူအများအပြားဟာ KNU အပါအ၀င်တိုင်းရင်းသားဒေသတွေကိုရောက်လာကြတယ်။။
NDF ကယှဉ်ပြိုင်အစိုးရဖွဲ့ ရင်ကဖွဲ့ရင် တိုင်းရင်းသားအင်အားစုပဲ ပါဝင်ပြီး ကျောင်သားနဲ့
အထွေထွေ အင်အားစုမပါဝင်နိုင်မှာ မို့ ကျယ်ပြန့် တဲ့ ယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့ NDF ကဦးဆောင်ပြီး
DAB ကိုဖွဲ့စည်းပေးခဲ့တယ် ။။DAB ဖွဲ့ စည်းရတဲ့အဓိကရည်ရွယ်ချက်(၄) ခုကတော့
(၁) စစ်အာဏာ၇ှင်စနစ်ဖြုတ်ချရေး
(၂) စစ်မှန်တဲ့ဒီမိုကရေစီစနစ်တည်ဆောက်ရေး
(၃) ငြိမ်းချမ်းရေးတည်ဆောက်ရေး
(၄) စစ်မှန်တဲ့ဖယ်းရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ ဖြစ်ပါတယ် ။။
DAB ကိုဖွဲ့ စည်းပြီး စစ်အုပ်စုကို အနိုင်တိုက်နိုင်မဲ့ယှဉ်ပြိုင်အစိုးရ ဖွဲ့ စည်းဖို့ ပြင်ဆင်နေချိန်
မှာလက်ရှိ NCGUB ကအသုံးပြုနေတဲ့ စည်းတံစိတ် ကိုပင်DAB ကဖွဲ့ စည်းမဲ့ ယှဉ်ပြိုင်အစိုးရ
တံဆိတ်အဖြစ် အသင့်ဖြစ်ပြီးချိန်တွင် န၀တ ၁၉၉၀ခု မေလ ၂၇ မှာအထွေထွေရွေးကောက်ပွဲ
ကျင်းပပေးမယ်။ တရားမျှတ သန့် ရှင်းစွာကျင်းပပေးမယ်လို့ ကြေညာခဲ့တယ်။။
ပါဝင်ချင်တဲ့အဖွဲ့ အစည်းတွေရွေးကောက်ပွဲဝင်နိုင်တယ်လို့ လဲကြေညာခဲ့တယ်။။
မာနယ်ပလောမှာ အဲဒီ့  န ၀ တ ရဲ့ ကြေညာချက် ကိုဆွေးနွေးကြတဲ့ အခါ တစ်ချို့ ခေါင်း
ဆောင်တွေက န ၀ တ ပြုလုပ်ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲ ကို
စောင့်ကြည့်ကြပါဦးလို့ အကြံပေးတယ်။ ဒီလိုနဲ့ စောင့်လိုက်တာ ရွေးကောက်ပွဲမှာဒေါ်အောင်
ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အနိုင်ရလိုက်တယ် ။။
ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့  NLD ကအစိုးရ
များဖွဲ့ ဖြစ်မလားဆိုပြီး ခနစောင့်ကြပြန်ပါတယ် ဒါပေမဲ့ စစ်အုပ်စု က အစိုးရ ဖွဲ့ ခွင့်မပြု
ခဲ့ပါဘူး ။။ ဒါကြောင့် DAB က ယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့  ဆုံးဖြတ်လိုက်ကြတယ်
DAB ကယှဉ်ပြိုင်အစိုးရဖွဲ့ ရင် ဗိုလ်ချုပ်ကြီးစောဘိုမြ ကသမ္မတ ဦးဘရင်ဆိုင်း
က၀န်ကြီးချုပ် နိုင်ရွှေကျင် ဗိုလ်ချုပ်သွင်တို့ က ဒုတိယ၀န်ကြီးချုပ် စသည်ဖြင့်ပေါ့
