တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, October 13, 2011

မြစ်ဆုံစီမံကိန်းရပ်မည်ဟူသောဦးသိန်းစိန်းစကားမြစ်ဆုံဒေသခံတို.မယုံကြည်၊မြစ်ဆုံလုပ်ငန်းလည်ပတ်နေဆဲ

တိုင်းရင်းသားအသံ

မြစ်ဆုံစီမံကိန်း ရပ်မည်ဟူသော သမ္မတဦးသိန်းစိန် ကတိစကား မြစ်ဆုံဒေသခံတို့ ယုံကြည်ရန်ခက်ခဲ
 http://kachinlandnews-burmese.com/?p=536


အောက်တိုဘာ ၅ ရက်နေ့ လွတ်တော်အစည်းဝေးတွင် သမ္မတဦးသိန်းစိန်မှ ၄င်း၏ သမ္မတသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟူသော ကတိ စကားကို မြစ်ဆုံဒေသခံများအနေနှင့်အကြီးအကျယ်သံသယပွားနေကြောင်းသိရသည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီဟု ပြည်တွင်းနှင့် နိုင်ငံတကာသို့ကြေညာခဲ့သော်လည်း လက်တွေ့တွင် ယခင်က အခြေအနေအတိုင်း နေ့ရောညပါ ယဉ်ကြီးယဉ်ငယ်များဖြင့် နေ့မအားညမနား ဆက်လက် အကောင်အထည်ဖော်နေကြကြောင်း မြစ်ဆုံဒေသခံများ ပြောကြားချက်အရသိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် တန်ဖဲကျေးရွာနေ သူများကိုပြောင်းရွေ့ တည်ပေးသည့် အောင်မြေသာကျေးရွာသို့ မြန်မာအစိုးရ စစ်တပ်မှ ည ၁၀ နာရီခွဲနောက်ပိုင်းတွင်အပြင်မထွက်ရန် လာရောက်ပြောဆိုခဲ့ကြောင်းသိရသည်။ ထိုပြင် အောက်တိုဘာ ၁၅ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပြီဆိုသည့် မြစ်ဆုံသဲသောင်ပြင် နေရာတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆုတောင်းပွဲ ကိုလည်း အေးရှားဝေါ ကုမ္မဏီမှ နေရာမပေးနိုင်ကြောင်းပြောဆိုငြင်းပယ်ခဲ့ကြောင်းသိရသည်။ ယင်းနေရာသည် တန်ဖဲနှစ်ခြင်းအသင်းတော်မှ လူငယ်များနှစ်စဉ် ၀တ်ပြုကိုးကွယ်ရာနေရာဖြစ်သည်။

စီမံကိန်းရပ်တန့်ထားသည် ဆိုသော်လည်း လိုဏ်ခေါင်းဖော်လုပ်များကို ယခင်အတိုင်းဆက်လက်လုပ်ဆောင်နေသည့် အပြင် တန်ဖဲကျေးရွာမှ ၁ သိန်းတန်မြေကွက်များကို အဆ ၄၀ မှ ၅၀ ထိပေးဝယ်နေပြီး ရွေလုပ်ကွက်များ အဖြစ်ဖန်တီးရန် စီစဉ်နေကြောင်း သိရသည်။ တန်ဖဲကျေးရွာမှ အထက်တန်းကျောင်းကိုလည်း အောက်တိုဘာလ ၉ ရက်နေ့တွင်အပြီးဖျက်လိုက်ပြီး ကျေးရွာသူကျေးရွာသားများအနေနှင့် ရွာတွင် ဆက်လက်နေထိုင်နေထိုင်ခြင်း မရှိစေရန် အမျိုးမျိုးဖန်တီးလျက်ရှိသည်။ ရွေလုပ်ကွက်လုပ်ကိုင်ရန် လျောက်ထားသူများတွင် ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးအလေးပါ၊ ကချင်ပြည်နယ်အမျိုးသားလွတ်တော်ဥက္ကဌလည်း ပါဝင်သည်။

လက်ရှိတန်ဖဲကျေးရွာဟောင်းတွင် သင်းအုပ်ဆရာနှင့် အိမ်ထောင်စု ၄ ခုသာကျန်ရှိတော့ကြောင်းသိရသည်။ ကျန်ရှိနေသည့် ရွာသားများကိုလည်း အမျိုးမျိုးဖိအားပေးခြိမ်းခြောက်လျက်ရှိသည်။ ယင်းကဲ့သို့ တန်ဖဲကျေးရွာဖျက်သည့် အစီအစဉ်များကို စနစ်တကျလုပ်နေသည့်ပြင် လုံခြုံရေးစည်းများမှာလည်း ယခင်အတိုင်း တင်းကျပ်မြဲဖြစ်သောကြောင့် မြစ်ဆုံရေကာတာစီမံကိန်းရပ်နားသည်ကို များစွာသံသယဖြစ်နေကြကြောင်းသိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.