တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, February 2, 2010

မွန်အမျိုးသားနေ့တွင် NLD ( မွန်ပြည်နယ်) အစည်းအဝေးကျင်းပ။

တိုင်းရင်းသားအသံ
မွန်အမျိုးသားနေ့တွင် NLD ( မွန်ပြည်နယ်) အစည်းအဝေးကျင်းပ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် စည်းရုံးရေးကော်မီတီ
အထူးအစည်းအဝေးတရပ်ကို ဇန်နာဝါရီလ (၃၀) ရက်နေ့တွင်ကျရောက်သော ၆၃
ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ဥက္ကဌ ဦးလွန်းတင် နေအိမ်၌ ကျင်းပခဲ့ရာ၊
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးလွန်းတင် ဦးညာဏ်ဝင်း
အပါအ၀င် မွန်ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် လူမှုအထောက်အကူအဖွဲ့ဝင်များ
အခြားဖိတ်ကြားထားသူများ စုံစုံညီညီ တက်ရောက်ကြပြီး ယနေ့ဖြစ်ပေါ်နေသော
နိုင်ငံရေးအခြေအနေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရပ်တည်ချက်နှင့်
လက်ရှိအနေအထားများ၊ မွန်ပြည်နယ် စည်းရုံးရေးအဖွဲ့နှင့် မွန်ပြည်နယ်အတွင်း
ဖြစ်ပေါ်နေသော အခြေအနေများကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း
ဆွေးနွေးခဲ့ကြပြီး အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း
သတင်းရရှိပါသည်။

အီမေလ်းကနေ ပေးပို.လာသောသတင်းတစ်ပိုဒ်ဖြစ်သည်၊

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.