-အဲဒီ့လိုဆုံးဖြတ်လိုက်ကြတဲ့အချိန်မှာပဲ DAB ခေါင်းဆောင်တွေဆီကို
မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဌ နိုင်ရွှေကျင် ဆီကကြေးနန်းစာ
ရောက်လာတယ် ဘုရားသုံးဆူလမ်းကနေပြည်သူ့ လွတ်တော်ကိုယ်စားလှယ်(၇)ဦးလာ
နေပြီ တဲ့--အဲဒီ့လိုပြည်သူ လွှတ်တော်ကိုယ်စားလှယ်တွေလာနေပြီးဆိုတာသိတဲ့အခါ
DAB ခေါင်းဆောင်များ ယှဉ်ပြိုင်အစိုး၇ဖွဲ့ ဖို့ နည်းလမ်းနှစ်ခုကိုအကြံပြုခဲ့ပါတယ်။
အဲဒီ့နည်းလမ်း ၂ ခုကတော့
(၁) DAB ခေါင်းဆောင်တွေချဉ်းပါတဲ့ ယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့ နောက်တစ်ခုကတော့
(၂) ရောက်လာတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့ ဖြစ်ပါတယ် ။
မှတ်ချက်မှာတော့ DAB ခေါင်းဆောင်တွေနဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေပူးပေါင်းပြီးယှဉ်ပြိုင်အစိုးရဖွဲ့ 

ရင်ပိုမိုထိရောက်တယ်လို့ အကြံပြုခဲ့တယ် ။။
အကြံပြုစာကိုရတဲ့မွန်ပြည်သစ်ပါတီရဲ့ဥက္ကဌကြီး နိုင်ရွှေကျင် ဟာ အချက် (၂) အချက်ကသိတ်
လေးနက်တယ် အမတ်တွေနဲ့ ပေါင်းပြီးယှဉ်ပြိုင်အစိုးရဖွဲ့ ဖို့ ထောက်ခံပြီး မွန်ပြည်သစ် ပါတီရဲ့အတွင်းရေးမှုး
နိုင်ဟန်သာကိုချက်ချင်းပဲမာနယ်ပလောကိုစေလွတ်လိုက်တယ်။။
ရန်သူ့ စစ်ကြောင်းကိုအမျိုးမျိုးရှောင်ရှားပြီးမွန်ပြည်သစ်ဌါနချုပ်ကိုရောက်လာတဲ့ အမတ်တွေကိုမာနယ်
ပလောကိုခေါ်ယူခဲ့ကြတယ်။ အခက်အခဲများစွာကြားကရောက်လာတဲ့ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ 
စားဝတ်နေရေးအစစကို DAB ခေါင်းဆောင်တွေဝိုင်းဝန်းပံ့ပိုးခဲ့ကြတယ်။။
မာနယ်ပလောမှာ DAB ခေါင်းဆောင်တွေနဲ့ အမတ်တွေ နဲ့  ယှဉ်ပြိုင်အစိုးရဖွဲ့ စည်းမဲ့ အစည်း
အဝေး ပထမ နေ့ မှာ ဒေါက်တာစိန်ဝင်းဟာ အာဇာနည် ဦးဘ၀င်းသားလည်းဖြစ် ဒေါ်အောင်
ဆန်းစုကြည်ရဲ့ မောင်ဝမ်းကွဲလည်းဖြစ် ။လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်တာကြောင့်
ဝန်ကြီးချုပ် နေရာကိုပေး ဖို့ နဲ့  ဦးပီတာလင်းပင်ကိုတော့ နိုင်ငံခြားရေးဝန်ကြီးအ
ဖြစ်ပေးပြီး ကျန်တဲ့ နေရာတွေကို DAB ခေါင်းဆောင်တွေကကောင်းသလိုစီစဉ်နိုင်တယ်လို့ 
