တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, October 11, 2011

မလေးရှား တိုင်းရင်းသားများ ဆန္ဒပြပွဲ ရုပ်သံနှင့်ဓါတ်ပုံများ

တိုင်းရင်းသားအသံ
မလေးရှား တိုင်းရင်းသားများ ဆန္ဒပြပွဲ ရုပ်သံနှင့်ဓါတ်ပုံများ

ကိုးဒီးသွေးဘလော့မှရယူသည်၊http://www.9dblood.co.cc/ 



ယနေ့မနက် (၁၀း၁၅)အချိန်တွင် အင်အား(၃၀၀)ခန့် ရှိသော ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ သျှမ်း၊ ရခိုင် စသော တိုင်းရင်းသားများစုရုံးပြီး ဂျလမ်အမ်ပမ်း၊ ကွာလာလမ်ပူမှာရှိသော မြန်မာသံရုံးရှေ့တွင် (၁)နာရီ ကျော် ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။

မြန်မာပြည် ကြံ့ဖွံ့အစိုးရအနေဖြင့် ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားတိုင်းရင်းသား လူမျိုးစုဒေသများတွင် စစ်တပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ အပြစ်မဲ့ ဒေသခံတိုင်းရင်းသားများကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးနဲ့ ကလေးငယ်များအား အတင်းအဓမ္မပြုကျင့်ခြင်း၊ စစ်မြေပြင်တွင် ဒေသခံ တိုင်းရင်းသား ပြည်သူများကို လက်နက်ခဲယမ်း ထမ်းခိုင်းခြင်းနှင့် မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းစသော လူမဆန်သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိနေဆဲကြောင့် ယခုကဲ့သို့ ဆန္ဒပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစီးဦးဆောင် သူ MKO ဥက္ကဋ္ဌ မန်းစိန်သန်းက ဆိုပါသည်။

ဆက်လက်၍ မန်းစိန်သန်းကြ မြန်မာစစ်အစိုးရအဆက်ဆက်ကနေ ယခုကြံ့ဖွံ့အစိုးရသစ်အထိ တိုင်းရင်း သားတွေကို အမျိုးမျိုးဖိနှိပ်ချုပ်ခြယ်ပြီး အုပ်ချုပ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ နှစ်ရှည်ထောင်ဒဏ်တွေ ချတယ်၊ ဒေသခံတိုင်းရင်းသားတွေ လူမဆန်စွာ နိုင်ထက်စီးနင်းပြုကျင့်တယ်။
ဒီလို လူ့အခွင့်အရေးချိုးဖေါက် မှုတွေ ရှိနေသရွေ့တော့ နောက်နောင်လည်း ဆက်လက်ဆန္ဒပြပြီး တောင်းဆိုသင့်တာကို တောင်းဆိုရမှာ ဖြစ်တယ်။ဋ္ဋဋ္ဋ ဆိုပြီး ပြောသွားပါသည်။


ဆန္ဒပြသူများကြွေးကြော်ပြီး အဓိကတောင်းဆိုချက်များမှာ-


- ပြည်နယ်အသီးသီးတွင် စစ်ရေးအရ ထိုးစစ်ဆင်နေမှုများ ချက်ချင်းရပ် တန့်ပေးရန်။
- နိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင်များ (UNFC အဖွဲ့အစည်း)နှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်။
- နှစ်ရှည်လများ ထောင်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန်။
- ဧရာဝတီမြစ်ဆုံ စီမံကိန်းအား (လုံးဝ) ရပ်ဆိုင်းပေးရန်။
- သံလွင်မြစ်စီမံကိန်းများ ချက်ခြင်းရပ်တန့်ပေးရန်။
စသော အချက်များ ပါဝင်ပါသည်။

ထို့ပြင် ၄င်းတောင်းဆိုချက်များကို ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့လည်းကောင်း၊ အာစီယံဥက္ကဋ္ဌထံကိုလည်းကောင်း၊ မြန်မာပြည်ကြံ့ဖွံ့အစိုးရထံနှင့် အစိုးရမဟုတ်သော NGO အဖွဲ့များထံသို့ တောင်းဆိုချက်စာလွှာရေးသားပေးပို့ခဲ့ကြောင်းလည်း သိရပါသည်။

ယခုကဲ့သို့ မလေးရှားရှိတိုင်းရင်းသားများ ဆန္ဒပြခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင် နာဂစ်မုန်တိုင်းကတစ်ခါ၊ ရွှေဝါရောင်တော်လှန်ရေးတုန်းက တစ်ခါ စုပေါင်းပြီး ဆန္ဒပြခဲ့ဖူးကြောင်းလည်း သိရပါသည်။



No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.