တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, June 4, 2008

တိုင်းရင်းသားအသံ

၉၀ နှစ်တုန်းကရွှေးကောက်ပွဲအကြောင်းကိုမကြားချင်တော့ဘူးကွ၊ မကြာချင်ဘူးဆိုတာ အသိအမှတ်မပြူတာတော့မဟုတ်ပါဘူး၊ ပြောချင်တာကတော့ စစ်အစိုးရဆွပေးလိုက်တိုင်း အတိုက်အခံအဖွဲ.အစည်းတစ်ချို.ကလဲကပ်ပါးပါးနဲ.နောက်လိုက်နေတော့၊ အမတ်လောင်းအတော်များများက တမလွန်ဘဝသို.ရောက်ကုန်ပြီ၊ လူထုတွေကလဲသေကုန်ပြီ၊ လက်ရှိပကတိအခြေအနေအပေါ်မူတည်ပြီတော့လုပ်ကြည့်စမ်းပါ၊ သူယုတ်မာစစ်အုပ်စုတို.ပြောတဲ့စကားကိုအသိအမှတ်ပြုပြီးတော့ ကိုယ့်ဘက်ကပယ်ချလိုက်၊တုံ.ပြန်လိုက်လုပ်နေတာကို၊ စစ်အစိုးရကဖျက်လိုက်လို. ၉၀နှစ်ရွှေးကောက်ပွဲ၏ရလဒ်ကပျက်သလား? ကိုယ်ရထားတဲ့လုပ်ပိုင်းခွင်.အာဏာကိုအသက်ဝင်လာအောင်မလုပ်နိုင်သေးလို.ရွှေးကောက်ပွဲရလဒ်ကအလုပ်မဖြစ်သလား?` ဆိုတာကိုစဉ်းစားကြတော့၊

၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီဆိုတာ အဲန်အယ်လ်ဒီ ပယ်ချ

03 June 2008

သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

NLD ခေါင်းဆောင်များ

စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပြီးခဲ့တဲ့ လူထု ဆန္ဒခံယူပွဲက တဆင့် ထောက်ခံမှု ရရှိခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ပယ်ဖျက် လိုက်သလို ဖြစ်သွားပြီလို့ စစ်အစိုးရ သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

၉၀ ခုနှစ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရလဒ်ဟာ ပျက်ပြယ် သွားတဲ့ အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။

သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည် နံမည်နဲ့ NLD နံမည်တွေကို ဖော်ပြထားခြင်း မရှိပေမယ့် အတိုက်အခံတွေ အနေနဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာရဖို့ စစ်အစိုးရ ပြောထားတဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်း မဲပေးခဲ့တဲ့ အထဲက ၉၂ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ မူကြမ်းကို ထောက်ခံခဲ့တယ်လို့ စစ်အစိုးရက ပြောပေမယ့် NLD ကတော့ ဒီရလဒ်ကို ပယ်ချထားပါတယ်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.