အမတ်ကြီးတွေကတောင်းဆိုခဲ့တယ်။။
ပထမနေ့ မှာဒီသဘောတူညီချက်တွေနဲ့ ပြီးစီးသွားတယ်။ပထမရက် မိုးချုပ်သွားတာ
ကြောင့် နောက်နေ့ ဆွေးနွေးဖို့ ဆုံးဖြတ်ကြတယ်။နောက်နေ့ အစည်းအဝေးစတဲ့အခါဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ 
အမတ်များက ကျနော်တို့ အလေးအနက်စဉ်းစားတယ် ကျနော်တို့ ပြည်သူ့ လွတ်တော်
ကိုယ်စားလှယ်တွေချဉ်းပဲ (၆) လလောက်အစိုးရဖွဲ့ ခွင့်အရင်ပေးပါ (၆) လအတွင်းနိုင်ငံ
ခြားသွားပြီးလောဘီလုပ်မယ် (၆) လပြည့်ရင် DAB ခေါင်းဆောင်တွေနဲ့ တိုးချဲ့ ဖွဲ့ မယ်လို့ 
တင်ပြလာတယ် ။။
အဲဒီ့အခါ အင်မတန်မှအံ့သြစရာကောင်းတာ သူ့ ခေတ်သူ့ အချိန်ကတော်လှန်ရေးကျားကြီးတွေလို့ ရည်ညွန်း
လို့ ရတဲ့ ရန်သူကိုတိုက် တဲ့နေရာမှာ ရဲရင့်ပြတ်သားစွာကျားကုတ်ကျားခဲသဲသဲမဲမဲ တိုက်ရဲခိုက်ရဲတဲ့
ဗိုလ်ချုပ်မြ ။ ဦးဘရန်ဆိုင်း။နိုင်ရွှေကျင်။ဗိုလ်ချုပ်သင် တို့ ဟာ ဘာမှသံသယ မရှိ ပြန်မပြောပဲ
ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့အဖွဲ့ ကိုယုံယုံကြည်ကြည်နဲ့ မာနယ်ပလောဌါနချုပ်မှာတော်လှန်ရေး
အင်အားစုထောင်ပေါင်းများစွာနဲ့ အခန်းအနားကျင်းပကာ ညွန့် ပေါင်းအစိုးရကိုဖွဲ့ စည်းပေးပြီး
DAB ကထောက်ခံကြောင်းကြေညာပေးခဲ့ကြတယ်။ ပြီးတော့ NCGUB ၀န်ကြီးများအတွက်
လိုအပ်သမျှကိုဖြည့်စည်းပေးပြီးတော်လှန်ရေးအကျိုးအတွက်အမေရိကန်နှင့်ဥေ၇ာပတစ်ခွင်
သွားလာနိုင်အောင်ပံ့ပိုးပေးခဲ့တယ်။။
(၆)လကြာသွားတဲ့အခါ NCGUB ညွန့် ပေါင်းအစိုးရကိုDAB ခေါင်းဆောင်တွေနဲ့ တိုးချဲ့ဖွဲ့ စည်းမယ်ဆိုတဲ့
ဂတိလည်း ပျက်ပြားသွားခဲ့ကြပါတယ်။။ DAB ဥက္ကဌကြီးဗိုလ်ချုပ်မြက ပြောခဲ့ဆိုခဲ့ပြီးတဲ့ အခြေအနေတွေ
ဘယ်လိုဆက်ဆောင်ရွက်မလဲ ဆိုပြီး NCGUB ၀န်ကြီးချုပ်ကို စာပို့ တဲ့ အခါ ဒေါက်တာစိန်ဝင်းရဲ့
ပြန်စာကတော့
ကျနော်တို့  အခု မြန်မာနိုင်ငံဒီမိုကရေစီရရေးအတွက်ကြိုးစားနေတယ်။အတင်းအဓမ္မ
မတိုက်တွန်းပါနဲ့  တိုက်တွန်းရင် ယိုးဒယား နိုင်ငံမှာ ဗိုလိချုပ်ကြီးချူချန်တာ စစ်တပ်နဲ့ 
အာဏာသိမ်းသလို DAB ကလည်း ကျနော်တို့ အစိုးရအဖွဲ့ ကို အာဏာသိမ်းသလိုဖြစ်
