တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, February 10, 2010

သျှမ်းခေါင်းခေါင်းဆောင်များလွှတ်ပေးရန် စစ်အုပ်စုထိပ်သီးကြီးထံ SNLD တောင်းဆို

တိုင်းရင်းသားအသံ
သျှမ်းခေါင်းခေါင်းဆောင်များလွှတ်ပေးရန် စစ်အုပ်စုထိပ်သီးကြီးထံ SNLD တောင်းဆို

ဗုဒ္ဓဟူးနေ့၊ 10 ဖေဖော်ဝါရီလ 2010
သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အား လွှတ်ပေးရန် SNLD အတွင်းရေးမှူးများအဖွဲ့က တပ်မတော်အကြီးအကဲထံသို့ ယနေ့ရက်စွဲနှင့် ကြေငြာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါသည်။

ကြေငြာချက်တွင် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်တို့အားသက်ဆိုင်ရာ နအဖ တာဝန်ရှိသူများက ခေတ္တတွေ့ဆုံရန် ခေါ်ဆောင်သွားသည်မှစ၍ ပူတာအိုမြို့အကျဉ်းထောင် နှင့် ကလေးမြို့အကျဉ်း ထောင်တို့၌ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်မှာ ယနေ့တွင် ၅ နှစ် တင်းတင်းပြည့်မြောက် ပြီဖြစ်သည်ဟုဆိုပါ သည်


နအဖ ဖမ်းဆီးထားသည့် သျှမ်းခေါင်းဆောင်များ ( ဆရာဦးမြင့်သန်း သံတွဲထောင်၌သေဆုံး၊ စ၀်သာဦး ၂၀၀၉ က ပြန်လည်လွှတ်မြောက်)


သဘောထားမတိုက်ဆိုင်သူ နိုင်ငံရေးလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းအကျဉ်းချထားခြင်းမှာ နိုင်ငံတော် အတွက် လုံးဝ အကျိုးမရှိသည့်အပြင် အမျိုးသားသွေးစည်းညီညွတ်မှု နှင့် ဒီမိုကရေစီဖေါ်ဆောင်မှုအဖို့ များစွာထိခိုက်နစ်နာစေ သည်ဟုလည်း ဖေါ်ပြထား၏။

အဆိုပါ SNLD ၏ ကြေငြာချက် နောက်ဆုံးအပိုဒ်တွင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်အပါအ၀င်နိုင်ငံရေးယုံကြည် ချက်ကြောင့် အကျဉ်းကျနေသူများ၊ နေအိမ်တွင် ကန့်သတ်မိန့်ဖြင့် အထိန်းသိမ်းခံနေရသူများ အားလုံး(အားလုံး) ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး တပ်မတော်အကြီးအကဲများ အတိုက်အခံ နိုင်ငံ ရေးအင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများ စုံညီစွာပါဝင်သည့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးစတင်ဆောင်ရွက်သွားပါရန်အရေးတကြီးလို အပ်နေပြီဖြစ်ကြောင်း တိုက်တွန်း ထားပါသည်။

၂၀၀၅ သျှမ်းပြည်အတိုင်အပင်ခံကောင်စီ ဖွဲ့စည်းတည်ထောင်ရန် ကြိုးစားမှုအပေါ် နအဖ စစ်အစိုးရ က ပြည်ထောင်စုမှ ခွဲထွက်ရန်ကြံစည်မှုဟု စွပ်စွဲကာ ခွန်ထွန်းဦး နှင့် စိုင်းညွန့်လွင် အပါအ၀င် သျှမ်းခေါင်းဆောင် ၉ ဦးအားလူ့သက်တမ်း ထက်ရှည်ကြာသည့်ထောင်ဒဏ်ဖြင့် နအဖက အသီးသီးပစ်ဒဏ်ပေးခဲ့သည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.