တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, June 6, 2008

သံရုံးမှ ထွက်ပြေးမှုများလာမည်ကိုနိုင်ငံခြား မြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်နေ

တိုင်းရင်းသားအသံ

သံရုံးမှ ထွက်ပြေးမှုများလာမည်ကို
နိုင်ငံခြား မြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်နေ


NEJ/ ၆ ဇွန် ၂၀၀၈
line

လန်ဒန်မြန်မာသံရုံးမှ မြန်မာသံတမန်တဦးနှင့် မိသားစု ထွက်ပြေးပြီးနောက်ပိုင်း မြန်မာသံတမန်များ အလားတူ ထွက်ပြေးမည်ကို နိုင်ငံခြားမြန်မာသံအမတ်ကြီးများ အထူးစိုးရိမ်မကင်းဖြစ်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ ရုံးအုပ်ကြီးအဆင့်ရှိ ဒေါ်နွယ်နီနှင့်မိသားစု နေပြည်တော် ပြန်ပြောင်းရမည့်အချိန်တွင် သံရုံးမှ ထွက်ပြေးပြီး ဗြိတိသျှအစိုးရထံ နိုင်ငံရေး ခိုလှုံခွင့် တောင်းခဲ့ သည့်အတွက် နိုင်ငံခြား မြန်မာသံအမတ်ကြီးများ ယခုကဲ့သို့ စိုးရိမ်မကင်း ဖြစ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် သံတမန်တဦးက ပြောသည်။

လက်ရှိ နိုင်ငံခြား မြန်မာသံအမတ်ကြီးအများစုမှာ ဗိုလ်မှူးကြီးအဆင့် အနိမ့်ဆုံးရာထူးရှိသည့် စစ်ဘက်အရာရှိများဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာ သံအမတ်ကြီးများကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့အရောက် ရန်ကုန်ပြန်လာ သတင်းပို့ခိုင်းပြီး မကြာခင် စစ်ဘက်အရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားမြန်မာသံရုံးများမှ ထွက်ပြေးသည့် အရပ်ဘက်ဝန်ထမ်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ပြောင်းပြီးနောက်ပိုင်း အပြေးများလာသည်ဟု နေပြည်တော်အရာရှိတဦးက ပြော သည်။ အထူးသဖြင့် နိုင်ငံခြားမှာ တာဝန်ကျသည့် နှစ်ပြည့်၍ နေပြည်တော်ပြန် ပြောင်းရမည့်အချိန် မျိုးတွင် မြန်မာသံရုံးမှ ထွက်ပြေးလေ့ရှိသည်ဟု ပြောသည်။

မကြာခင်နှစ်များအတွင်း ဘန်ကောက်မြန်မာသံရုံးမှ မြန်မာသံတမန်အမျိုးသမီးနှင့် မိသားစု ဖိလစ် ပိုင်နိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။ ၂၀၀၅ ခုနှစ်ကလည်း အမေရိကန်နိုင်ငံ မြန်မာသံရုံး ဒု-သံအမတ် ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် အမေရိကန် ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သည်။ ဗိုလ်မှူးအောင်လင်းထွဋ်သည် ဇနီး၊ သား (၁) ဦး၊ သမီး (၂) ဦး၊ ညီမ (၁) ဦးတို့နှင့်အတူ နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့ခြင်းဖြစ်သည်ဟု Washington Post သတင်း စာက ရေးခဲ့သည်။

ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချူပ်ကျော်ဝင်း၏ တရားမ၀င်ဇနီးဟု စွပ်စွဲခံရသည့် မြန်မာအမျိုးသမီးတဦး ၀ါရှင်တန်ရောက်ပြီးမကြာခင် ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ်နှင့် မိသားစု နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။ ။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.