တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, December 5, 2007

နအဖမှ ကထိန်ပွဲ ပိုက်ဆံကောက် ဗိုလ်ကြီးတစ်ယောက် မီးကွင်းစွပ်သေရ

ကဒီဇင်ဘာလ ၅ ရက်၊ ၂၀၀၇ ခုနှစ်။
ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းမှူး၏ ညွှန်ကြားချက်အရ ရပ်ကွက် ကျေးရွာလူထုထံ ပိုက်ဆံကောက်၍ ကထိန်ပွဲ ကျင်းပစဉ် မီးပုံးပျံ လွတ်ပြိုင်ပွဲမှ မီးပုံးတစ်လုံး မတော်တဆ မီးလောင်ပြီး စစ်ဗိုလ်ကြီး တစ်ဦးအပေါ် ကျမိသဖြင့် သေဆုံးခဲ့ကြောင်း ကျိုင်းတုံ သတင်းရပ်ကွက်က ဆိုပါသည်။
.
တြိဂံစစ်ဒေသတိုင်းမှူး ဗိုလ်ချုပ်မင်းအောင်လှိုင် ဦးဆောင်သည့် ကျိုင်းတုံကထိန်ပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့ က မြို့ လယ် အားကစားကွင်း (ကျွဲခတ်ကွင်း) တွင် ကျင်းပခဲ့သည်။ ပွဲဖြစ်မြောက်ရေးအတွက် တိုင်းမှူးအမိန့်ဖြင့် မယက၊ ခယက ကရပ်ရွာလူထုထံ အလှူငွေ ကောက်ခံစေရာ ရပ်ရွာသူကြီးများလည်း မလွန်ဆန်ဝံ့သောကြောင့် ခိုင်းစေသည့် အတိုင်း ကျိုင်းတုံမြို့တွင်း ၅ ရပ်ကွက်ထံ အလှူငွေ ကောက်ခံခဲ့သည်။ ရပ်ကွက် ၁ တွင် တစ်အိမ်လျှင် ၁,၀၀၀ ကျပ် ၊ ရပ်ကွက် ၂ တစ်အိမ်လျှင် ၁,၅၀၀ ကျပ် ၊ ရပ်ကွက် ၃ တစ်အိမ်လျှင် ၁,၅၀၀ ကျပ် ၊ ရပ်ကွက် ၄ တစ်အိမ် ၁,၀၀၀ ကျပ်နှင့် ရပ်ကွက် ၅ ၌ တစ်အိမ်လျှင် ၁,၀၀၀ ကျပ်ဖြင့် ကောက်ခံခဲ့သည်ဟု ဆို၏။
.
“မယက၊ ခယက ၀န်ထမ်းတွေလည်း ပိုက်ဆံမလောက်ရင် မျက်နှာပျက်မှာစိုးတာနဲ့ သူတို့ ရဲ့ လစာငွေထဲက ယောက်တိုင်း တစ်ယောက်ကို ၃,၀၀၀ ကျပ်စီ ထဲ့ကြရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
.
မီးပုံးပျံပြိုင်ပွဲ ကျင်းပရန် ၅ ရပ်ကွက်မှ ၁ ရပ်ကွက်လျှင် မီးပုံးပျံတစ်လုံးစီ ၀င်ပြိုင်ရမည်ဟု အမိန့် ထုတ်ထားသဖြင့် စစ်တပ်များနှင့် မီးသတ်တပ်ဖွဲ့များ အားလုံး အပါအ၀င် စုစုပေါင်းမီးပုံး ၁၆ လုံး ယှဉ်ပြိုင်ကြသည်ဟု ထိုဒေသခံက ပြောပြ၏။
.
ရပ်ကွက်တွင်းရှိ ရွာသားများမှာလည်း မီးပုံးပျံအတွက် ကုန်ကျငွေများ စုပေါင်းထဲ့ဝင်ခဲ့ကြရကြောင်း အဆိုပါ ဒေသခံက ဆက်၍- “မီးပုံးပျံ ၁ လုံး ၆ သိန်း လောက်ကျတယ်၊ တချို့ ရပ်ကွက်တွေ ဆိုရင် ၉ သိန်း ကနေ ၁၀ သိန်းလောက် ကုန်သွားတယ်” ဟု ပြောပြသည်။မီးပုံးပျံပြိုင်ပွဲတွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်းနှင့် တတိယဆု ကျပ်တစ်သိန်း ဖြင့် တြိဂံစစ်ဒေသတိုင်းမှူးက ဆုချီးမြှင့်ပေးသည်။
.
ဝင်ပြိုင်ခဲ့ကြသော မီးပုံးပျံများ အားလုံး အဆင်ပြေချောမွေ့စွာ လွှတ်တင်နိုင်ခဲ့သော်လည်း၊ မီးသတ်တပ်ဖွဲ့မှ လွှတ်တင်လိုက်သော ရွှေရေကန် မီးပုံးပျံမှာ အားကစားဝင်း မကျော်ခင်မှာပင် မီးလောင်သွားသောကြောင့် ပွဲလာသူများ ရုန်းရင်း ဆန်ခတ် ထွက်ပြေးခဲ့ကြရသည် ဟု ဆို၏။“မီးခွေကြီးက စစ်ဗိုလ်ကြီး တစ်ယောက်ပေါ် ကျလာပြီး ရေနံဆီတွေ သူ့ ကိုယ်ပေါ် ဖိတ်စင်လို့ တစ်ကိုယ်လုံး မီးလောင်သွားတယ်။ ဘေးကလူတွေ မီးဝိုင်းသတ်ပေးပြီး ဆေးရုံချက်ချင်းပို့ လိုက်ပေမဲ့ ဒါဏ်ရာ တအားပြင်းထန်တာနဲ့ နောက်နေ့ တော့ ဆေးရုံမှာပဲ သေသွားတယ်” ဟု ကျိုင်းတုံရွာသား တစ်ဦးက ပြောပြသည်။
.
သေဆုံးသွားသော ထိုစစ်ဗိုလ်မှာ ကျိုင်းတုံအခြေချ ဗျူဟာတပ်မှ ဗိုလ်ကြီးတစ်ယောက် ဖြစ်ပြီး အမည်မသိရသေး ဟု ဆိုသည်။
.

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.