တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, December 5, 2007

အမှတ်(၆)စစ်ဆင်ရေး ဗျူရိုဦးစီးမှူး ဗိုလ်ချုပ်ခင်ဇော်၏ လျှပ်တပြက် ရခိုင်ပြည်နယ် ခရီးစဉ် နောက်ကွယ်အကြောင်းများ

၁၂၊၅၊၂၀၀၇။

အလယ်ပိုင်း တိုင်းမှူးဘ၀မှ များမကြာမှီက အမှတ်(၆)စစ်ဆင်ရေး ဗျူရိုဦးစီးမှူး အဖြစ် ရာထူးတက်လာသော ဗိုလ်ချုပ်ခင်ဇော်သည် ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့သို့ ဒီဇင်္ဘာလ ၂ ရက်နေ့က လျှပ်တပြက်ရောက်ရှိလာပြီး ချက်ချင်းပြန်လည် ထွက်ခွာသွားခဲ့သည်။


သူရောက်ရှိ လာမှုနှင့် ပတ်သက်ပြီး မောင်တောတွင် သတင်း ဖြစ်ပေါ်နေသည်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လေဘေးအကူအညီပေးရန် အမေရိကန် စစ်သေင်္ဘာများနှင့် လေယျဉ်တင် သင်္ဘောများ ရောက်ရှိ နေမှုအပေါ် ကိုယ်တိုင် သတင်းအချက်အလက်များ ရယူရန်နှင့် မည့်သည့် အတွက်ကြောင့် ရောက်ရှိနေသည်ကို ကိုယ်တိုင် စီစစ်ရန် အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ် ခင်ဇော်မှာ နယ်စပ် တလျောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့များအား အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အထူး သတိပေး ပြောကြားခဲ့မှုများလည်း ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ဒီဇင်္ဘာလ ၁ ရက်နေ့ ညဥ့်အချိန်တွင် နစက ဌာနချုပ် မေယုရိပ်သာတွင် ပြုလုပ်သောနစက တပ်ဖွဲ့ဝင်များအား တွေ့ဆုံစဉ် နိုင်ငံခြားကျူးကျော်မှုများ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်သဖြင့် နယ်စပ် အခြေအနေများကို သတိအနေအထားဖြင့် စောင့်ကြပ်ရန်နှင့် နယ်စပ်တွင်တဘက်နိုင်ငံနှင့် ပြဿနာများ မဖြစ်ပေါ်ရေး အတွက် အထူး သတိထား ရှောင်ရှားကြရန်လည်း မှာကြားခဲ့သည်ဟု နစကမှ လာသော သတင်းများအရ သိရှိရသည်။
အလားတူ ဗိုလ်ချုပ် ခင်ဇော်သည် ဘူးသီးတောင်မြို့ အခြေစိုက် စကခ ၁၅ နှင့် ဘူးသီးတောင် အခြေစိုက် တပ်ရင်း တပ်ဖွဲ့များ လက်အောက်ရှိတပ်သားများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအပြင် မောင်တောမြို့သို့ ရောက်ရှိစဉ် အသစ်တည်ဆောက်နေသော တောင်ပြို မြို့သစ်သို့ သွားရောက်ခဲ့ပြီး စံပြကျေးရွာသား ၇၂ ဦးအပါအ၀င် အစိုးရ၀န်ထမ်း အများအပြားနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ်အတွင်း နတလ စံပြကျေးရွာသားများအား ရခိုင်ပြည်နယ် နယ်စပ် မောင်တောမြို့နယ်တွင် နတလ စံပြကျေးရွာများ တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ဗမာပြည်မဘက်လာရောက်နေထိုင်သူများအား သက်ဆိုင်ရာ ၀န်ထမ်းများက ကူညီစောင့်ရှောက်ရန်နှင့် လာရောက် အခြေချ နေထိုင်သူများ အနေဖြင့် မျိုးစောင့်တရားများ လက်ကိုင်ထားပြီး နေထိုင်ကြရန် မှာကြားခဲ့ကြောင်း အခန်းအနားသို့ တက်ရောက်ခဲ့သူ ၀န်ထမ်း တဦးကပြောသည်။

နိရဉ္စရာ သတင်း

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.