တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, June 13, 2008

လာပြန်ပြီ ရေကြီးဘေး၊ပြေးကြ၊ရှောင်ကြ မောင်ဘရွှေ

တိုင်းရင်းသားအသံ

လာပြန်ပြီ ရေကြီးဘေး၊ပြေးကြ၊ရှောင်ကြ မောင်ဘရွှေ


တောင်ပြိုသဖြင့် မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံး

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 13 2008 14:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မိုးသည်းထန်စွာ ရွာသွန်းရာမှ မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးပြီး လူနေအိမ်ခြေ အများအပြား ပျက်စီးသွားသည်ဟု ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။ယနေ့ နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြားထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီး သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လူအသေအပျောက် အနည်းဆုံး ၁ဝ ဦးရှိမည်ဖြစ်ကြောင်း ဒေသခံ ကူညီ လုပ်ကိုင်ပေးနေသူ တဦးက ပြောသည်။ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေခဲ့၍ သီးခြား အတည်ပြုချက်များ ယခု သတင်းပေးပို့ချိန်တွင် မရနိုင်ဘဲ ဖြစ်နေသည်။ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။မဇ္ဈိမက ဆက်လက်၍ သတင်းများ ထုတ်ပြန်သွားပါမည်။

မိုးကုတ်မြို့ မိုးသည်းထန်စွာရွာပြီး ချောင်းရေလျှံလို့  မြို့ သုံးပုံနှစ်ပုံခန့် ရေလွမ်း။

မိုးကုတ်မြို့ မှာ မိုးတွေအရမ်းရွာပြီး ရေတွေကြီးပါတယ်။ လူတွေလည်းသေတယ်လို့  သိရှိရပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းမှာဖြစ်တာပါ။ ကျောက်ဝိုင်း(ဌာပွဲ)ထဲက ၀န်ထမ်းမိသားစု သားသမီးမောင်နှမလေးယောက်(ကလေး) အိပ်နေချိန် ရေထဲပါပြီး သေသွားပါတယ်။ စွန်းလွန်းကမ္ပဌာန်းကျောင်းနားက ကမ်းပါးပြိုမြေပိပြီး လူခြောက်ယောက် ကိုယ်ဝန်သည်မိခင်တစ်ဦး စုစုပေါင်း (၇) ဦး သေဆုံးပါတယ်။ အုန်းကိုင်းရွာသစ် မြေပြိုပြီး အဖွားကြီးတစ်ယောက်သေဆုံးပါတယ်။ အပျက်အစီး တော်တော်များတယ်။ မိုးကုတ်မှာရှိတဲ့ အများအခေါ် ရေနီချောင်း ဒီချောင်းက တစ်မြို့လုံးကို ဖြတ်ပြီး တောင်မြောက်စီးဆင်းပါတယ်။ မိုးကညနှစ်နာရီကတည်းက သဲသဲမဲမဲကိုရွာတာ မနက်ဆယ်နာရီလောက်မှ တိတ်ပါတယ်။ တောင်ကြရေတွေ ဒလဟော ချောင်းထဲကို စီးဝင်လာပါတယ်။ ချောင်းက အမှိုက်တွေပိတ်ပြီး မြို့ပေါ်ကို လျှံတတ်လာတာပါ။ သုံးပုံနှစ်ပုံလောက် ရေလွမ်းပါတယ်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.