တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, February 19, 2009

မြန်မာအမျိုးသမီး(၁၅)ဦးနှင့်အမျိုးသား(၁)ဦးတို.ကိုကားနဲ.တင်ဆောင်ပြီးလမ်းဘေးမှားပစ်ချထားခြင်း၊လူမိုက်ငှားပြီးရိုက်နှက် ခြင်း၊

တိုင်းရင်းသားအသံ
မြန်မာအမျိုးသမီး(၁၅)ဦးနှင့်အမျိုးသား(၁)ဦးတို.ကိုကားနဲ.တင်ဆောင်ပြီးလမ်းဘေးမှားပစ်ချထားခြင်း၊လူမိုက်ငှားပြီးရိုက်နှက် ခြင်း၊
(Social and Women Action) ဘလောက်မှ

မလေးရှားနိုင်ငံမှာ အခြေစိုက်ထားတဲ့ (Greater Versatine Garment) အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်နေတဲ့ ရန်ကုန်လှိုင်သာယာအထည်ချုပ်စက်ရုံက အလုပ်သမားအများဆုံးပါတဲ့ အမျိုးသမီး ၁၅ဦးနဲ့ အမျိုးသား ၁ဦးတို့ဟာ တနေ့ကို အလုပ်ရှင်က မနက် ၈ နာရီကနေ နောက်တနေ့ ၂ နာရီလောက်ထိ ခိုင်းစေတာခံရပြီး နစ်နာတာကိုပြောမိတဲ့အတွက် ကားတွေနဲ့လမ်းပေါ်ကို ပို့ဆောင်ခြင်းခံလိုက်ရပါ တယ်။ မသွားလာတတ်တဲ့ အလုပ်သမားတွေဟာ မြန်မာအလုပ်သမား အခွင့်အရေးကာကွယ်စောင့် ရှောက်ရေး ကော်မတီကို အကူအညီတောင်းခဲ့တာကြောင့် အလုပ်သမားရုံးအထိ အလုပ်ရှင်က လူမိုက် တွေငှားပြီး ရိုက်ခိုင်း ခဲ့ပါတယ်။
ကော်မတီရဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်း ရှင်းပြတာကတော့ …
“လူမိုက်တွေက ရိုးရိုးလာတမဟုတ်ဘူး လက်ထဲမှာ ဓါးတွေတုတ်တွေပါလာတယ်။ ဓါးနှစ်ချောင်းပါတယ် တုတ်ပါတယ်။ သံပိုက်တွေပါတယ်။ အလုပ်မှုဆောင်တယောက် ကိုလင်းလင်း ခေါင်းငါးချက်ချုပ်ရတယ်။
နောက်ပြီးတော့ အဲဒီအလုပ်သမားထဲက မိန်းခလေး ၁၅ယောက် ယောက်ကျားလေးတယောက် ထဲက ကိုဖြိုးကို သူတို့က ၀ိုင်းရိုက်ကြတယ်။ ၀ိုင်းရိုက်ကြတော့ ကျနော်တို့ကလည်း ဗြုန်းကနဲဆိုတော့ ကျနော် တို့လည်း အကုန်လုံး ကြောင်ကုန်တယ် အနားလည်းကပ်ဖို့က ဓါးတွေတုတ်တွေနဲ့ဆိုတော့ ဗြုန်းကနဲ လည်းကြောင်းသွားတယ် အဲလို ၀ိုင်းရိုက်လိုက်တော့ ကျနော်တို့မျက်စိရှေ့မှာတင်ပဲ မိနစ်ပိုင်းအတွင်းပဲ ကိုဖြိုးက လဲကျသွားတယ် လဲကျသွားတဲ့အချိန် ရဲကားရောက်လာတယ်။ ရဲကားရောက်လာတော့ ကျနော်တို့က ရဲရောက်လာပြီဆိုတော့ ၀မ်းသာကြတယ်။ ဒါပေမယ့် ရဲက သူဋ္ဌေးနဲ့ လူမိုက်တွေနဲ့ ရဲနဲ့ စ ကားရပ်ပြောနေတော့ ကျနော်တို့က ဗြုန်းကနဲ မ၀င်သေးဘူး ကြည့်နေတယ် အဲဒီရဲက ကိုဖြိုးကို အဲဒီ သူဋ္ဌေးတွေက ခေါ်သွားဖို့ပေါ့ဗျာ ရဲကားက လွှတ်ပေးလိုက်တယ်။ အဲဒါ သူဋ္ဌေးတွေက ကားပေါ်တင်ပြီး ခေါ်သွားတယ် ကိုဖြိုး အဲဒီနေ့ညကပါသွားတယ် တော်တော်လေးကိုဆိုးဆိုးဝါးဝါးဖြစ်သွားတယ်။ သူ့ ရဲ့ ဘယ်ဘက်မျက်လုံးက ဆရာဝန်စစ်တုန်းက ကျနော်တို့ ၀ိုင်းကြည့်ထားတာပေါ့နော် ဖွင့်လိုက်တဲ့အခါမှာ မျက်သားဟာ ကွဲထားတယ် သူ့မျက်လုံးထဲက သွေးတွေထွက်တယ် မျက်လုံးအနက်မဟုတ်ဘူး အဖြူ မှာကွဲရာတခုရှိတယ်။ နောက်ပြီး အဲဒီနေရာက အသားတွေဟာ ပျောသွားတယ်။ ဆရာဝန် စိုးရိမ်တာက ဦးနှောက်သွေးယိုစိမ့်မှုဖြစ်မှာကြောက်လို့ သူ့ကို သေသေချာချာတော့ကုသပေးတယ်”