သွားလိမ့်မယ် လို့ ပြန်စာပို့ ခဲ့ပါတယ်။။ တကယ်တော်လှန်ရေးမှာရန်သူစစ်ဝါဒီတွေကို
ရဲရဲတောက်တိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးခေါင်းဆောင်တွေ ဟာ ဒေါက်တာစိန်ဝင်းပြန်ရေး
တဲ့စာအပေါ်သီးခံနိုင်ခဲ့ပုံကတော့ အတော်လေးအံ့သြစရာကောင်းပါတယ်။။
ဗိုလ်ချုပ်ကြီးမြ ဥက္ကဌကြီးနိုင်ရွှေကျင် ဘရန်ဆိုင်းတို့ ကတော့ ဒီလူတွေဒီလို
လိမ်မယ်လို့ မစဉ်းစားခဲ့ဘူး လို့ ပြောခဲ့ဘူးတယ် လို့ သိရတယ်။
ဒါ့အပြင် လက်ရှိ ဒက်ဗလင် မှာပဲ ခုချိန် တာမလာဘောလာရင် လည်းအားလုံးထမင်းငတ်
မှာပဲ ဆိုတဲ့ဒေါက်တာစိန်ဝင်းရဲ့ သဘောထားအားလုံးကြားသိကြမှာပါ။။ ဒီတော်လှန်ရေး
အင်အားစုကိုမှီခိုပြီး အစိုးရဖွဲ့ နိုင်ခဲ့ခွင့်ကိုမထောက်ထားပဲပြောရက်ခဲ့တာ NGO တွေဆီက
ဒေါ်လာတွေ ဘယ်လောက်မျှော်လင့်ပြီး တော်လှန်ရေးခေါင်းဆောင်တွေ ကိုဘယ်လောက်
ကျေးဇူးကန်းသလဲဆိုတာထင်ရှားနေပါတယ်။။
အဲဒီ့ကာလမှာ (၆)လပဲ ကျနော်တို့ ချည်းဖွဲ့ ခွင့်ပြုပါ။။
။ (၆) လပြည့်ရင် DAB ခေါင်းဆောင်
တွေနဲ့ ပါ ပူးပေါင်းဖွဲ့ ပါမယ်ဆိုတဲ့ ဂတိ ဟာ ၁၈ နှစ်ကြာသွားပြီမို့  အခု လည်းတိုင်းရင်းသား
ခေါင်းဆောင်တွေပါမဲ့ ဖယ်ဒရယ်စနစ်ကိုအကောင်အထည်ဖေါ်ဖို့  ရက်ပေါင်း ၁၂၀ ဆိုတော့
အနည်းဆုံး နောက်ထပ် (၉) နှစ်တိတိ ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ ညွန်ပေါင်းအစိုးရ
တိုင်းရင်းသား ပြည်သူတွေအပေါ်ထပ်လိမ်ဦးမယ် လို့  မြင်ပါတယ် ဆိုတဲ့အကြောင်း
တော်လှန်ရေး နှစ် (၃၀)ကျော် လုပ်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးက ယုံကြည်မှုအမှားကြောင့်
ပြည်သူရောတော်လှန်ရေးတစ်ခုလုံးပါ နစ်နာ ခဲ့ပုံးကို ရှင်းပြခဲ့တဲ့အတွက် ပြည်သူအများစု
နားလည်သဘောပေါက်အောင် ကျမ လက်ဆင့်ကမ်းတင်ပြလိုက်ပါတယ်။။
ကွယ်လွန်အနိစ္စရောက်ကြပြီးဖြစ်တဲ့တော်လှန်ရေးခေါင်းဆောင်ကြီးများကောင်းရာသုဂတိ
လားပါစေ။။
အာဏာရှင် မှန်သမျှ ကျဆုံးစေရမည် ။။
မေအိခင် (လယ်ဝေး) www.laminkhin.blogspot.com

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.