တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Monday, June 2, 2008

တိုင်းရင်းသားအသံ

ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာစစ်တပ် အင်အားတိုးချဲ့ချထား
ကိုစိုး | ဇွန် ၂၊ ၂၀၀၈ (Irrawaddy)

စစ်အစိုးရက တနင်္သာရီတိုင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် ထိုင်းမြန်မာ နယ်စပ်တလျှောက်တို့တွင် လေကြောင်းရန်ကာကွယ်ရေးနှင့် ကြည်းတပ် စစ်အင်အားများကို တိုးချဲ့ပြင်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။

“မွန်ပြည်နယ်မှာ မြန်မာတပ်တွေ အသင့်အနေအထား ပြင်ဆင်ထားတယ်”ဟု မွန်လူ့အခွင့်အရေးအဖွဲ့မှ အူးမွန်က ပြောသည်။

“တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ မွန်ပြည်နယ်ထဲမှာ စစ်အစိုးရစစ်တပ်တွေ ဖြန့်ချထားတယ်” ဟုလည်း ၎င်းက ပြောသည်။

“တပ်ရင်း ၁၀ ရင်း ပါဝင်တဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် ၁၉ က စစ်စခန်းတွေ ရေးမြို့နယ် ကောဇာရွာ အတွင်းမှာ တပ်စွဲထားတယ်”ဟု ၎င်း က ဆက်ပြောသည်။

နိုင်ငံခြားတပ်များ မြန်မာပြည်တွင်းသို့ ဝင်လာပါက တုံ့ပြန်ရန်အတွက် တနင်္သာရီတိုင်း ကမ်းရိုးတန်းတလျှောက်နှင့် မွန်ပြည် နယ်တွင် စစ်အင်အား ဖြည့်တင်းထားခြင်း ဖြစ်နိုင်သည်ဟုလည်း လေ့လာသူများက ပြောဆိုသည်။

မွန်ဒေသခံများ၏ အဆိုအရ သထုံမြို့နယ်အခြေစိုက် အမြောက်တပ်ရင်း ၆၀၆ မှ လေကြောင်းကာကွယ်ရေးနှင့် ရေဒါ စစ်စခန်းများကို မေလ နှောင်းပိုင်းမှစတင်၍ မွန်ပြည်နယ် ဘုရားသုံးဆူ အနီး အနန်းကွင်းကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။

တချိန်တည်းတွင်ပင် နာဂစ် ဆိုင်ကလုန်း ဒဏ်ခံရသည့် ဧရာဝတီတိုင်းအတွင်း၌လည်း မေလ နှောင်းပိုင်းမှ စတင်၍ စစ်အစိုးရက စစ်တပ်များ ဖြန့်ချထားကြောင်းသိရသည်။

ပဲခူးတိုင်း ပြည်မြို့ အခြေစိုက် ခြေလျင်တပ်မ ၆၆ နှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန် အခြေစိုက် တပ်မ ၁၁ တို့မှ တပ်သား ၃၀၀၀ ခန့်ကို မေလနောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းသို့ ပို့ဆောင်ခဲ့သည်ဟု လပွတ္တာ ဒေသခံ တဦးက ပြောသည်။

လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်း ဒုက္ခသည်များကို ဆန်အပါအဝင်တခြားသော လေဘေးအကူပစ္စည်းများ ဖြန့်ဖြူးရေး အတွက် ခြေလျင်တပ်စခန်း ၆ ခု မှ တာဝန်ယူထားသည်ဟုလည်း ၎င်းက ပြောသည်။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ ဒုက္ခသည်များ အကူအညီပေးရေး ၃ ရက်ခန့် သွားရောက်ပြီး ယမန်နေ့က ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) မုန်တိုင်းဒဏ် ကယ် ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကလည်း ပြင်စလူကျွန်းနှင့် လပွတ္တာ တို့အပါအဝင် မြစ်ဝကျွန်းပေါ်တွင် စစ်တပ်များ ချထားကြောင်းနှင့် ရန်ကုန်-ဒေးဒရဲ ကားလမ်းပေါ်တွင်လည်း လုံထိန်းတပ်များ ချထားကြောင်း ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ယင်းကဲ့သို့ ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများ တွင် စစ်အစိုးရက စစ်တပ်များ ဖြန့်ချထားခြင်းသည် နိုင်ငံခြားတပ်များက လူသားချင်းစာနာမှုဆိုင်ရာ ကြားဝင်စွက်ဖက် လာပါက တုံ့ပြန်ရန် တပ်လှန့် နှိုးဆော်ထားခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အခါတွေမှာလည်း နယ်စပ်မှာ ဒီလို တပ်လှန့်တာမျိုးတွေ အရင်က လည်း လုပ်ခဲ့တာရှိတယ်”ဟု ဦးဌေးအောင်က ပြောပြသည်။

လွန်ခဲ့သော၂၀၀၁ ခုနှစ်က ထိုင်းမြန်မာ နယ်စပ်ပြဿနာဖြစ်ပြီးနောက်ပိုင်း စစ်အစိုးရက မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် လေကြောင်းကာကွယ်ရေးအတွက် တနင်္သာရီတိုင်းအတွင်း အမှတ် ၅၀၅ အမြောက်ကြီး စခန်း ဌာနချုပ် လက်အောက်ခံ အမြောက်တပ်ရင်း ၁၂ ရင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်အတွင်းတွင် မြိတ်မြို့ နယ် အခြေစိုက် အမှတ် ၆၀၆ အမြောက်ကြီး စခန်းဌာနချုပ် လက်အောက်ခံ အမြောက်တပ်ရင်း ၁၁ ရင်း စသည့် အမြောက်တပ်ရင်းများကို ဖြန့်ချထား ခဲ့ကြောင်း လေ့လာသူများက ပြောဆိုသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.