ဒီနောက် ရဲစခန်းကိုအမှုဖွင့်တဲ့အခါမှာလည်း နောက်နေ့မှ ဖွင့်ခွင့်ပေးမယ်လို့ ရဲကပြောပါတယ်။ နောက် ဆုံးမှာ အလုပ်ရှင်က မြန်မာအမျိုးသမီးတွေရဲ့ပတ်စပို့တွေကိုပြန်သိမ်းဖို့အတွက် ရိုက်နှက်ခံရတဲ့ အလုပ် သမားကိုဓါးစာခံအဖြစ် ခေါ်သွားတာလည်း ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ပြသနာကတော့ လုပ်အားကိုမတရား ခိုင်းစေပြီးတန်ရာတန်ကြေးမပေးတာကနေ ဖြစ်ခဲ့တာလို့ဆိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အ ခက်ခဲကို သံရုံးကိုသွားပြီး အကူအညီတောင်းခံခဲ့သေးတယ်လို့ ဆိုပါတယ်။
ကိုရဲမင်းထွန်း ပြောပြတာကတော့ …
“သူတို့ရဲ အိုဘာတိုင်ကြေးတွေ ဘယ်မှာလဲ နောက်ပြီးတော့ သဘောတူထားသလိုမနေရဘူး ပိုက်ဆံမရ ဘူး ဒီမှာခေါ်ရင်တော့ လဲဗီးကြေးပေါ့ အလုပ်လုပ်တဲ့ ပါမစ်ကြေးကိုဖြတ်တာဟာလည်း တလကို ငါးရာ နှုန်းနဲ့ ခုဆို လေးလဖြတ်ထားတာ နှစ်ထောင်ရှိနေပြီ နောက်ထပ် ဆက်ဖြတ်အုံးမှာ ခြောက်လဖြတ်မယ် ပြောတယ် ခြောက်လဖြတ်မယ်ဆိုလို့ရှိရင် သုံးထောင်လောက်ကျမယ် အဲဒါဆို ပါမစ်ကြေးက မဟုတ် တော့ဘူး ပါမစ်ကြေးက ၁၈၀၀ ပဲ ရှိတာ။ အဲဒါတွေဖြစ်ရာကနေပြီးတော့ သူတို့အဆင်မပြေဘူး အဆင်မ ပြောတော့ မြန်မာသံရုံးကို သူတို့ အကြောင်းကြားတယ် ကောင်းမလေးတွေ လေးခေါက်လောက်သွား တယ်လို့ပြောတယ်။ အဲဒီ သံရုံးက အရာရှိအမျိုးသမီးတယောက်က နင်တို့ကိုငါခေါ်တာ မဟုတ်ဘူးဆို ပြီးတော့ အဲဒီလို ဖြစ်လာရာကနေပြီးတော့ ကျနော်တို့အဖွဲ့အစည်းကိုလာတိုင်တယ်၊ လာတိုင်တဲ့ နေ့မှာပဲ အဲဒီ သူဋ္ဌေးနဲ့ သူတို့နဲ့ ပြဿနာတက်တယ် သူဋ္ဌေးက ကောင်မလေးတွေ တယ်လီဖုန်းရှိတဲ့သူတွေ အ ကုန်လုံးကို တယ်လီဖုန်းတွေသိမ်းတယ်။ သိမ်းတာ ရိုးရိုးသိမ်းတာမဟုတ်ဘူး လူမိုက်တွေခေါ်ပြီးတော့ ကောင်မလေးတွေ ခန္ဓာကိုယ်တွေ ကိုင်တွယ်ရှာဖွေပြီးတော့သိမ်းတော့ ပြဿနာတွေတက်ကြတယ်။ တက်တော့သူဋ္ဌေးက ဒီကောင်မလေးတွေကိုအလုပ်ကနေ ထုတ်လိုက်တယ် ထုတ်လိုက်ပြီးတော့ ကားနဲ့ လမ်းဘေးမှာသွားချထားတယ်”

