တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Monday, October 17, 2011

မြန်မာအစိုးရ စစ်တပ် မှ နန်ဆန်ယန်ရွာ ကိုမီးရှို. ဖျက်စီးနေ

တိုင်းရင်းသားအသံ
မြန်မာအစိုးရ စစ်တပ် မှ နန်ဆန်ယန်ရွာ ကိုမီးရှို. ဖျက်စီးနေ

အောက်တိုဘာလ ၁၆ နေ.တွင် မြန်မာအစိုးရ စစ်တပ်များသည် မိုးမောက်မြို.နယ်၊ ဒေါ.ဖုံယာန်မြို.နယ်ခွဲ၊ နန်ဆန်ယန်ကျေးရွာ သို.၀င်ရောက် လာပြီး ဘာသာရေး ဘုရားကျောင်းဝင်း များတွင် စုစုပေါင်းအင်အား ၂၀၀ ခန်. နေရာယူထားကြောင်း သိရသည်။ မြန်မာအစိုးရ စစ်တပ်များသည် ရွာသားများကို အကြောင်းမဲ. ဖမ်းဆီး နှိပ်စက်ပြီး၊ လူနေအိမ် ၅ လုံးကို မီးရှို့ကာ ရွာသား ဌေးမောင်ကိုလည်း သတ်ပစ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ကတ်သလစ် ဓမ္မဆရာဦးအောင်လီနှင်. ရွာသား (၅)ဦး ကိုလည်း အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးချုပ်နှောင် ထားကြောင်းသိရသည်။

အောက်တိုဘာလ ၁၇ နေ. ယနေ. နံနက်ပိုင်းတွင် နန်ဆန်ယန်ကျေးရွာ ရှိ လူနေအိမ်များ ကို အကြောင်းမဲ. လိုက်လံ မီး ရှို့ဖျက်စီး နေကြောင်း သတင်း ရရှိသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.