တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, December 5, 2007

နအဖစစ်တပ်နှင့် လားဟူပြည်သူ့စစ် နယ်လှည့်စစ်ကြောင်း ၀တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၀၇ ခုနှစ်။
ယခုလ ၃ ရက်က နအဖစစ်တပ်နှင့် လားဟူပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်း တစ်ကြောင်းသည် ၀ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့တစ်ဖွဲ့နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့အနီး၌ ထိပ်တိုက်ရင်ဆိုင်ရာ နာရီဝက်ခန့် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

မိုင်းပြင်းအခြေစိုက် နအဖစစ်တပ် ခမရ ၃၆၀ နောင်ချိုတပ်စခန်းမှ အင်အား ၃၀ ခန့်သည် မိုင်းဆတ်မြို့နယ် ပန်ဟိုင်း လားဟူပြည်သူ့စစ် ၁၀ ယောက်နှင့်အတူ ပန်ဟိုင်းရွာ အရှေ့ဘက် တောင်ခြေအနီး နမ့်ကုတ်ချောင်း အရှေ့ဘက်ကမ်းတလျှောက် တောလမ်းအတိုင်း စစ်ကြောင်းလှည့်ပတ်ရာ မိုင်းဆတ် မှ ၄ ကီလိုခန့် အကွာ၌ ၀တပ်ဖွဲ့တစ်ဖွဲ့နှင့် ထိပ်တိုက် တွေ့သဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ကြသည်ဟု နယ်စပ်ရောက် မိုင်းဆတ် ကားသမား တစ်ဦးက ပြောပြသည်။


ပန်ဟိုင်းရွာသား တစ်ဦးကလည်း “အဲဒီ UWSA ၀တပ်ဖွဲ့ က ဝေ့ရှော်ကန်း ဦးစီးတဲ့ စစ်ဒေသ ၁၇၁ ဌာနချုပ် ၀မ့်ဟုန့်ဘက်ကို တောလမ်းကနေ ဆင်းသွားမဲ့ တပ်ဖွဲ့လို့ ပြောတယ်။ မိုင်းပြင်းဘက်က ဆင်းလာတာ ဘယ်သူ ဦးဆောင်လာလဲ၊ ဘယ်အဖွဲ့လဲတော့ မသိဘူး။ အင်အား ၅၀-၆၀ လောက် တောလမ်းက လာတယ်။ ရိက္ခာတွေ ပစ္စည်းတွေ တင်လာတယ်။ ယာဘတွေလဲ ပါတယ်လို့ ကြားတယ်” ဟု ဆိုပါသည်။

ကားသမားကဆက်၍ “ကျနော်တို့ လာတုန်းက ပစ်ခတ်သံတော့ စဲသွားပြီ။ ဘယ်ဘက်က တပ်ဆုတ်တယ်၊ အသေအပျောက် ဘယ်လောက်ရှိတယ်တော့ မကြားရသေးဘူး” ဟု ဆိုပါသည်။

အဆိုပါ ခမရ ၃၆၀ မှာ ပန်ဟိုင်း လားဟူ ပြည်သူ့စစ်အား လမ်းပြအဖြစ် အဓမ္မ ခေါ်ဆောင်သွားပြီး ထိုဒေသရှိ ကျေးရွာများသို့ ၀င်ရောက် လှည့်လည်ကာ အမြဲလိုလို အိမ်မွေးကြက်၊ ၀က်၊ တိရစ္ဆာန်များကို လုယက် စားသောက်လေ့ ရှိသည်ဟု ဆိုပါသည်။ နအဖ စစ်တပ်နှင့် ထိပ်တိုက်တွေ့သော ၀တပ်ဖွဲ့သည် မည်သူ ဦးဆောင်သည့် မည်သည့် စစ်ကြောင်းမှန်း အသေအချာ မသိရသေးဟု နယ်စပ် သတင်းက ဆိုပါသည်။

သတင်း - သျှမ်းသံတော်ဆင့်သတင်းစဉ်

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.