အခုတော့ ပတ်စပို့အသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားတွေရဲ့နစ်နာချက်တွေနဲ့ပတ်သက်ပြီး တရားစွဲ ဖို့လုပ်ခဲ့ပေမဲ့မလေးဥပဒေက အလုပ်သမားဥပဒေနဲ့ ဆန်ကျင်ဘက်ဖြစ်နေကြောင်းတွေကိုလည်း ဆက် ပြောသွားပါတယ် …
“အခု ကျနော်တို့ တရားဆွဲပြီနော် တရားဆွဲလို့ရှိရင် သူဋ္ဌေးကသွားပြီးတော့ သူ့ရဲ့ ဗီဇာကိုကန်ဆယ် လုပ်လိုက်ရင် ဗမာပြည်ကို သူက လ၀ကဥပဒေအရ ပြန်ကိုပြန်ရမယ် မပြန်ရင် သူက အိုဘာစတေးနဲ့ အရေးယူခံရမယ်။ ဒါ လ၀က ဥပဒေမှာ သူဋ္ဌေးရဲ့ဘက်ကရှိနေတယ်။ နောက်ပြီး ဒီနိုင်ငံမှာ သူတို့ အခု စီးပွားရေးကပ်သင့်တာကို အကြောင်းပြုပြီးတော့ အလုပ်သမားတွေကို တော်တော်လေးကို လုပ်အားခ တွေ အတင်းလျော့ချတယ် မလုပ်ချင်ရင် လက်မှတ်ထိုးပြီးတော့ပြန် သူဋ္ဌေးကလျော်ကြေးလည်းမပေး နိုင်ဘူး လေယာဉ်လက်မှတ်ဖိုးတောင် ကိုယ့်စရိတ်နဲ့ကိုယ်၊ ဘာဖြစ်လို့လဲဆိုတော့ စာချုပ်ကိုချိုးဖောက် ပြီးပြန်တယ်ဆိုတဲ့ပုံစံမျိုး အဲဒီလိုမျိုးလုပ်တယ်”

မလေးရှားက မြန်မာအလုပ်သမားတွေ အခုလိုမျိုးနိုင်ထက်စီးနင်းခံနေရပေမဲ့ အလုပ်လိုအပ်နေတဲ့ မြန်မာပြည်သားတွေကတော့ အလည်ဗီဇာတွေနဲ့ပဲ အေးဂျင့်တွေကို ငွေအမြောက်အများပေးပြီး နေ့စဉ်ဝင်ရောက်လာနေဆဲပါပဲ။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.