တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, October 19, 2011

မြန်မာ အစိုးရစစ်တပ် အကျအဆုံးများ

တိုင်းရင်းသားအသံ

မြန်မာ အစိုးရစစ်တပ် အကျအဆုံးများ
http://kachinlandnews-burmese.com/?p=604

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကျောက်စခန်း (ခ၀မ်ဘန်) အနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲ ၀န်းကျင်တွင် မှု ထိခိုက် ကျဆုံးမှုများသဖြင့် မြန်မာအစိုးရ စစ်တပ်များ နောက်ကြောင်း ပြန်လှည့်သွားကြောင်း သိရသည်။ ယင်းတိုက်ပွဲတွင် မြန်မာအစိုးရ စစ်တပ်မှ ၄၀ နှင့် ၅၀ ကြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများမှ သိရသည်။

မြန်မာအစိုရ စစ်သားများ

ကျောက်စခန်း ကျေးရွာသားများအား ထိခိုက်ဒဏ်ရာရ၊ သေဆုံးသည့် မြန်မာအစိုးရ တပ်ဖွဲများကို သယ်ယူ စေခဲ့ကြောင်းသိရသည်။ ကေအိုင်အေဘက်မှ တဦးကျဆုံးခဲ့သည်။ ကေအိုင်အေ တပ်ဖွဲ့များမှ မြန်မာအစိုးရ စစ်တပ်၏ လက်နက်ကြီးငယ်၊ ခဲယမ်းမီး ကျောက် အများအပြား သိမ်းဆည်း ရမိကြောင်းသိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြစ်ကြီးနား- လိုင်ဇာလမ်း၊ ၀ိုင်းမော်၊ ရွေညောင်ပင် – ဂါးရာယန် ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၆ ရက်ကြာ ခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် မြန်မာအစိုးရ စစ်တပ်မှ ယောက် ၂၀ ကျော် ကျဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ကေအိုင်အေဘက်တွင် ထိခိုက် သေဆုံးမူလုံးဝ မရှိကြောင်းသိရသည်။

မြစ်ကြီးနား – လိုင်ဇာ ကားလမ်း၊ နမ်ဆန်ယန် ကျေးရွာတွင် မြန်မာအစိုးရ စစ်တပ် ခလရ ၁၂၁ မှကျေးရွာ ဘုန်းကြီးကျောင်းတွင် -၀င်ရောက် တပ်စွဲထားပြီး ဘုန်တော်ကြီးကျောင်း တ၀ိုက်တွင် ကတုတ်ကျင်းများ တူးထားကြောင်း သိရသည်။ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း ခမရ ၄၃၈ မှ ၀င်ရောက်နေရာ ယူထားပြီး ပတ်လည်တွင် ကတုတ်ကျင်းများ တူးထားကြောင်း သိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.