တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, August 5, 2008

ငြိမ်းအဖွဲ့ လက်နက်ချ

တိုင်းရင်းသားအသံ
ငြိမ်းအဖွဲ့ လက်နက်ချ

သန်းထိုက်ဦး (မဇ္ဖျိမသတင်း)
တနင်္လာနေ့၊ သြဂုတ်လ 04 2008 18:51 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်အတွင်းရှိ ငြိမ်းချမ်းရေး အဖွဲ့တခုကို စစ်အစိုးရက လက်နက်ချရန် ဖိအားပေးခဲ့ရာ အောင်မြင်မှု ရရှိသွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ဦးတာကလယ် ဦးဆောင်းသော ရှမ်းလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အား ဇူလိုင်လကုန်ပိုင်းက လက်နက်ချရန် ဖိအားပေးခဲ့ရာ အနည်းဆုံး ၁ဝ ယောက် လက်နက်ချသွားခဲ့ခြင်း ဖြစ်သည်။


“အတင်းအကြပ် ချခိုင်းတော့ ယခုလ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တချို့ချလိုက်တယ် ။ တဆယ်။ နှစ်ဆယ်လောက်ပေါ့ ။ ဒါပေမဲ့ တချို့ ကျန်နေသေးတယ်။ ဒီနေ့ ၄ ရက်နေ့မှာ အပြီးချကြဖို့ ဆိုပြီးတော့ အဲဒီလို ပြောထားတယ်လို့ ကြားတယ်” ဟု ဒေသတွင်း လှုပ်ရှားမှုကို စောင့်ကြည့်နေသူ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသည့် ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေး အဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ရလလဖ ဌာနချုပ်နှင့် မနီးမဝေးတွင် နအဖ အရှေ့ပိုင်းတိုင်း လက်အောက်ခံ တပ်များကိုလည်း တိုးချဲ့ချထားလိုက်သည်။

ဦးတာကလယ် ဦးဆောင်သော အဖွဲ့တွင် လူအင်အား ၆ဝ ခန့် ရှိပြီး ရလလဖအဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲမှု ပြုလုပ်ခဲ့သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.