တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, December 4, 2007

မွန်ပြည်နယ်ရဲအရာရှိကြီးများ လာဘ်စားမှုဖြင့် စစ်ဆေးခံနေရ

NEJ/ ၄ ဒီဇင်ဘာ ၂၀၀၇

လာဘ်စားမှုစွပ်စွဲချက်များဖြင့် မွန်ပြည်နယ်ထိပ်တန်းရဲအရာရှိကြီးများနှင့် ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောကြားသည်။

၎င်းက “လာဘ်စားမှုတွေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်ရဲမင်းကြီးကို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး စစ်ဆေးနေတယ်။ ဒု-ရဲမင်းကြီးကိုတော့ အငြိမ်းစားပေးလိုက်တယ်။ ရဲမင်းကြီးရဲ့ ကိုယ်ရေးအရာရှိတဦးနဲ့ ရဲအရာရှိလေးဦးကိုတော့ ဖမ်းဆီးစစ်ဆေးနေတယ်။ ပြည်နယ်နဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတချို့ကိုလည်း ဖမ်းဆီးထားတယ်” ဟု ပြောသည်။
ယခုလဆန်းပိုင်းတွင် မော်လမြိုင်မှ ရန်ကုန်သို့ ထိုင်းနိုင်ငံလုပ် ဂက်စ်အိုးများ သယ်ဆောင်လာသည့် ဂက်စ်အိုးတင်ကားတစီးကို ပဲခူးစစ်ဆေးရေးဂိတ်တွင် တားဆီးစစ်ဆေးရာတွင် ပြည်နယ် ရဲတပ်ဖွဲ့ရန်ပုံငွေအဖြစ် ဖြတ်သန်းခွင့်ပြုပါရန်ရေးထားသည့် ပြည်နယ် ဒု-ရဲမင်းကြီး၏ လက်မှတ် ပါသည့် ထောက်ခံစာကိုတွေ့သဖြင့် တားမြစ်ဖမ်းဆီးပြီး အမှုကို နေပြည်တော်သို့ တင်ပြခြင်းဖြစ် ကြောင်း အဆိုပါစစ်အရာရှိက ပြောသည်။

နေပြည်တော်မှ ပထမအဆင့်စစ်ဆေးရေးအဖွဲ့တဖွဲ့ကို မော်လမြိုင်သို့စေလွှတ်စစ်ဆေးခဲ့ရာ ထိုင်း နိုင်ငံလုပ်ကုန်ပစ္စည်းများအား မော်လမြိုင်မှ ရန်ကုန်သို့တင်ပို့နေသည့် အမှုများ ပေါ်ပေါက်ခဲ့ပြီး အခြား မော်လမြိုင်မြို့တွင်းစီမံကိန်းများတွင် ပြည်နယ်အဆင့်အာဏာပိုင်များ၏ လာဘ်စားမှုများကိုပါ ဆက်တိုက်တွေ့ရှိရသဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ကို နေပြည်တော်က ထပ်မံစေ လွှတ်၍ စစ်ဆေးစေခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မော်လမြိုင်မှ ရန်ကုန်သို့ ထိုင်းနိုင်ငံလုပ် ဂက်စ်အိုးများ သယ်ဆောင်သည့်ကားတစီးသည် လမ်းဖြတ်သန်းခွင့် ထောက်ခံစာတစောင်ရရန် အတွက် ပြည်နယ်ရဲမင်းကြီးအတွက် ကျပ် (၅) သိန်း၊ ရဲမင်းကြီးကိုယ်စား လက်မှတ်ရေးထိုး ပေးရသည့် ဒု-ပြည်နယ်ရဲမင်းကြီးအတွက် ကျပ် (၂) သိန်း၊ ပြည်နယ်ရဲမင်းကြီး၏ ကိုယ်ရေးအရာရှိ အတွက် ကျပ် (၁) သိန်း၊ ပြည်နယ်ရဲတပ်ဖွဲ့ ရန်ပုံငွေအဖြစ် ကျပ် (၅) သိန်း၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရန်ပုံငွေအတွက် ကျပ် (၃) သိန်း၊ စုစုပေါင်း (၁၆) သိန်းပေးရကြောင်း ကုန်သည်များက ထွက်ဆိုသည်ဟု သိရသည်။

တရုတ်၊ ကိုရီးယား၊ ထိုင်း စသည့်နိုင်ငံများမှ ၀င်သည့် မီးဖိုချောင်သုံးဂက်စ်အိုးများကို ရန်ကုန်နှင့် မန္တလေးအပါအ၀င် မြို့အတော်များများတွင်သုံးစွဲနေကြပြီး ထိုင်းနိုင်ငံမှ ဂက်စ်အိုးကြီးများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှ စီးပွားရေးသမားများက ပြည်တွင်းသို့ မှောင်ခိုတင်သွင်း နေခြင်းဖြစ်သည်။

ပြည်နယ်ရဲမင်းကြီးအပါအ၀င် အာဏာပိုင်အဖွဲ့များနှင့်ပူးပေါင်းကာ လာဘ်ငွေပေးခဲ့သည့် မော်လမြိုင်မြို့မျက်နှာဖုံး စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း စစ်ဆေးမေးမြန်းခံရကြောင်း မော်လမြိုင်မှ ၎င်းတို့နှင့်နီးစပ်သည့်အသိုင်းအ၀န်းက ပြောသည်။
စစ်ဆေးမေးမြန်းခံရသည့် နာမည်ကြီးစီးပွားရေးသမားများတွင် ဦးမိုးကျော်၊ ဦးအောင်မိုးကျော်နှင့် ဦးချန်စိန်တို့ပါဝင်ကြောင်း သိရသည်။

မော်လမြိုင်မှရဲအရာရှိဟောင်းတဦးက ပြည်နယ်ရဲမင်းကြီး တင်သိန်းဟန်နှင့် ဒု-ရဲမင်းကြီး သန်းဇော်တို့အား စစ်ဆေးမေးမြန်းမှုများလုပ်သည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။
၎င်းက “လုပ်ငန်းရှင်အတော်များများကိုလည်း လာဘ်ပေးမှုနဲ့ပတ်သက်ပြီး နေပြည်တော် စုံစမ်း စစ်ဆေးရေးအဖွဲ့က မွန်ပြည်နယ်စာကြည့်တိုက်နဲ့ ပြတိုက်အနီးက အစိုးရဧည့်ဂေဟာ အမှတ် (၁) မှာ ခေါ်ယူစစ်ဆေးနေတယ်။ ညသန်းခေါင်ကျော်မှ နေအိမ်တွေက ခေါ်သွားပြီးစစ်ဆေးတာဖြစ်တယ်” ဟုပြောသည်။

လွန်ခဲ့သည့် (၄-၅) နှစ်ခန့်ကလည်း မော်လမြိုင်တွင် စက်လှေပိုင်ရှင်များက တိုင်းမှူးအပါအ၀င် ပြည်နယ်အဆင့်အာဏာပိုင်များထံ လာဘ်ပေးခဲ့မှုကြီး ပေါ်ပေါက်ခဲ့ကြောင်း မြို့ခံစီးပွားရေးသမား များက ပြောသည်။

ထိုအချိန်က အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် စက်လှေပိုင်ရှင်အချို့ ယနေ့တိုင် နိုင်ငံရပ်ခြားတွင်ရှိနေကြောင်း သိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.