တိုင်းရင်းသားအသံ
မုဒုံဗုံးပေါက်ကွဲမှု လူငယ် 9 ဦး ဖမ်းဆီးခြင်းခံရ
Sat 02 Aug 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာ ကြေးနန်းနှင့် ဆက်သွယ်ရေးရုံး၌ ပေါက်ကွဲခဲ့သော ဗုံးနှစ်လုံး ကြောင့် အနည်းဆုံးလူငယ် 9 ဦးအား ဒေသခံစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးလိုက်သည်။
လွန်ခဲ့သော ဇူလိုင်လ 30 ရက်နေ့ညပိုင်းတွင် ဗုံးပေါက်ကွဲမှုပြီးသည့်နောက်ပိုင်း၌ စစ်တပ်မှနောက်ထပ်ဗုံး 14 လုံးကိုထပ်မံသိမ်းဆီးရရှိပြီး လူစာရင်းတစ်ချို့ကိုလည်း သိမ်းဆီး ရမိခဲ့သည်။
ဗုံးပေါက်ကွဲမှုတွင် တွေ့ရှိရသော အမည်စာရင်းကြောင့် ကျုံဖိုက်၊ ဝက်တဲ၊ ညောင်ကုန်းနှင့် ကျိုက်ရွဲရွာများမှ သံသယရှိသော လူငယ်များကိုညအခါ၌ စစ်တပ်နှင့်ရဲတို့က သွားရောက်ဖမ်း ဆီးခဲ့ကြောင်း ဖမ်းဆီးခံရသော လူငယ်များနှင့်နီးစပ်သူများက ပြောသည်။
"ကျနော်တို့ရပ်ကွက်မှာတော့ လူငယ်နှစ်ယောက်ကို လာဖမ်းသွားတယ်။ တစ်ယောက်က ကားမောင်းသမား နောက်တစ်ယောက်ကတော့ သာမန်ရွာသားပဲ" ဟု ညောင်ကုန်းရွာ သားတစ်ဦးက ပြောပြသည်။
ကျေးရွာများအတွင်း၌ လုံခြုံရေးများအတွက်စစ်တပ်မှ အရပ်ဝတ်များဖြင့် တင်းကြပ်စွာချထား ပြီး ရွာများအတွင်းရှိ လျပ်စစ်မီးများကိုလည်း ဖြတ်တောက်ထားခဲ့သည်။
စစ်တပ်မှ လူငယ်အိမ်များကို ဝင်ရောက်ဖမ်းဆီးရာတွင် အိမ်အတွင်းရှိ ပစ္စည်းများကို စစ်ဆေး ရှာဖွေ သိမ်းဆီးသွားပြီး ညောင်ကုန်းကျေးရွာ ငါးပျံတောင်ဘုရား၌ရှိသော ထိုင်းကော့(ဒ်) လက်(စ်) ဖုန်း အားလုံးနီးပါးကိုလည်း သိမ်းဆီးသွားခဲ့သည်။
"ဒါကတော့ စစ်တပ်က ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ဖို့အတွက် သက်သက်လှည့်ကွက် ဆင်တာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သားနဲ့ရဲတွေက အိမ်တွေကို ဝင်ရောက် ဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာ တော်တော်ဆိုးဆိုးဝါးဝါးကို လုပ်သွားတာ" ဟု မွန်အမျိုး သားဒီမို ကရေ စီအဖွဲ့ချုပ်မှ ဒေသခံခေါင်းဆောင်တစ်ဦးက ပြောပြသည်။
လူငယ်တော်တော်များများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာလူထုများမှာလည်း ကြောက်လန့်နေကြရသည်။
ပေါက်ကွဲမှုသည် လုပ်ငန်းမစရသေးသော အောတိုအိတ်(စ်)ချိန်းရုံးမှ မှန်ငါးချပ်ကွဲသည်မှ လွဲ၍ မည်သူမျှ တစ်ဦးတစ်ယောက်မျှထိခိုက်သွားခြင်းမရှိခဲ့ပေ။ ယခုပေါက်ကွဲမှုသည် မွန်ပြည်နယ် တွင် ဒုတိယအကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်ပေါက်ကွဲမှုသည် ယင်းဒိန်ကျေးရွာ ခေါဇာမြို့နယ်ခွဲတွင် ဖြစ်ပွားခဲ့ပြီး ရဲအရာရှိများ၏ ဖွင့်ဟပြောဆိုချက်အရ ဒေသခံအမျိုးသားရေးလှုပ်ရှားသူများကို ဖမ်းဆီးရန် အတွက် ဒေသခံ(ခလရ)တပ်ရင်းမှ မေလ 10 ရက်နေ့ မဲထည့်သည့်ရုံအနားတွင် ဖောက်ခွဲခဲ့ သည်။
ဖောက်ခွဲမှုပြီးသည့်နောက်ပိုင်းတွင် စစ်တပ်အရာရှိများက ဒေသခံရွာသားသုံးဦးကို ဖမ်းဆီး လိုက်ပြီး ရိုက်နှက်စစ်ဆေးမေးမြန်းမှုကြောင့် မွန်ပြည်သစ်ပါတီ ဆေးလုပ်သားဟောင်း နိုင်ရှိုး အသက် 32 နှင့် ခေါဇာမြို့ ရဲစခန်း၌ သေဆုံးသွားခဲ့ရသည်။
ယင်းရဲနှင့် ကဗျာကျေးရွာတွင်လည်း ထိုနေ့၌ ဖောက်ခွဲရန် စစ်တပ်မှ ရဲနှင့် ကျေးရွာလူကြီးများကို အကူညီတောင်းဆိုခဲ့သော်လည်း ရဲနှင့်စစ်တပ်မှ မပေးသဖြင့် လုပ်ငန်းမထမြောက်၍ ဒေသခံ အမျိုးသားရေးလှုပ်ရှားသူများကို မဖမ်းဆီးနိုင်ခဲ့ကြောင်း ခေါဇာမြို့မှ ရဲအရာရှိတို့ ရွာသားများအား ဖွင့်ဟဝန်ခံခဲ့သည်။
တိုင်းရင်းသားအသံဆိုတာဘာလဲ?
The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".
တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊ "တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်"
တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊ "တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်"
Saturday, August 2, 2008
မုဒုံဗုံးပေါက်ကွဲမှု လူငယ် 9 ဦး ဖမ်းဆီးခြင်းခံရ
Subscribe to:
Post Comments (Atom)
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊
ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊
Min Ko Naing Birth Day

မင်းကိုနိုင်မွေးနေ.
No comments:
Post a Comment