တိုင်းရင်းသားအသံဆိုတာဘာလဲ?
The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".
တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"
Saturday, October 22, 2011
မြန်မာစစ်သားများကို နယ်စပ်ဖြတ်ကျော်ပို့ ၊ ကချင်ဒေသ စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်များအသုံးပြုမှုရှိလာ
တိုင်းရင်းသားအသံ
မြန်မာစစ်သားများကို နယ်စပ်ဖြတ်ကျော်ပို့ ၊ ကချင်ဒေသ စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်များအသုံးပြုမှုရှိလာ
by Jade Land on Saturday, October 22, 2011 at 12:26am
 ဒေသခံများမှ ခန့် မှန်းပြောကြားချက်အရ လွန်ခဲ့သော ရက်များအတွင်း ကေအိုင်အေ မှသိမ်းပိုက်ကာ ထိန်းချုပ်လိုက်သော လွယ်ဂျယ်ဒေသ အပါအ၀င် ဂျန်မိုင်စခန်း ( Jan Mai post) နှင့် မော်ရှီ (Maw Shwi Post) တို့ ကို ပြန်လည်သိမ်းပိုက်ရန်ရည်ရွယ်ပုံရကြောင်း သိရှိရသည်။ယင်းကဲ့သို့ စစ်အင်အားဖြည့်တင်းနေခြင်းကြောင့် လွယ်ဂျယ်ဒေသခံများမှာ တိုက်ပွဲ ကြီးကြီးမားမား ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ထိတ်လန့် နေကြကြောင်းလည်း ထပ်မံသိရှိသည်.။
အဆိုပါ နယ်စပ်ဖြတ်ကျော်ကာ မြန်မာစစ်သားများ ပို့ ဆောင်သည့်  သတင်းမှန်ကန်ကြောင်း လိုင်ဇာဌာန မှလည်း အတည်ပြုပြောကြားလာပါသည်..။
-
ကေအိုင်အေ ထိန်းချုပ်နယ်မြေဖြစ်သော ရှဒန်ပါ ( Shadang Pa ) မဒီးယန် ( Madi Yang ) ဒေသဘက်တွင် အောက်တိုဘာ(၂၁)ရက် မနေ့ က မြန်မာ အစိုးရ စစ်ဘက် ရဟတ်ယာဉ် များ ရောက်ရှိ ဆင်းသက်မှုများရှိနေကြောင်း သိရှိရသည် ။ ယနေ့ အောက်တိုဘာ(၂၂)ရက်နေ့ တွင်လည်း ဗန်းမော်မြို့ အနီးပါတ်ဝန်းကျင် ဘက်တွင် စစ်ဘက်သုံး ရဟတ်ယာဉ်များ ပျံသန်း လှုပ်ရှားမှု ထူးထူးခြားခြား များပြားနေကြောင်းလည်း ထပ်မံသိရှိရသည်။ ယခုရက်ပိုင်းအတွင်း ကေအိုင်အေ ဌာနချုပ်လိုင်ဇာကို တက်ရောက်ထိုးစစ်ဆင်နိုင်ဖွယ်ရှိကြောင်း ထပ်မံသိရှိရသည်။
No comments:
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊
Min Ko Naing Birth Day
Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.