တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, February 13, 2010

တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ

တိုင်းရင်းသားအသံ
တိုင်းရင်းသားခေါင်းဆောင်တို့၏ ပြည်ထောင်စုနေ့ညစာစားပွဲ
မွန်ကရက်၊ ကောင်းဝါဖေဖေါ်ဝါရီ ၁၃၊၂၀၁၀။

မွန်ကရက်(ဖေဖေါ်ဝါရီ-၁၂)။ ။ UNA ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများမဟာမိတ်အဖွဲ့က ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ (၆၃) နှစ်မြောက်ပြည်ထောင်စု ညစာစားပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များဖြစ်ကြသည့် ဦးအေးသာအောင်၊ နိုင်ထွန်းသိန်း၊ ကျင့်ရှင်းထန်၊ တောင်ကိုထောင်း၊ ဦးသိန်းဖေတို့ တက်ရောက်ကြသည်။
ထို့အတူ NLD ခေါင်းဆောင်များဖြစ်ကြသည့် ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဥာဏ်ဝင်းနှင့် ဒေါက်တာမေဝင်းမြင့်တို့လည်း ပါဝင်တက်ရောက်ကြသည်။

ထို့အပြင် အထင်ကရရှေ့နေများဖြစ်ကြသည့် ဦးကျော်ဟိုး၊ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးမောင်မောင်လတ်၊ ဦးအေးသိန်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ကိုလည်း ပါဝင်သည်ဟု ဆိုပါသည်။

အထူးသဖြင့် ဤအခမ်းအနားတွင် SNLD, ALD, ZNC, MNDF အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူငယ်များ၊ NLD အဖွဲ့ဝင်အချို့ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ညစာစားပွဲကို golden duck restaurant တွင် ညနေ(၆)နာရီမှ (၉)နာရီအထိကျင်းပနေစဉ် အာဏာပိုင်များက မော်တော်ဆိုင်ကယ်များဖြင့်လာရောက်ပြီး အခြေအနေများစောင့်ကြည့်နေစဉ် ဓါတ်ပုံ၊ ဗီဒီယိုများရိုက်ကူးခဲ့သည်။ သို့သော် အခြေအနေတစ်စုံတစ်ရာ ထူးခြားမှုမရှိခဲ့ဟု သိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.