တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, February 3, 2010

မိုင်းလားအတွင်းရေးမှူးလုပ်ကြံခံရမှု အပစ်ရပ်များကြား ဂယက်ရိုက်

တိုင်းရင်းသားအသံ

မိုင်းလားအတွင်းရေးမှူးလုပ်ကြံခံရမှု အပစ်ရပ်များကြား ဂယက်ရိုက်

ဗုဒ္ဓဟူးနေ့၊ 03 ဖေဖော်ဝါရီလ 2010 သျှမ်းသံတော်ဆင့်

မိုင်းလားတပ်ဖွဲ့အတွင်းရေးမှူး ဦးမင်းအိမ်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်း အပစ်ရပ်တပ်ဖွဲ့ခေါင်းဆောင်များသဘော ထား ကွဲလွဲမှုဖြစ်စေမည့်ကိစ္စရပ်များ အထူးရှောင်ရှားပြီး ရင်းနှီးမှုပိုမိုရရှိလာကြောင်း - အပစ်ရပ်သျှမ်းပြည် တပ်မတော် အသိုင်း အ၀ိုင်းက ပြောပါသည်။

“မိုင်းလားအတွင်းရေးမှူးဦးမင်းအိမ်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်း အသွင်ပြောင်းဖို့ SSA ရဲ့ ကေဒါတပ်သား ဆန္ဒသဘောထားအနှုတ်လက္ခဏာဘက် ပိုပြီးတော့ပြလာတယ်။ တပ်မပြိုကွဲဖို့၊ စည်းရုံးဖို့၊ လက်တွဲခိုင်မြဲဖို့မိမိကိုယ် မိမိအားကိုးဖို့ ဆိုတာ အဓိကဖြစ်လာတယ်” - ၀မ့်ဟိုင်းဒေသခံတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၅ ရက်ကစ၍ နယ်ခြားစောင့်တပ်/နယ်မြေစောင့်တပ်/ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးတရပ်အား သျှမ်း ပြည်တပ်မတော် (အပစ်ရပ်) တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်း၌ ကျင်းပခဲ့၏။

ဥက္ကဌ စ၀်လွယ်မောဝ်နှင့် ဒုဥက္ကဌ စ၀်ကိုင်ဖ ကိုယ်တိုင်အစည်းအဝေးတက်ရောက်၏။ အစည်းအဝေးတက်ရောက် သူများက ဦးမင်းအိမ် သေဆုံးမှုသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းနှင့် လုံးဝပတ်သက်ဆက်နွှယ်သည် ဟု မြင်ကြောင်း ပြောကြသည်။

“မိုင်းလားအတွင်းရေးမှူးသေဆုံးမှုမှာ နအဖ လက်ချက်မကင်းဘူး၊ အပစ်ရပ်အချင်းချင်းသဘောထားကွဲလွဲအောင် ၀ တပ်ဖွဲ့လက်ချက် သဏ္ဍန်လုပ်ဇာတ်ခင်းတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် ခေါင်းဆောင်တွေအကြား ဘုံရည် မှန်းချက်မရှိရင် သဘောထားကွဲလွဲနေရင် အဲ့တိုင်းခံရမှာဆိုတာ သူတို့သဘောပေါက်ကြတယ်” - ဟု အပစ်ရပ် ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦးကပြောပါသည်။

ဦးမင်းအိမ် လုပ်ကြံခံရမှုနှင့်ပါတ်သက်၍ သဲလွန်စများရနေပြီဖြစ်ကြောင်း၊ သေနတ်သမားများအသုံးပြုသည့် မက်တူး ကားအဖြူရောင်ကိုပိတ်ဆို့ရှာဖွေရာ ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတစ်ဦးပိုင် ဟိုတယ်တခု၌ တွေ့ရပြီး ကားအတွင်း၌လည်း ၀ တပ်ဖွဲ့ ထုတ်လုပ်သည့် ယာဘဆေးပြားများ၊ ၀ တပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများကို တွေ့ရကြောင်း ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ကြားသဘောထားကွဲလွဲစေမည့် သတင်းကို စစ်အစိုးရတို့ ၀ါဒဖြန့် ထုတ်ဝေခဲ့သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.